သည်ခေတ်နေရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားမှာသရုပ်ဆောင်မယ့်သရုပ်ဆောင်သစ် (၁၁)ယောက်ကိုဖေ့စ်ဘုတ်ပေါ်က ရွေးချယ်


ဒါရိုက်တာ သည်ခေတ်နေကတော့ အခုနှစ်အတွင်းမှာ သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်လာမယ့် ဇာတ်ကားကို ရုပ်ရှင်လောကထဲကမဟုတ်တဲ့ သရုပ်ဆောင် သစ် ၁၁ ယောက်နဲ့ ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ရွေးချယ် မှုကိုတော့ ဖေ့စ်ဘုတ်ကနေ ရှာဖွေမှုပြုလုပ်နေပြီး လက်ရှိအချိန်မှာတော့ သရုပ်ဆောင် ၉ ယောက်အ ထိ ရွေး ချယ်ပြီး ခဲ့ပြီလို့ ဒါရိုက်တာ သည်ခေတ်နေက ဆိုပါတယ်။
”၂ ယောက်ပဲကျန်ပါတော့တယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ဘယ်လိုရွေးလဲဆိုရင် ဘာစည်း ကမ်းချက်မှ မရှိပါဘူး။ ကျွန်တော့်ဇာတ်ကားထဲက ဇာတ်ကောင်တွေနဲ့ လိုက် ဖက် မယ့် သူကို ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်Fan၅ဝဝဝ ထဲကနေပြီး မည်သူ့ကိုမဆို သူတို့ရဲ့ wall တွေထဲကို ကျွန်တော်ဝင်ကြည့်တယ်။ သူတို့ပုံတွေကိုSave  လုပ်တယ်၊ ခိုးတယ်။ ဒီ လူသည် ဒီဇာတ်ကောင်နဲ့လိုက်သလား ကြည့်ပြီးရွေးတယ်။ အံကိုက်ဖြစ်တယ်ဆိုရင် သင့်ကိုကျွန်တော်ရွေးချယ်လိုက်ပါပြီဆိုပြီးတော့ သူတို့ရဲ့ ဖေ့စ်ဘုတ်wallပေါ်မှာ တံခါး ခေါက်ပြီးတော့ သွားရွေးထားပါတယ်။ ကျွန်တော်ရွေးချယ်လိုက်ပါပြီပေါ့။ အခုထက် ထိ ကျွန်တော့်ဖေ့စ် ဘုတ်ပေါ်မှာရှိပါတယ်။ အခု ရွေးချယ်ဖို့ နောက်ထပ် ၂ ယောက်ကျန်နေတာကို ရွေးရပါဦးမယ်”လို့ ဒါရိုက်တာ သည်ခေတ်နေက ဆိုပါတယ်။
ရိုက်ကူးမယ့် ဇာတ်လမ်းအကျဉ်းသဘောတရားကိုတော့လျှို့ဝှက်ထားဦးမှာဖြစ်ပေမယ့် သူရိုက်နေကျပုံစံဖြစ်တဲ့ သရဲဇာတ်ကားလည်းမဟုတ်၊ဒရာမာဇာတ် လမ်းလည်းမ ဟုတ်၊ ရိုမန့်ဇာတ်လမ်း လည်း မဟုတ်တာကိုတော့ အသေအချာပြောနိုင်ပါတယ်လို့ဆိုတဲ့ သည်ခေတ်နေက”အပြင်ဘက်က သာမန်လူတွေ၁၁ယောက်ကို ဇာတ်ကားရဲ့ မင်းသားနေရာတွေအဖြစ် ရွေးချယ် ရတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သမ္မတ ဖြစ်ဖြစ်၊သွင်မှာဖြစ်ဖြစ်ကြည့်နေရတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဒီမင်းသား၊ မင်းသမီးတွေ တအားများနေပါပြီ။ပွင့်ပွင့်လင်းလင်းပြောရရင်ရုပ်ရှင်ရုံမှာတင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကျွန်တော်တစ်ကားမှမကြည့်ဖူးပါ ဘူး။ဘာဖြစ်လို့လဲဆိုတော့ အဲဒီရုပ် ရှင်တွေမှာတင်ထားတဲ့ ပိုစတာဆိုင်းဘုတ်ကိုကြည့်ပြီးတော့ ကြည့် ချင်စိတ်မရှိလို့ပါ။ အဲဒီလို ဆိုင်းဘုတ်တွေကို ဘယ်လိုဖြစ်စေချင်လဲဆိုတဲ့မေးခွန်းကို ကိုယ့် ဘာသာ ကိုယ် ပြန်ဖြေဖူးပါတယ်။ အခုက တော့ လုံးဝ ရုပ်ရှင် အကြောင်းမသိကြတဲ့ အသစ်ကျပ် ချွတ် (၁၁) ယောက်ပါ။ သူတို့ဟာ အဓိက ဇာတ်ကောင်ပါပဲ။ သူတို့ပုံတွေနဲ့ ရုပ်ရှင် ရုံ မှာ ဆိုင်းဘုတ်တင်မယ်ဗျာ။ ကျွန်တော်သာဆိုရင် စိတ်ဝင်စားပြီးဝင်ကြည့်ဖြစ်မှာပါပဲ”လို့ ပြောပြ ပါတယ်။
သည်ခေတ်နေရဲ့ ပထမဦးဆုံး ဒါရိုက်တာအနေနဲ့ ရိုက်ကူးပေးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ‘လူလိမ္မာနိုင် ငံမှာ ဆရာကျတဲ့လူညံ့’ဇာတ်ကားဖြစ်ပါတယ်။ အဲဒီဇာတ်ကား မှာတော့ ယုန်လေး၊ ကြက်ဖ၊ ဂျိုကာ၊ နန်းမြတ်ဖြိုးသင်း၊ ခိုင်မြတ်သဇင်တို့က အဓိက  သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ ဇာတ်လမ်းအ မျိုးအစားက အက်ရှင် ဇာတ် လမ်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒါရိုက်တာသည်ခေတ်နေက ‘ 67 Plaza’ ဆိုတဲ့သရဲဇာတ်ကားကို ဟစ်ဟော့ပ်အဆိုတော်လွှမ်းပိုင်၊ ထိုင်းမင်းသမီး ကရဗီတို့နဲ့ ရိုက် ကူးနေပါတယ်။
ထက်လူ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment