ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဓားဖြင့်ထိုးပြေးသူ ဖမ်းမိ


 ရန်ကုန် ဇူလိုင် ၁၃

 ကြည့်မြင်တိုင်မြို့နယ် မကျည်း တန်းတောင် အနောက်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ထိုးပြေးသွားသူတစ်ဦးအား ဇူလိုင် ၁၂ ရက် ညက ဖမ်းမိကြောင်း ကြည့်မြင်တိုင်မြို့မရဲစခန်းမှ သိရ သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁ဝ ရက် ည ၈ နာရီခွဲခန့်က သူခိုး သူခိုး ဟု အော်သံကြားပြီး လူငယ်နှစ်ဦး ဦးကြွယ်ဟိုးလမ်းအတွင်းပြေးလာစဉ် မကျည်းတန်းတောင် အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင် စိုးမင်းနှင့် ထိပ်တိုက်တွေ့ဆုံကာ အုပ်ချုပ်ရေးမှူးက အသင့်ပါလာသည့် ထီးဖြင့်ပြေးလာသည့် လူငယ်တစ်ဦးကို ရိုက်လိုက်စဉ် ထီးမှာကျိုးသွားပြီး ထိုအရိုက်ခံရသူလူငယ်က အရိုး လေးလက်မ၊ အသွား ခုနစ်လက်မခွဲ ခန့်ရှိ ဓားရှည်ဖြင့် ထိုးပြေးသွား ခဲ့သည်။

ထွက်ပြေးသွားသည့် ပြစ်မှု ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းမိ နိုင်ရေးအတွက် နယ်ထိန်းအရာရှိ ရဲအုပ်ဖြိုးဝေမင်း၊ အမှုစစ်ဒုတိယရဲအုပ် ဝင်းဇော်ဦးနှင့် အဖွဲ့က ပြစ်မှုကျူးလွန် သူများအား ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ပြစ်မှု ကျူးလွန်သူများအနက် ဖြိုးဝေကို ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ အလတ်ချောင်းရပ်ကွက် ဘောဂဗလ (၃)လမ်း၌ ဇူလိုင် ၁၂ ရက် ည ၈ နာရီခန့်က ဖမ်းဆီးရမိခဲ့ပြီး ၄င်းပြစ်မှုကျူးလွန်ရာတွင် အသုံးပြု ခဲ့သောဓားကို ကြည့်မြင်တိုင် ဆိပ်ကမ်းသာပန်းခြံအတွင်းမှ သိမ်း ဆည်းရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူ ဖြိုးဝေကို အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိပြီး ကျန်ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment