ရဲတိုက်ပါဝင်သရုပ် ဆောင်ထားတဲ့ လွမ်းစိမ့်ကို နဂိုမူရင်း ဇာတ်လမ်းအတိုင်း ဖြန့်ချိလိုကြောင်း ဦးမျိုးဇော်ပြော

ရဲတိုက်ပါဝင်သရုပ်ဆောင် ထားတဲ့  ‘လွမ်းစိမ့်’ဇာတ်ကားကို ဆင်ဆာအဖြတ်ခံထားရတဲ့ ၃၅ မိနစ်စာအပါအဝင် နဂို မူရင်းဇာတ်လမ်းကို အခုအချိန် မှာ  ပြန်လည်ဖြန် ချိခွင့်ရချင် တဲ့ဆန္ဒပြင်းပြနေလျက်ရှိပါ ကြောင်း ဦးမျိုးဇော်က ဖွင့်ဟ ဆိုလာပါတယ်။
“အပြည့်အဝ ပြနိုင်ဖို့ကို လုပ်ချင်တယ်။ တကယ်လွတ် လပ်ပြီဆိုရင်တော့ အဲဒီဇာတ်ကားလေးကို နောက်တစ်ခေါက်ထပ်ဖြန့်ချင်တယ်။ အဲဒီလို ဖြန့်ရမရ တော့   သေချာမသိဘူး။ အခုလောလောဆယ်တော့ မရဘူး။ ဆင်ဆာကလည်း မပေးသေးဘူးလေ။ နောက်ပိုင်းမှာ ခေတ်ပြောင်းသွား ပြီဆိုရင်တော့ ပြည်သူလူထုကို ပြ ချင်သေးတယ်။ ပိုက်ဆံရချင်လို့ မဟုတ်ပါဘူး။ ကြည့် ချင်တဲ့သူတွေ လာဝယ်နိုင်ဖို့အတွက်ပါ။ ခေတ်ကာလအပြောင်းအလဲအရ အခွင့်အရေးရလာရင် အများပြည်သူ အတွက်ကို ဆင်ဆာက မရှိတော့ဘူး။ အားလုံးကို လွတ်လပ်ခွင့် pass  ပေးလိုက်တယ်ဆိုရင် ‘လွမ်းစိမ့်’ဟာလည်း ဆင်ဆာ ပြန်တင်စရာမလိုတော့တဲ့အချိန် ကို ရောက် သွားပါမယ်။ ဖြတ်ခံ ထားရတဲ့ ၃၅ မိနစ်လုံးကိုပါ ပြန်ထည့်သွင်းပြီးတော့ အများပြည်သူကြည့်ရှု နိုင်အောင် ဆင်ဆာမဖြတ်ရသေးတဲ့ Version အဖြစ်နဲ့ ထုတ်ရောင်းသွား ချင်တယ်။ တကယ့်အစစ်အမှန် သဘောကတော့ လွမ်းစိမ့်ဇာတ်ကားလေးကို အစစ်အမှန် အလေးထားပြီးတော့ ပြန်လည်ကြည့်ရှုချင်တဲ့သူတွေအတွက်ပါ။ ဒီဇာတ်ကားကို ကျွန်တော်တို့ edit   လုပ်စဉ်အခါကလည်း အကြိမ်ပေါင်း ၄ဝထက် မနည်းကြည့်ခဲ့ကြတယ်။ အကြိမ်တိုင်းမျက်ရည်ဝဲခဲ့ရတယ်။ ဒီလို ဇာတ်လမ်းဇာတ်ကားမျိုး ကို နောက် တစ်ခေါက်ထပ်ရိုက်နိုင်ဖို့ မလွယ်ဘူး။ နောက်တစ်ခါ ထပ်ရိုက်ပါလားဆိုတာ မလွယ်တဲ့ အလုပ်တစ်ခုပါ။ အဲဒီအတွက် ကြောင့် ဒီဇာတ်လမ်းလေးကို မျှဝေခံစားကြစေ ချင်ပါတယ်”လို့ ဦးမျိုးဇော်က ပြောပြထားခဲ့ပါတယ်။
၁၉၈၇-၈၈ ခုနှစ် အရေးအခင်းကာလနောက်ခံ ‘လွမ်းစိမ့်’ ဗီဒီယို ဇာတ်ကားဟာ ရိုက်ကူးတည်းဖြတ်ပြီးနောက် ၂ နှစ်ကျော်အကြာအထိ ဆင်ဆာ အဖွဲ့ရဲ့ တင်းကျပ်ခြင်း ကို ခံထားခဲ့ရာကနေ ၂ဝ၁၂ ခုနှစ်အရောက်မှာတော့ ဆာတိုရီ ဗီဒီယိုထုတ်လုပ်ရေးကနေပြီးတော့ ပြည်သူလူထုကြည့်ရှုခံစား နိုင်ဖို့အတွက် ဖြန့်ချိပေးနိုင်ခဲ့ပါတယ်။ အဲဒီ လွမ်းစိမ့်ဇာတ်ကားကိုတော့ ဒါရိုက်တာချိုတူးဇော် ရိုက်ကူးပေးထားခဲ့တာဖြစ်ပြီး ရဲတိုက်၊ ပြေဇင်၊ အေးမြတ်သူ၊ နိုဘယ်ကျော်ကျော်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားခဲ့ကြ တာဖြစ်ပါတယ်။
“လွမ်းစိမ့် ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုက LA, New York  အပါအဝင် မြို့ကြီး ၁ဝ မြို့မှာ ပြသခဲ့တယ်။ ဒါရိုက်တာ ချိုတူးဇော်က လိုက်ပြ တာပေါ့။ သူအမေ ရိကကို ပြန်သွားတဲ့အချိန်ပေါ့။ အဲဒီက ရလာတဲ့ငွေတွေကို ပရဟိတလုပ်ငန်းတွေမှာ လှူလိုက်တယ်။ ဆင်ဆာက ဒီနိုင်ငံမှာ ပိတ်ပင်ခံထားရ တဲ့အချိန်မှာ ကိုချိုတူးဇော်က အမေရိကမှာ ပြလိုက်တာ။ လာကြည့်တဲ့ မြန်မာ ကျောင်းသား လေးတွေကတော့ မျက်ရည်တွေ ကျခဲ့ရတယ်လို့ ကိုချိုတူးဇော်က ပြန်ပြောမှ သိရတယ်” လို့ ဆာတိုရီ ထုတ်လုပ်ရေးရဲ့ ပရိုဂျူဆာ ကိုမျိုးဇော်က ဆိုပါတယ်။ အဲဒီနောက်ပိုင်း ၂ဝ၁ဝခုနှစ်မှာ အသနားခံစာပြန်တင်ပြီးတော့ ဆင်ဆာ ရအောင် ယူခဲ့ရတယ်လို့ ဦးမျိုးဇော်က ဖွင့်ဟဆိုပါတယ်။
“ဒါပေမဲ့လည်း အရင်တုန်းက ဖြတ်တောက်ထားတဲ့ ၃၅မိနစ်စာ ဖြတ် တောက်ထားတဲ့အတိုင်းပဲ ခွင့်ပြုပေးခဲ့တာ။ အခုလက်ရှိဖြန့်ချိထားတဲ့ ‘လွမ်းစိမ့်’ က ၃၅မိနစ် တိတိဖြတ်ခံထားရတဲ့ ဇာတ်ကားပါ” လို့ ဦးမျိုးဇော်က ထောက်ပြ ပြောဆိုပါတယ်။
ထက်လူ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment