ပြီးခဲ့တဲ့ ရက်သတ္တပတ် များဆီက အွန်လိုင်း ဖေ့စ်ဘုတ်စာ မျက်နှာထက် မှာ နာမည်ကြီးပြီး လူအများ စိတ်ဝင်စားခံရတဲ့ စာရေး ဆရာမလေး ရွှေရေးထင်ထင် ရဲ့ အချစ်ရေး၊ စာပေ ရေးရာ၊ လူမှုရေးနဲ့ အလှအပ ရေးရာ အကြောင်းတွေကို ပေါ်ပြူလာ ဂျာနယ်မှာ ဖော်ပြခဲ့ပြီး အခုအပတ်မှာတော့ စာပေ ဝါသနာပါခဲ့ပုံက အစပြုလို့ စာပေလေ့လာ လိုက်စားခဲ့ပုံ အကြောင်း နဲ့ မိန်းကလေး တစ်ယောက်ရဲ့ အလှအပ အပေါ် ထင်မြင် ယူဆမှု အကြောင်းအရာ များကို ထပ်မံဖော်ပြလိုက်ပါတယ်။
ဖေ့စ်ဘုတ်ပေါ် မင်းသမီးဖြစ်လာတာ စိတ်ဖိစီးမှုပိုများလာပါတယ်
ဖေ့စ်ဘုတ်ပေါ်မှာ နာမည် တဖြည်းဖြည်း အသံထွက်လာတာ ရွှေရေးအတွက် စိတ်ဖိစီးမှုကို ပိုဖြစ်စေတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွှေရေးက ဟိုးအရင်ကတည်း က ဖေ့စ်ဘုတ် စပြီးသုံးခဲ့တာပါ။ ဖေ့စ်ဘုတ် စသုံးကတည်းကလည်း ကဗျာတွေ၊ စာတွေကို ချပြချင်တဲ့ ရည်ရွယ် ချက်နဲ့ပဲ စပြီးသုံးခဲ့တာပါ။ ဓာတ်ပုံတင် တာကလည်း မိန်း ကလေး သဘာဝအရ ဓာတ်ပုံတွေ ရိုက်လိုက်တယ်၊ လှရင်တင် လိုက်တယ်၊ အဲဒီသဘောမျိုးပါပဲ။ ဒါကို လူတွေက စိတ်ဝင်စားပြီးတော့ ပိုမိုပျံ့နှံ့လာတာ မို့ ရွှေရေး အတွက်တော့ စိတ်ချမ်း သာစရာလို့ မမြင်ဘဲ စိတ်ဖိစီးမှု များလာတယ် လို့ပဲ မြင်မိပါတယ်။
မိန်းကလေးတိုင်းရဲ့အလှအပကို အကောင်းမြင်စိတ်နဲ့ပဲ ကြည့်စေချင် တယ်
အကောင်းမြင်တဲ့ပုံစံ နဲ့ ကြည့်မယ် ဆိုရင်တော့၊ မေတ္တာထားပြီး ကြည့်မယ် ဆိုရင်တော့ အကောင်းမြင်တဲ့ ပုံစံပဲ ပေါ်ပါလိမ့်မယ်။ များသော အားဖြင့် ရွှေရေး ဖေ့စ်ဘုတ် အကောင့် ထဲမှာလည်း ယောက်ျားလေးတွေ ပရိသတ်တွေက များ တယ်ဆိုတော့ သူတို့မြင်ကြတဲ့ သဘောတရားနဲ့ အမြင်တွေက ဘယ်လို မျိုးရှိလဲ ဆိုတာကို ရွှေရေး မသိ နားမလည်ဘူး။ အဲဒီ အထဲမှာ ကောင်းတဲ့ သူတွေလည်း ရှိပါတယ်။ အခုနောက်ပိုင်း ဝေဖန်ကြတာက ဖေ့စ်ဘုတ် ပေါ်မှာ ဓာတ်ပုံတင်တာ နာမည်ကြီးချင်လို့ တင်တာ လို့ ပြောကြတယ်။ ရွှေရေး ဓာတ်ပုံတင်တာ ဟိုးအရင် ကတည်းက တင်တာပါ။ အခုမှတင်တာ မဟုတ်ပါဘူး။ စာတွေ၊ ကဗျာတွေလည်း တင်ပါတယ်။ အခန်းဆက် ဝတ္ထုရှည်တွေ လည်းတင်ဖို့ ရွှေရေး ကြိုးစားနေပါတယ်။ ထူးထူးခြားခြား မေလထဲမှာ တင်လိုက်တဲ့ ဓာတ်ပုံ တစ်ပုံကို အာရုံစိုက်မိ သွားကြပြီး သူတို့ဘာသာ သူတို့ Share လိုက်ကြလို့ ရွှေရေးက အခုလိုနာမည် ထွက်လာတာပါ။ ရွှေရေးက အခုအချိန်ထိ မြန်မာစာပေလောကကို ညစ်ညမ်းအောင်လည်း တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ဓာတ်ပုံတွေ ကလည်းဖော်ချွတ် ထားတဲ့ ဓာတ်ပုံတွေလည်း တင်ထားတာ တစ်ခုမှ မပါခဲ့ဘူး။ လုံလုံခြုံခြုံ ဝတ်ပြီးတော့ပဲ ဓာတ်ပုံရိုက် တင်ထားတာ ပါ။ ရွှေရေးက ထပ်ပြီး တင်မယ် ဆိုရင်လည်း လုံလုံခြုံခြုံ နဲ့ပုံတွေပဲတင်မှာပါ။ ရွှေရေးက ခေတ်လူငယ် တစ်ဦးဆိုတာကို ဝေဖန်ကြ သူတိုင်းက မေ့မထားကြဖို့ လိုပါတယ်။
စာဖတ်ဝါသနာ ကဗျာအစအချစ်၊ ဟာသ၊ စုံထောက် သုံးမျိုးပေါင်း ဝတ္ထု ရှည်ရေးချင်တယ်
ရွှေရေး စာပေကို ဝါသနာပါတာ အဓိကက မေမေ့ကြောင့်ပါ။ မေမေ ဖတ်တဲ့စာပေတွေကို ကိုယ်ကိုယ်တိုင် က ဘေးနားကနေ လိုက်ပြီး ဖတ်ရင်းနဲ့ စာပေကိုဝါသနာ ပါလာ တယ်။ နည်းနည်း အသက်ကြီးလာတော့ ကဗျာလေးတွေ ဖတ်တတ် လာတယ်။ မဂ္ဂဇင်းပေါင်းစုံမှာ ပါလာတဲ့ ကဗျာလေးတွေကို ဖတ်တယ် ။ ကောင်းတဲ့ ကဗျာတွေတွေ့ ရင် ဖတ်ရှုပြီး စာအုပ်မှာရေးမှတ်ထားခဲ့တယ်။ ကိုယ်လည်း ကဗျာတွေ စမ်းရေး ကြည့်ရင်းနဲ့ တစ်ပုဒ်နှစ်ပုဒ် ရေးတတ်လာတယ်။ ကဗျာ အမျိုးအစားတွေ ကတော့ ရွှေရေးက ငယ်ရွယ်သေးတဲ့ အသက်ပိုင်း ကာလဆိုတော့ ခွဲမသိခဲ့ပါဘူး။ မေမေက အကြံပေးတော့ မဂ္ဂဇင်းတိုက်ကို စာမူလေးတွေရွှေရေး ပို့ဖြစ်တယ်။ ဒါပေမဲ့ ရွေးချယ် ခံရတာ တစ်ခုမှ မရှိခဲ့ပါဘူး။ အဲဒီအချိန်တွေ မှာ ရွှေရေးအနေနဲ့ စိတ်ဓာတ် ကျလိုက်၊ ပြန်ရေးလိုက် နဲ့ဖြစ်ခဲ့တယ်။ ရွှေအမြုတေ မဂ္ဂဇင်းမှာတော့ ဝတ္ထုတို တစ်ပုဒ်ဖော်ပြခံ ရဖူး တယ်။ ရွှေရေးက ဆရာမကြီး ကလျာ(ဝိဇ္ဇာသိပ္ပံ) ရဲ့ဇာတ်အိမ်တွေကို နှစ်သက်တယ်။ ဆရာကြီး မင်းသိင်္ခ၊ ဆရာကြီးရွှေဥဒေါင်း ရဲ့ဝတ္ထု ဇာတ်အိမ်တွေကို လည်း နှစ်သက်တယ်။ ဒါ့အပြင် အချစ် ဝတ္ထုတွေလည်း ဖတ်ဖြစ်တယ်။ အဲဒီတော့အချစ်၊ ဟာသ၊ စုံထောက် ဝတ္ထုလေးတွေကို ကြိုက်နှစ်သက်ပြီး ဝတ္ထုရှည်ရေး တဲ့အခါမျိုး ကျရင် အချစ်၊ ဟာသ၊ စုံထောက်သုံးမျိုးပေါင်းတဲ့ ဝတ္ထုမျိုးရေးချင် စိတ်ဖြစ်မိပါတယ်။
စာပေအနုပညာနဲ့ အောင်မြင်ကျော် ကြားသူပဲ ဖြစ်ချင်တယ်
အောင်မြင်ကျော်ကြားတဲ့ဘဝမျိုးကို ရွှေရေးနှစ်သက်ပါတယ်။ ဒါပေမဲ့ ရွှေရေးဖြစ်ချင်တာက စာရေးဆရာမတစ်ယောက်ဘဝအဖြစ်နဲ့ အောင်မြင်ကျော်ကြားတာကိုပဲ ရွှေရေးလိုချင်တာပါ။အဲဒါကြောင့်လည်းစာပေနယ်ဘက်ကိုဝတ္ထုတို၊ဝတ္ထုရှည် ဖန်တီးရေးသား ပြီးတော့ဝင်ရောက်နိုင်အောင် စတင်ကြိုးစားနေဆဲ ကာလအတွင်းမှာပဲ ခုလိုလူတွေစိတ်ဝင်စားလာတာကရွှေရေးရဲ့ဖေ့စ်ဘုတ်ပေါ်ကဓာတ်ပုံကြောင့်လို့ဆို ရမှာပါ။ ပြီးတော့ ဖေ့စ်ဘုတ်ပေါ်က လူမှု ကွန်ရက်ရဲ့တစ်မုဟုတ်ချင်းပွားပြန့်မှုကြောင့် ရွှေရေးနာမည်ကြီးလာရတာပါ။ အခုလောလောဆယ်မှာတော့ရွှေရေးကကိုယ့်ကိုယ်ကိုယ်အောင်မြင်တယ်လို့ မယူဆပါဘူး။ အနုပညာစွမ်းဆောင်မှု၊ စာပေအရေးအသားစွမ်းဆောင်မှုကြောင့် အောင်မြင်လာတာမျိုးမဟုတ်သေးတဲ့အတွက်ရွှေရေးကိုယ့်ကိုယ်ကိုယ် ရှက်စိတ်ဖြစ်မိပါတယ်။ ဒါကြောင့်စာပေအနုပညာနဲ့ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ပဲရွှေရေး ဖြစ်ချင်ပါတယ်။
အောင်မြင်ကျော်ကြားတဲ့ဘဝမျိုးကို ရွှေရေးနှစ်သက်ပါတယ်။ ဒါပေမဲ့ ရွှေရေးဖြစ်ချင်တာက စာရေးဆရာမတစ်ယောက်ဘဝအဖြစ်နဲ့ အောင်မြင်ကျော်ကြားတာကိုပဲ ရွှေရေးလိုချင်တာပါ။အဲဒါကြောင့်လည်းစာပေနယ်ဘက်ကိုဝတ္ထုတို၊ဝတ္ထုရှည် ဖန်တီးရေးသား ပြီးတော့ဝင်ရောက်နိုင်အောင် စတင်ကြိုးစားနေဆဲ ကာလအတွင်းမှာပဲ ခုလိုလူတွေစိတ်ဝင်စားလာတာကရွှေရေးရဲ့ဖေ့စ်ဘုတ်ပေါ်ကဓာတ်ပုံကြောင့်လို့ဆို ရမှာပါ။ ပြီးတော့ ဖေ့စ်ဘုတ်ပေါ်က လူမှု ကွန်ရက်ရဲ့တစ်မုဟုတ်ချင်းပွားပြန့်မှုကြောင့် ရွှေရေးနာမည်ကြီးလာရတာပါ။ အခုလောလောဆယ်မှာတော့ရွှေရေးကကိုယ့်ကိုယ်ကိုယ်အောင်မြင်တယ်လို့ မယူဆပါဘူး။ အနုပညာစွမ်းဆောင်မှု၊ စာပေအရေးအသားစွမ်းဆောင်မှုကြောင့် အောင်မြင်လာတာမျိုးမဟုတ်သေးတဲ့အတွက်ရွှေရေးကိုယ့်ကိုယ်ကိုယ် ရှက်စိတ်ဖြစ်မိပါတယ်။ ဒါကြောင့်စာပေအနုပညာနဲ့ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ပဲရွှေရေး ဖြစ်ချင်ပါတယ်။
လွင်လွင်ထွန်း
Source:popularmyanmar.com
0 comments:
Post a Comment