အင်တာနက်သတင်း website တစ်ခုမှာ တက်လာတဲ့ ‘သားလေးရဲ့ အဖေဖြစ်တော့မယ့် အောင်လ’ ဆိုတဲ့ သတင်းကြောင့် တေးသံရှင် အောင်လတစ်ယောက် စိတ် အနှောင့်အယှက်ဖြစ်နေရတယ်လို့ သိရပါတယ်။ တကယ်တမ်းဒီသတင်းက မဟုတ်ဘဲ ကလေးလိုချင်နေတဲ့အချိန်မှာ ခုလို မဟုတ်တဲ့သတင်းမှားအတွက် စိတ်အနှောင့် အယှက် ဖြစ်ရတယ်လို့လည်း အောင်လက ပြောပါတယ်။
“ကျွန်တော်တို့ကို အင်တာဗျူးလာလုပ်မသွားဘူး။ အင်တာမဗျူးဘဲနဲ့ ထည့်တာတော့ မကောင်းဘူး။ အင်တာဗျူးပေါ်မှာ ကိုယ့်အာဘော်လေးနည်း နည်းထည့်တယ် ဆိုရင် တော်သေးတယ်။ အခုက လုံးဝကို အင်တာဗျူးမလုပ်ဘဲ ဓာတ်ပုံတစ်ပုံလောက် သုံးပြီးလုပ်လိုက်တာ။ ဒါကတော့ ကောလာဟလ သတင်းဆိုတော့ သိပ်ပြီးထွေေ ထွထူးထူးတော့ လုပ်စရာ မရှိပါဘူး။ ဒါပေမဲ့ တချို့နယ်က အင်တာနက် သုံးသူတွေကျတော့ ဒီသတင်းကို ဖတ်ပြီး ယုံသွားနိုင်တယ်။ မယုံတဲ့သူတွေအတွက် ကျတော့ လည်း ကျွန်တော်ကပဲ မိန်းမ တိတ်တိတ်ပုန်းယူထားပြီး မွေးသလိုဖြစ် နေတယ်။ ကျွန်တော်တို့ မောင်နှံအနေနဲ့ကလေး တအားလိုချင်နေတဲ့ အချိန်မှာခုလို မဟုတ်ဘဲ အင်တာနက်မှာတက်လာတော့ စိတ် မကောင်းဘူးပေါ့။ ကျန်တာတော့ ဆိုးဆိုး ရွားရွားလည်းရေးထားတာ မဟုတ် တဲ့အတွက် သိပ်တော့ ပြော စရာမရှိပါဘူး” လို့ အောင် လ က ပြောပါတယ်။
အောင်လနဲ့ သူ့ ချစ် သူမိုးငယ်တို့နှစ်ဦး က ၂ဝ၁၄ ခုနှစ်ထဲမှာ လက် မှတ်ရေးထိုး လက်ထပ်ခဲ့ ကြတာလည်း ဖြစ်ပါ တယ်။ အောင်လက အနု ပညာလှုပ်ရှားမှုအနေ နဲ့ သူ့ရဲ့ နောက်ဆုံး ထွက် စီးရီး ‘ပင်လယ်ထဲက မြစ်များ’ MTVကို လည်းလတ်တလောမှာ အပြီးသတ် ရိုက်ကူး နေတယ်လို့ သိရပါ တယ်။
ရဲရဲ
Source:popularmyanmar.com
0 comments:
Post a Comment