အရက်သောက်၊ လိင်ဆက်ဆံ၊ ရန်ဖြစ်၊ ဆေးသုံးခဲ့ကြလို့ ဖမ်းဆီးရတဲ့အဖြစ် ရောက်သွားတဲ့ စကော့တလန် ကမ်းခြေပါတီက ဆယ်ကျော်သက်တွေ


ဆယ်ကျော်သက်ပေါင်း အယောက် ၅၅၀၀ ဟာ စကော့တလန် ကမ်းခြေကို လာရောက်ခဲ့ပြီး အရက်တွေ အများကြီးသောက်၊ ရန်တွေဖြစ်၊ ဆေးတွေ သုံးခဲ့ကြပါတယ်လို့ သိရပါတယ်။ အဲ့ဒီ့ Troon ကမ်းခြေမှာရှိနေခဲ့တဲ့ မိသားစုပေါင်းများစွာကိုလည်း သူတို့က မောင်းထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆူဆူညံညံနဲ့ ရန်တွေဖြစ်ကြပြီးတဲ့နောက်မှာတော့ အင်္ကျီဗလာနဲ့ ယောကျာ်းလေတွေကို ရဲတွေက လူစုခွဲခဲ့သလို ကိုကင်းတွေနဲ့ ဖမ်းမိတဲ့သူတွေကလည်း ရှိတယ်လို့ ဆိုပါတယ်။ ခြုံပုတ်တွေနားမှာ လူငယ်စုံတွဲတွေ လိင်ဆက်ဆံခဲ့ကြတာကိုလည်း ဒေသခံတွေက မြင်တွေ့ခဲ့ကြကြောင်း သတင်းပို့ခဲ့ကြပါတယ်။ သတိမေ့နေတဲ့ သူတွေအတွက်လည်း ဆေးရုံကားတွေခေါ်ပေးခဲ့ကြရပါတယ်။
Glasgow နဲ့ Cambuslang တို့မှ အသက် ၁၇နှစ်အရွယ် ယောကျာ်းလေးနှစ်ဦးဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ တရားစွဲဆို ခံထားရပါတယ်။ ထိန်းမနိုင် သိမ်းမရဖြစ်နေခဲ့တဲ့ ကမ်းခြေပါတီကို ရဲအရာရှိတွေက လာရောက်ထိန်းသိမ်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ဒေသခံတွေက လူမှုကွန်ရက်ကတဆင့် ဖော်ပြခဲ့ပါတယ်။
Ref:Daily Mail
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment