ထိုင်းနိုင်ငံတွင် နံမည်ကြီးနေသည့် ကျောက်သွေး ဆရာတော်


၀၈-၀၇-၂၀၁၅

သက်တော် ၃၉ နှစ်ရှိ နကော်စီဌာမရ ခရိုင် ချအိုရ မြို့ နယ် တွင် သီတင်း သုံးနေသည့် ဆရာတော်တပါးမှာ ကိုယ်တွင်းမှ ထွက်လာသည့် ချွေးနှင့် သွေး တို့ မှ ကျောင်းလုံးလေးများအဖြစ် ပြောင်းသွား ခဲ့ရာ တရာတော်အား ကိုးကွယ်ကြသည့် ဒကာဒကာမ များ မှတဆင့် တနိုင်ငံလုံးပြန့် နှံ့ သွားခဲ့သည်။

ဆရာတော် အနမ်တာ မှာ တရားကျင့်စဉ် စခန်းဝင်ရန် ခရီးထွက်ရာမှာ ( မြန်မာနှင့် တိဘက်ဟုယူဆရပါသည် ဘုန်းကြီးဝတ်ထားသည့် သင်္ကန်း အရောင်မှာ ထိုင်းဘုန်းကြီး အရောင်မဟုတ်ပါ ) ပြန်ရောက်လာခဲ့ပြီးနောက် စာသင်းသားများကို ပုံမှန် စာပေကျမ်းခံများအား သင်ကြားပေးနေရာမှ တနေ့ တွင် ဆရာတော်ဦး၏ ခေါင်းထိခိုက် ဒဏ်ရာရလာတဲ့အခါမှာ ထွက်လာသည့် သွေးများမှာ မာကြောသည့် ကြောက်လုံးလေးများ အဖြစ် ထူးဆန်းစွာ မြင်တွေကြရသဖြင့် စတင်သတင်းကြီးလာခဲ့ပါသည်။


ယခုအခါ သောင်းနှင့်ချီသည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ဖူး မျှော်နေကြပါပြီး၊ သာမန် ဆရာတော်တပါးကဲ့သို့  သတင်းသုံးနေပြီ သွေးမှ ကျောက်လုံး လေးများ ဖြစ်သွားသည့် ဖြစ်ရပ်အား မည်သူမှမပြောကြရန် ဆရာတော်က မှာကြားသော်လည်း ပိတ်မရသည် လူ့ ပါးစပ် က တနိုင်ငံလုံးပြန့် သွားပါရော၊
ယခုသတင်းဌာနများ အများပြားလာရောက် စစ်ဆေးမေးမြန်း၍ သက်သေပြပါရန် တောင်ဆို သည့် အခါ သဘာဝက ဖြစ်လာသည်ကို လုပ်ယူ၍ မရနိုင်ပါ ယုံကြည်ခြင်း - မိမိအားကိုးကွယ်စေလိုမှု အတွက် မိမိအစွမ်းပြရန်မဟုတ်ဟု ဗုဒ္ဓမြတ်စွာဘုရား တားမြစ်ခဲ့ကြောင်းသာ မိန့် ကြားခဲ့သည်။


ဆရာတော်သတင်းသုံးရာ နကော်စီဌာမရခရိုင်တွင် မူဆလင် သူပုန်များ ကြီးစိုးထားသည့် နယ်မြေဖြစ်သည်။

ဆရာတော် နှစ်ကြိမ်တိုင် လုပ်ကြံရခဲ့ရပြီး စီးလာသည့်ကားအား သေနတ်များဖြင့် ၀ိုင်းပစ်ခြင်းခံခဲ့ရသော်လည်း ဆရာတော်မှာ ပွန်းပဲ့ ဒဏ်ရာများ သာရခဲ့သည်။

"ထိုင်းနိုင်ငံအတွက် နှစ်နှစ်နဲ့ လေးလအတွင်းမှာ ကပ်ကြီးသုံးခုရင်ဆိုင်ရမယ်"
(၁)နိုင်ငံရေး တိုက်ပွဲများမှ စစ်ပွဲအသွင်ကူးပြောင်း၍ ပြင်းထန်မည်။
(၂)ဘန်ကောက်မြို့ ကြီး ပြိုကျ ပျက်စီးသည့် ဘေး ရင်ဆိုင်ရမည်။
(၃)ထိုင်းနိုင်ငံ တောင်ပိုင်း တခုလုံး ပင်လယ်ပြင်အောက်ရောက်မည်။
ကျောက်သွေးဆရာတော် အရှင် အနမ်ဒါ မိန့် ကြားခဲ့တာဖြစ်ပါသည်။

ကိုးကားး kaosod
TNN24
raponsan
Social Action for Women - SAW
https://www.facebook.com/pages/Social-Action-for-Women-SAW
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment