ဂျာမနီနိုင်ငံမှာ မောင်နှမချင်း ပြန်လက်ထပ်ခွင့်ကို တရားဝင် ခွင့်ပြုပေးဖို့ ဆုံးဖြတ်


ဂျာမနီ နိုင်ငံမှာ မိသားစု ၀င် အချင်းချင်း  ၊ ဆွေမျိုးအချင်းချင်း တရားဝင် လက်ထပ်လို့ရနိုင်တော့မယ် ဆိုတာကို အမျိုးသားလူ့ကျင့်ဝတ်ကောင်စီ ရဲ့ အစည်းအဝေးက တဆင့် ဆုံးဖြတ်လိုက်ကြပါတယ်။   သူတို့ဟာ ထို အစည်းအဝေးကို ကလေး ၄ ယောက်အတူ ရရှိထားပြီဖြစ်တဲ့ မောင်နှမ ၂ ယောက် ပြန်လက်ထပ်ထားတဲ့ မိသားစုကို ကြည့်ပြီးမှ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မိသားစုဝင်အချင်းချင်း ၊ဆွေမျိုးအချင်းချင်း ပြန်လက်ထပ်တာဟာ မသန်စွမ်း ကလေးတွေ မွေးလာတတ်တယ်ဆိုတဲ့ အန္တရာယ်ကို လျစ်လျူရှုထားပြီး ဆုံးဖြတ်ခဲ့တဲ့ ကော်မတီဝင်တစ်ယောက်ရဲ့အဆိုအရတော့ ထို အန္တရာယ်ဟာ ကိုကြည့်ပြီး ဒါကို ပြစ်မှု တစ်ခုအနေနဲ့ သတ်မှတ်ဖို့လောက်ထိ မလုံလောက်နိုင်ဘူးလို့ ဆိုပါတယ်။ ကော်မတီ ဟာ Patrick Stuebeing ဆိုသူ တစ်ယောက်ကို မေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ထိုသူဟာ မွေးစားကလေး တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဇီဝဗေဒ နည်းပညာအရ ညီမ တော်စပ်သူကို သူ့ရဲ့ အသက် ၂၀ မှာ စတင် ချစ်ကြိုးသွယ်ခဲ့မိသူ ဖြစ်ပါတယ်။   သူဟာ ၂၀၀၈ ခုနှစ်မှာ ထောင် ၃ နှစ် ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ ဥရောပ လူ့အခွင့်အရေး ခုံရုံး က သူ့ကို မိသားစု ဆိုင်ရာ အခွင့်အရေးကြောင့် ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဂျာမန် လိင်ဆက်ဆံခြင်းဆိုင်ရာ ဥပဒေ အရတော့ မိဘ နဲ့ သားသမီး ၊ မွေးချင်းမောင်နှမ ချင်း လက်ထပ်တာမျိုးကတော့ တရားမ၀င်ပဲ ထောင်ဒဏ် ၂ နှစ်ကျခံစေနိုင်ပါတယ်။ ဒါပေမယ့်လည်း လူ့ကျင့်ဝတ် ကောင်စီ ရဲ့ မဲခွဲဆုံးဖြတ်မှုမှာတော့ ၉ မဲ ၊ ၁၄ မဲ နဲ့ အဖြေထွက်လာပြီး မောင်နှမချင်း ပြန်လက်ထပ်ခွင့်ကို တရားဝင် သတ်မှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ 
Ref:metro.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment