အဆိုတော်ဖြူက ကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ယူ -၂ဝ မြန်မာအသင်းကို နယူး ဇီလန် အထိလိုက်လံအားပေးခဲ့ပါတယ်။ နယူးဇီလန်မှာ ရောက်ရှိနေတဲ့ အ ဆိုတော် ဖြူကို မြန်မာဘောလုံးအသင်း ကိုအားပေးခဲ့ပုံများနဲ့နယူးဇီလန် နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင် အခြေအနေများကိုအင်တာနက် ကတစ် ဆင့် မေးမြန်းဖြစ် ခဲ့ပါ တယ်။
နယူးဇီလန်အထိလိုက်လံအားပေးဖြစ်ပုံ
ကျွန်မဘောလုံးပွဲကိုတအား crazy ဖြစ်တဲ့သူတော့ မဟုတ်ဘူး။ ကိုယ့်မြန်မာနိုင်ငံအသင်းကWorld Cupမှာကန်တော့ တအားစိတ်ဝင်စားတယ်။ ကိုနေ(မဖြူ၏မောင်ဖြစ် သူလေယာဉ်မှူးကြီး ဦးနေထွန်း ဦး) က သွားကြည့်မယ်ဆိုတော့ အစ်မလည်းVisa အမြန်လုပ်ပြီး အလုပ်မအားတဲ့ကြားကလိုက်လာတာပါ။ ကိုယ့်တိုင်းပြည် အသင်း က World Cup ဝင်တော့ တအားဂုဏ်ယူတယ်လေ။ သုံးပွဲလုံးကြည့်မယ် ဆိုပြီး ရန်ကုန်မှာကတည်းက သုံးပွဲ လုံးလက်မှတ် ဝယ်ပြီးလိုက်ခဲ့တာပါ။
ပြိုင်ပွဲဝင်ကစားသမားတွေအပေါ်ခံစားချက်
ကစားသမားအားလုံးလိုလိုက ကိုယ့်အသင်းအနိုင်ရဖို့အတွက် အားတက်သရောကန်ကြတယ်။ မြန်မာအသင်းက ကလေး တွေက တအားကြိုးစားတယ်။ သူတို့ ခန္ဓာ ကိုယ်တွေက ယူကရိန်းနဲ့ယှဉ်ရင် နည်းနည်းသေးတယ်။ ဒါပေမဲ့သူတို့ မကြောက်ဘူး။ အတင်းတိုးဝင်ပြီးတော့ကန်တယ်။ ဟိုဘက်က အရပ် တွေက ရှည်တော့ ခြေ လှမ်းကြီးတွေက အမြန်ရောက်တယ်။ မြန်မာကလေး တွေ တော်တော်တော်ပါတယ်။ သူတို့ကို ဟိုကသနားလည်းသနားတယ်။ အမေရိကန်တွေဆို ဗလတ အားတောင့် တယ်။ မြန်မာကလေးတွေက သူတို့ဗလကြီးတွေ ကြား အတင်းဝင်တိုးတိုက်ပြီးကစား သွားတယ်။ သူတို့ကို ချီးကျူးပါတယ်။ တအားလည်းရင်ခုန်တယ်။
ဘောလုံးပွဲအပေါ်ရင်ခုန်မှု
ဘုရားစာတွေရွတ်ပေမယ့် တောင်ရောက်မြောက်ရောက်နဲ့ရောက်တာပေါ့။ သူတို့ကိုကြည့်ပြီး ရင်ခုန်တာ တအားလွန်သွားတယ်။ ဘုရားစာတွေဆို လည်း တော်ကြာ သမ္ဗုဒ္ဓေရောက်သွားလိုက်၊တော်ကြာ ဘုရားဂုဏ်တော်ရောက် သွားလိုက်နဲ့ စုံနေတာပဲ။သူတို့နဲ့ပတ်သက်ပြီး ခံစားချက်ကတအားပြင်းထန်ပါတယ်။
နယူးဇီလန်ဘောလုံးကွင်းအခြေအနေနဲ့
သဘာဝပတ်ဝန်းကျင်
သဘာဝပတ်ဝန်းကျင်
သူတို့ကွင်းတွေကတအားသန့်ရှင်းတယ်။ ရာသီဥတုလည်းအေးချမ်းတယ်။ ပွဲကြည့်ရတာကောင်းတယ်။ဒါပေမဲ့တစ်ရက်မှာတော့ ပွဲကြည့်ရင်းနဲ့ မိုးရွာတယ်။ ပထမ USA နဲ့ပွဲမှာတုန်းကမိုးရွာသေးတယ်မိုးရွာထဲမှာကြည့်လိုက်ရတယ်။ဒီမှာကရာသီဥတုကတစ်ရက်တည်းကို လေးမျိုးလောက်ပြောင်းနေတယ်။စဲလင်တန်ကကွင်းက သာယာ တဲ့ ကွင်းပဲ။
Oceanအလယ်ကောင်မှာရှိတာ။နို့နဲ့နို့ထွက်ပစ္စည်းတွေfreshJuiceတွေကိုပုလင်းလှလှလေးတွေနဲ့ရောင်းတယ်အေးအေးချမ်းချမ်းနဲ့နေချင်တဲ့သူတွေအတွက်တော့ အ ဆင်ပြေတယ်။ တော်တော်လေးစိတ်ကူးယဉ်ဆန်ပြီး တောင်ကုန်းလေးတွေနဲ့ အိမ်လေးတွေက တအားချစ်ဖို့ကောင်းတယ်။ အော်ကလန်ကနေဟန်ကရီကို သွားတဲ့ လမ်းတစ်လျှောက် ဘယ်၊ ညာတောင်စောင်းတွေမှာ မြက်တွေ လည်းစိုက်ထားတယ်။ ဒီနိုင်ငံရဲ့Landmark ဖြစ်တဲ့ သိုးတွေတွေ့ရ တယ်။ ကီဝီငှက်တွေတွေ့ရတယ်။ ကိုယ်တွေက တိရစ္ဆာန်တွေကို သဘောတအားကျတော့ နွားကြီး တွေကိုကြည့်ပြီး သနားလည်းသနား တယ်။ Exportလုပ်တဲ့ နွားတွေ ကိုမွေးထားတာမြင်ပြီး စိတ် မကောင်းဘူး။သိုးတွေဆိုလည်းတအားလှတယ်။
တချို့သိုးတွေဆို အမွေးတွေ အများကြီးရိတ်ထားတာ ပြောင်နေ တာပဲ။ တောင်စောင်းတွေနားမှာလမ်းတွေလျှောက်နေကြ တယ်။ကိုယ်တွေကအသားမစားတော့ တိရစ္ဆာန်တွေကြည့်ပြီးမေတ္တာပို့နေ တာ။သူတို့အစားမခံရပါစေနဲ့လို့ဆုတောင်းလည်းအဲဒီအတွက်ပဲ မွေးထားတာကိုး။ သိုးအကောင်ရေ ၈သန်းကလည်း သူတို့နိုင်ငံ သား အရေ အတွက်ထက်တောင်များသေးတယ်။
ပေါ်ပြူလာ
Source:popularmyanmar.com
0 comments:
Post a Comment