တကသ ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်နဲ့ ကိုနန်းလင်းတို့ကို ပန်းပဲတန်းမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်တယ်လို့ ပန်းပဲတန်းမြို့နယ် ရဲစခန်းက ရဲမှုး ဦးခင်မောင်ထွေးက အတည်ပြုပြောပါ တယ်။
"ဖမ်းဝရမ်းက ပန်းပဲတန်းမြို့နယ် တရားရုံးကထုတ်တာပါ၊ ပန်းပဲတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဌာန ကပါ၊ သူကတရားရုံးကို တိုင်လျှောက်လို့ပါ၊ သူတို့က လည်း ဖမ်းဝရမ်းထုတ်ပေးပါဆိုတော့ တရားသူကြီးက ထုတ်ပေးတာပေါ့နော်၊ ၁ ရက်နေ့ကပါ၊ ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူ သုံးယောက်ပါခင်ဗျာ၊ သူတို့ရဲစခန်းရော၊ တိုင်းရော၊ ခရိုင်ရော အကုန်လုံးဝရမ်းတွေကို ကျနော်မိတ္တူပေးလိုက်တာပေါ့နော်၊ အားလုံး ဖမ်းဖို့ရာအတွက် ညွှန်ထားတာပေါ့"
အဲ့ဒီအထဲက တကသ အဖွဲ့ဝင် ကိုပိုင်ရဲသူကို ဇူလိုင် ၁ ရက်နေ့ညက ဖမ်းဆီးလိုက်ပြီး လက်ရှိအင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။
ကိုဇေယျာလွင်နဲ့ ကိုနန်းလင်းတို့ ၂ ဦး ကတော့ လက်ရှိမှာ အဖမ်းမခံရသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့မှာ တကသ ကျောင်းသားအဖွဲ့ဝင်တွေ စုပေါင်းပြီး လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးရေးကို ရန်ကုန်မြို့ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။
သူတို့ သုံးဦးကို ပုဒ်မ ၅ဝ၅(ခ) အပြင် တရားမဝင် စီတန်းလှည့်လှည်မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပန်းပဲတန်း မြို့နယ်ရဲစခန်းက အမှုဖွင့်ထားသလို နောက်ထပ် ကျောင်းသား၂ ဦးကိုလည်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
RFA Burmese
http://www.rfa.org/burmese

0 comments:
Post a Comment