စစ်တွေ ယဉ်ကျေးမှု ပြတိုက်မှ ရှေးဟောင်းပစ္စည်းများ ရန်ကုန်သို့ပို့စဉ် စစ်တွေကားဂိတ်တွင် ဖမ်းမိ


စစ်တွေ၊ ဇူလှိုင် ၉

ယနေ့ နေ့လယ် ၁ နာရီခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့ ယဉ်ကျေးမှု ပြတိုက်မှ ခိုးယူပြီး ရန်ကုန်သို့ ပို့ဆောင်သည်ဟု ယူဆရသော ရှေးဟောင်းကျောက်စာ တစ်ချပ် အပါအ၀င် အရေးကြီးသော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ဒေသခံ ပြည်သူများက ၀ိုင်းဝန်း ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူ တစ်ဦးက နိရဉ္စရာသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ပထမ တိုးရတနာ ကားဖြင့် ပို့ဆောင်ရန် စီစဉ်ရာ လက်မခံသဖြင့် အောင်ပြည့်စုံကားဂိတ်တွင် ယင်းပစ္စည်းများကို ပို့ဆောင်ရန် တန်စာ ခံယူနေစဉ် ဖမ်းမိသည်ဟု ပြောသည်။

“ ဖမ်းမိတဲ့ အထဲမှာ ရှေးဟောင်းကျောက်စာတစ်ချပ်၊ ကျောက်သံလျက် တစလက်ရယ်၊ ရှေးဟောင်းတွေလည်း ပါဝင်ပါတယ်။ ဒီလို သယ်ယူပို့ဆောင်တာကို သိနေတဲ့ လူ တစ်ဦးက သတင်းပေးတဲ့ အတွက် နိုင်ငံရေးပါတီက လူတွေရယ်၊ လူမှုအဖွဲ့အစည်းက လူတွေရယ်။ ရဲတွေလည်း ပါတယ်။ ၀ိုင်းဖမ်းပြီး အခု ယဉ်ကျေးမှုပြတိုက်သို့ ပြန်ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။

နောက် တစ်ယောက်က ပါဝင်သော ပစ္စည်းများကို ပြောကြားရာတွင် ယခု ဖမ်းဆီးရမိသောရှေးဟောင်း ပစ္စည်းများထဲတွင် လေးမြို့ခေတ်လက်ရာဟု ယူဆရသော ကျောက်ပြားကြီး တစ်ချပ်၊ ကျောက်ဆစ်လက်ရာ နတ်ရုပ်တစ်ရုပ်၊ ရုပ်ထုကျောက် နှစ်ဖက်ချွန် သံလျက် တစ်လက် ပါဝင်သည်ဟု ပြောဆိုသည်။ ၎င်းပစ္စည်းများကို တစ်ထွာခန့်အမြင့်ရှိသော သစ်သားများဖြင့် အသေအချာ ချိတ်ပိတ်ပြီး တန်ဆာခံကာ ပို့ဆောင်ရန်စီစဉ်ခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

ယခု ပစ္စည်းများအား ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ ယဉ်ကျေးမှု ပြတိုက် ဦးစီး အရာရှိ ဒေါ်သူဇာစံက ရန်ကုန်ရှိ ရှေးဟောင်းသုတေသန ဒုညွှန်ကြားရေးမှူး ဒေါ်အေးအေးသန်းထံသို့ လိပ်မူတတ် ပို့ဆောင်ခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

ဒေါ်သူဇာစံအား အကြောင်းကြားခေါ်ယူရာတွင် ကားဂိတ်သို့ ရောက်ရှိလာပြီး ယင်းပစ္စည်းများကို ဖွင့်ပြခဲ့သည်ဟုဆိုသည်။

ဒေါ်သူဇာစံက ဒီပစ္စည်းတွေကို ရန်ကုန်ကို ယူခြင်းမှာ ရန်ကုန်တွင် ပြသရန် ဖြစ်သည်ဟု ပြောဆိုကြောင်း သိရသည်။

ဖမ်းဆီးရာတွင် ပါဝင်သူများက ရှေးဟောင်းပစ္စည်းများအား ယခုလို ယူဆောင်၍ မရကြောင်း ပြောဆိုပြီး ပြန်လည် သိမ်းဆည်းကာ ပြတိုက်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ဒေါ်သူဇာစံအား ဆက်သွယ်ရန် ကြိုးစားနေသော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Narinjara
https://www.facebook.com/pages/Narinjara
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment