မြ၀တီ - ကော့ကရိတ် လမ်းနှစ်သွယ်ကို ပိတ်လိုက်ပြီးဟု (ဒီကေဘီအေ) ကပြောဆို

(ဒီကေဘီအေ) မှ ဗိုလ်ကြီးစောသရီးထူး ။ ဓာတ်ပုံ - (ဒီကေဘီအေ)
ဇူလိုင် - ၄ - ၂၀၁၅

တိုက်ပွဲကာလအတွင်း ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်ရန်အတွက် မြ၀တီ - ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းဟောင်းနှင့် ဒေါနတောင်ပတ်ကားလမ်းသစ်(အာရှလမ်းသစ်) တို့ကို ယနေ့မှစတင်ကာ ခရီးသွားလာခွင့် ပိတ်လိုက်ပြီးဟု (ဒီကေဘီအေ) ကလို့ထူးဝါးစစ်ကွပ်ကဲရေးဌာန ထောက်လှန်းရေးမှူး ဗိုလ်ကြီးသရီးထူးက ပြောဆိုသည်။

၎င်းက" တိုက်ပွဲကဖြစ်နေတုံးပါဘဲ တတန်ကူးနဲ့ ရွာသစ်ကုန်းကြားက တောင်ကုန်းနေရာမှာ ဒီနေ့မနက် ၅ နာရီခွဲမှာတကြိမ် ညနေ ၅ နာရီ ၁၅ မှာတကြိမ်ဖြစ်တယ် အခြေအနေက ခရီးသွားတွေ လတ်တလောဒီလမ်းတွေကို အသုံးမပြုဘို့ပြောခင်ပါတယ် အန္တရာယ်များတဲ့အတွက် ဒီလမ်းတွေကို ပိတ်လိုက်ရတာဖြစ်တယ်" ပြောသည်။

တိုက်ပွဲများပြီးဆုံးသွားပါက အဆိုပါလမ်းများကို ပြန်လည်ဖွင့်လှစ်ပေးမည်ဟုလည်း ဗိုလ်ကြီးစောသရီးထူးက ဖြည့်စွက်ပြောဆိုသည်။

ခရီသည်တင်ကားမောင်းသူတဦးက " ဒီနေ့ညနေပိုင်းထိတော့ လမ်းဟောင်းကိုသုံးလို့ရသေးတယ် မနက်ဖြန်တော့ ဘယ်လိုလာအုံးမှာလည်း မသိသေးဘူး " ဟု ဆိုသည်။

ယခုလ ၂ ရပ်နေ့မှစတင်ကာ မြန်မာစစ်တပ်နှင့်(ဒီကေဘီအေ) တပ်ဖွဲ့များအကြား မြ၀တီ - ကော့ကရိတ်တောင်ပတ်ကားလမ်းသစ်အနီးရှိ တတန်ကူးနှင့်ရွာသစ်ကုန်းကြားတွင် စတင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပဋိပက္ခမှာ ယနေ့တိုင်အဆုံးသတ်နိုင်ခြင်း မရှိသည့်အတွင် ဒေါနတောင်ပတ်ကားလမ်းသစ်ကို ခရီးသွားများ အသုံးပြုနိုင်ခြင်းမရှိဘဲ ပျတ်ထားရသည်မှာ ၃ ရက်ရှိပြီးဖြစ်သည်။

လမ်းသစ်တွင် တိုက်ပွဲဖြစ်ပွားနေစဉ် ခရီးသွားများလမ်းဟောင်းကို အသုံးပြုနိုင်သော်လည်း .ယနေ့မှစတင်ကာ လမ်းဟောင်းကိုပါ (ဒီကေဘီအေ) က ပိတ်လိုက်သဖြင့် ခရီးသွားများ စိုးရိမ်နေကြသည်ဟု ကော့ကရိတ်နှင့်မြ၀တီမြို့ခံများက ပြောဆိုကြသည်။

ယနေ့နံနက်ပိုင်းက ဒေါနတောင်ပတ်ကားလမ်းသစ်ကို အသုံးပြုကာမော်တော်ဆိုင်ကယ် ခရီးသွားနေသည့် ဇနီးမောင်နှံနှစ်ဦးကို အမည်မသိသေနတ်သမားများက ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ ကော့ကရိတ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသည်ဟု ကော့ကရိတ်မြို့ခံ မီဒီယာ သမားတဦးကပြောသည်။

နှစ်ဘက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ဆိုင်းနိုင်ရန်အတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နှစ်ဘက်တာဝန်ရှိသူများနှင့်ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟုလည်း သိရှိရသည်။

လက်ရှိဖြစ်ပွားနေသည့် နှစ်ဖက်ပဋိပက္ခ အဆုံးမသတ်နိုင်သေးသည့်အတွက် ဒေသတွင်စစ်မီးများ တကြော့ပြန် တောက်လောင်လာမည်ကို အထူးစိုးရိမ်မိသည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment