ဆယ်ကျော်သက်တစ်ဦးရဲ့ နားထဲကထွက်လာတဲ့ ၄လက်မအရှည် ကင်းခြေများ


အင်းဆက် ကြောက်တတ်သူများ မဖတ်ရ။ အာကန်းဆက်မှာနေထိုင်တဲ့ အသက် ၁၄နှစ်အရွယ် Grant Botti ဆိုသူရဲ့ နားထဲကနေ ၄လက်မအရှည်ရှိတဲ့ ကင်းခြေများတစ်ကောင်ထွက်လာခဲ့ပါတယ်။
နားတစ်ဖက်ထဲမှာ မချိမဆန့် နာကျဉ်ခံစားနေရပြီး နိုးလာတဲ့နောက် ဘာဖြစ်နေတယ်ဆိုတာကို Grant Botti ဟာ ဆေးရုံသွားပြဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နားထဲကဆွဲထုတ်ပြီးနောက် အသက်ရှင်လျက်ရှိနေသေးတဲ့ ကင်းခြေများကို Botti ရဲ့ မိခင်ဖြစ်သူက ပလတ်စတစ်အိတ်ထဲမှာ ထည့်ခဲ့ပြီး Botti ကိုတော့ အရေးပေါ်ခန်းထဲ ပို့ခဲ့တယ်လို့ KATV သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
 Saline Memorial doctors and nurses said that they have seen people come in with all sorts of things in their ears, but never a centipede -- until now
Botti ရဲ့ နားစည်မှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆရာဝန်က ပြောခဲ့ပါတယ်။ Botti ဟာ ကုသမှုတွေခံယူပြီးနောက် ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပါတယ်။ Saline Memorial ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ နားထဲကို အရာပေါင်းစုံဝင်တာ တွေ့ခဲ့ဖူးကြပေမဲ့ ကင်းခြေများဝင်တာကိုတော့ ခုမှပဲ တွေ့ခဲ့ဖူးပြီလို့ ဆိုကြပါတယ်။
Ref:Daily Mail
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment