ဘန်းလမွတ်ကျေးရွာမှ ထူးခြားသည့် ဘိုဖြူမလေး


 တနင်္သာရီ ဇူလိုင် ၉

 တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် ဘန်းလမွတ် ကျေးရွာအုပ်စု-ဘန်းလမွတ်ရွာ၌ ဥယျာဉ်/တောင်ယာလုပ်ငန်း လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုနေထိုင်သော ဦးမင်းယုနှင့် ဒေါ်အိအိဖြူတို့၏ တတိယမြောက် ကလေးဖြစ်သူ မဒီယူထက် သည် ဆံပင်အဖြူရောင်၊ ခန္ဓာကိုယ်တစ်ခုလုံး ပန်းနုရောင်သန်းပြီး မျက်လုံးအပြာရောင်(နေအလင်းရောင်လုံးဝမခံနိုင်)သူကို ဘန်းလမွတ် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ဘက်စုံသားဖွားဆရာမ ဒေါ်အေး အေးမြင့်က ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က အောင်မြင်စွာမွေးဖွားပေး ခဲ့ခြင်းဖြစ်သည်။

မွေးဖွားစဉ်အခါက သာမန်ဟုသာ ထင်မြင်ယူဆမိခဲ့သည်။

သို့သော်လည်း အရွယ်လေးနည်းနည်းရလာသောအခါ ထူးထူးခြား ခြား မြန်မာနိုင်ငံသားများနှင့် အသားအရောင်မတူဘဲ အပြုအမူကအစ ပြောင်းလဲနေသည်။ မိဘနှစ်ဦးက သမီးဖြစ်သူ မဒီယူထက် သည် မည်သည့်နိုင်ငံသားက ဝင်စားသည်ဆိုသည်ကို စကားပြောတတ်သည့် အရွယ်ရောက်၍ ပြန်ပြောပြမှသိနိုင်လိမ့်မည်ဟု ထင်ကြောင်းဆိုသည်။

လက်ရှိ စကားပြောသင်ရာတွင် ကျဲကျဲကျဲဟု အဆက်မပြတ် ပြောလေ့ရှိကြောင်း၊ ၄င်းအပြင် မိခင်ဖြစ်သူ ဒေါ်အိအိဖြူမှ ထိုကလေး နှင့် ပတ်သက်၍ ထူးခြားမှုများရှိသည်ဟု ပြောပြသည်။
အဆိုပါ မဒီယူထက်ကို ဒေသခံများနှင့် မမျှော်လင့်ဘဲ တွေ့ဆုံသူ အားလုံးက စိတ်ဝင်စားလျက်ရှိကြသည်။

သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment