မက်ဆီကိုနိုင်ငံ Tamaulipas က အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူရဲ့ အဝတ်အစားတွေ လျှော်ဖွတ်ပေးဖို့ ငြင်းဆိုခဲ့ပြီးနောက် ၁၂ နာရီကြာ အကျဉ်းချခံခဲ့ကြောင်း သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် Edgar Ivan Perez Alvarado ဆိုသူက သူ့ဇနီးဖြစ်သူ Dule Requena Garcia ၂၁ နှစ်ကို သူ့အဝတ်အစားတွေကို လျှော်ဖွတ် မီးဖိုတိုက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အပျှော်မယားဆီ သွားဖို့အတွက် ဒီလို အဝတ်အစား သပ်သပ်ရပ်ရပ် ၀တ်ဖို့ လုပ်နေတာလို့ ဇနီးဖြစ်သူက ယူဆခဲ့တာကြောင့် ဒီလိုလုပ်ပေးဖို့ သူမက ငြင်းဆန်ခဲ့ပါတယ်။
သူမရဲ့ စွပ်စွဲချက်တွေကြောင့် အမျိုးသားက အံ့အားသင့်ဖြစ်ခဲ့ရပြီး ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ကာ ဇနီးဖြစ်သူ Requena Garcia လုပ်ရပ်ကြောင့် သူ စိတ်အနောင့်အယှက်ဖြစ်စေခဲ့ကြောင်း အစီရင်ခံ တင်ပြခဲ့ပါတယ်။ သူမ တစ်နေကုန် တီဗွီထိုင်ကြည့် ရုံကလွဲပြီး အိမ်အလုပ် ဘာမှမလုပ်ခဲ့ကြောင်းလည်း သူက တိုင်တန်းခဲ့ပါတယ်။ Requena Garcia က သူမ နေမကောင်းဖြစ်ကာ အိပ်ယာပေါ်လဲနေခဲ့တာ ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
Requena Garcia ဟာ စိတ်အနှောင့်အယှက်ဖြစ်စေမှုအတွက် ပက်ဆို ၄၀၀ (ဒေါ်လာ ၂၅ ဝန်းကျင်နဲ့ညီမျှသည်) ဒဏ်ရိုက်ခံရပြီး သူမအနေနဲ့ ငွေမသွင်းနိုင်ဖြစ်တဲ့အခါ သူမကို ဖမ်းဆီးပြီး အကျဉ်းထောင်အတွင်း ၁၂ နာရီကြာနေစေခဲ့ပါတယ်။
Ref: Cosmo
Source:trend.com.mm
0 comments:
Post a Comment