ပထမ အကြိမ် သရဖူဆုရ အလှမယ် မေမြတ်နိုး နဲ့ကိစ္စများစွာ ကြုံတွေ့ခဲ့ရတဲ့ Style Plus H မှ Nation Director မလှနုထွန်း ဟာ အခု ကိုရီးယားနိုင်ငံမှာ ဒုတိယ အကြိမ် အဖြစ် ဇွန်သံစဉ် နဲ့ အောင်ပွဲခံနိုင်ခဲ့ ပြီဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဒုတိယအကြိမ် ထပ်မံ သရဖူဆောင်းနိုင်ခဲ့ တာကြောင့် ပြောမပြနိုင် လောက်အောင် ဝမ်းသာပီတိ ဖြစ်ရသလိုတောင် ကိုရီးယားနိုင်ငံ မှ အကဲဖြတ်ဒိုင်တွေ ကလည်း မြန်မာ ပြိုင်ပွဲဝင်တွေက ယဉ်ကျေးသိမ်မွေ့ကြ တာကိုလည်း အသိအမှတ်ပြုခံ ခဲ့ရကြောင်း Style Plus H မှ Nation Director မလှနုထွန်း က ပြောပါတယ်။
တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပတဲ့ Luxury Brand Model Award 2015 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်တဲ့ ဇွန်သံစဉ် ဟာသရဖူဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူး ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် လင်းနေ၊ မျိုးဇော်အောင် နဲ့ ဇွန်သံစဉ် တို့က Style Plus H မှ မလှနုထွန်း က ရွေးချယ် စေလွှတ်ခဲ့ တာဖြစ်ပါတယ်။
ဇွန်သံစဉ်ကို မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ပြိုင်ပွဲတွေမှာ သရဖူတစ်ခုခု ဆွတ်ခူး ရရှိစေချင်ခဲ့ပြီး အခုလို ပထမဆုံး အကြိမ် International ဝင်ပြိုင်ရတဲ့ ပြိုင်ပွဲမှာပဲ သရဖူဆုကို ဆွတ်ခူး ရရှိခဲ့တဲ့ အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ သရဖူ ရရှိသွားတဲ့ ဇွန်သံစဉ် နဲ့ ရှေ့ဆက် လက်တွဲလုပ်ကိုင် သွားမယ့် အစီအစဉ်တွေ ရှိကြောင်း ကို မလှနုထွန်း က ”ဆုရသွားပြီ ဖြစ်တဲ့ အတွက် ကိုရီးယား အဖွဲ့အစည်းနဲ့ စာချုပ်ချုပ်ရတာပေါ့။ ရန်ကုန်ဘက်က တာဝန်ကိုတော့ ကျွန်မကို ယူခိုင်းတယ်။ Report လုပ်ခိုင်း တယ်။ ဒါပေမဲ့ ဇွန်သံစဉ် က ကိုရီးယား မှာတော့ လိုက်နေဖို့ အဆင်မပြေဘူး။ အရေးကြီးမှ ပဲလာပါတဲ့ ။နောက်နှစ်၊ နောက်ပွဲ ကျရင်တော့ သရဖူဆောင်း ဖို့ ပြန်လာပေးပါ တဲ့။ ရန်ကုန်မှာ လုပ်မယ့် အနုပညာ အလုပ်တွေကို လွတ်လပ်စွာ လုပ်ခွင့်ရှိတယ်။ ဒါပေမဲ့ လှနုတို့ လက်အောက် ကပဲ အနုပညာ လုပ်ငန်းတွေပြု လုပ် စေပါ တယ်”လို့ပြောပါတယ်။
Style Plus H မှ အလှမယ်ပြိုင်ပွဲများကို ၂ဝ၁၄ ခုနှစ်မှ စတင်ရွေးချယ် စေလွှတ် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုံးအနေ နဲ့တောင်ကိုရီးယားနိုင်ငံ မှာ ပြုလုပ်တဲ့ Miss Heritage International 2014 သရဖူဆုကို အလှမယ် မေမြတ်နိုးက လည်းကောင်း၊ နီပေါ နိုင်ငံမှာ ပြုလုပ်တဲ့Miss Heritage International 2014 သရဖူဆုကို အလှမယ် လှယဉ်ကျေး ကလည်းကောင်း၊ တတိယမြောက် သရဖူ အနေနဲ့Luxury Brand Model Award 2015 ကိုမော်ဒယ် ဇွန်သံစဉ် တို့ကဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံ ပြိုင်ပွဲကို ဇွန်သံစဉ် တို့နဲ့အတူလိုက်သွားကာ ကူညီ ပံ့ပိုးပေးခဲ့တဲ့ မလှနုထွန်းက ”Myanmar International ပွဲပြီးကတည်းက ဇွန်သံစဉ် နဲ့လှနုနဲ့က ခင်ကြတယ်။ သူကတော်တော်လေး လိမ္မာတယ်။ ရိုကျိုးတယ်။ အပိုတွေ မလုပ်တတ်ဘူး။ ပုံမှန်လေးပဲ နေတတ်တယ်။ သူ့မှာ မာန်မရှိဘူး။ နဂိုကတည်း ကမော်ဒယ် တစ်ယောက် ဖြစ်တယ်။ Asia New Star လည်းပြိုင်ဖူးတယ်။ Miss International Myanmar ပြိုင်ပွဲမှာလည်း Top 5 ဝင်ခဲ့တယ်။ Miss Universe Myanmar ပြိုင် ပွဲတုန်း ကလည်းTop 5 ဝင်ဖူးတယ်။ သူ့မှာမာန် ရှိမယ်ထင်တာ၊ မာန်လုံးဝ မရှိဘူး။ သင်ပြလို့ တအား ကောင်း တယ်။ လှနု ဆီရောက်လာတဲ့ အချိန်မှာ သူ့မှာနဂိုရှိတဲ့ အခံနဲ့ လှနု ရဲ့International အတွေ့အကြုံ နဲ့ပေါင်းလိုက်တော့ Catwalk မှာ သူအလှဆုံးပဲ။ သူ့ကို လှနုရွေးလိုက်တာ တအားမှန်တယ် လို့ယူဆပါတယ်။ ပြိုင်ပွဲမှာ ကြီးကြပ် သူတွေက နေ့စဉ် အမှတ် ၇ဝ ရာခိုင် နှုန်းပေးတယ်။ Finalပွဲမှာက ဒိုင်လူကြီး ၁၁ ယောက်က ၃ဝ ရာခိုင်နှုန်း အမှတ် ပေးတယ်။ သူချည်းပဲ အမှတ်အများ ဆုံးရ တယ်”လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Source:popularmyanmar.com
0 comments:
Post a Comment