ယာယီတပ်ရင်းမှုးတစ်ဦး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံး


    ဟုမ္မလင်းမြို့ ၊ ခမရ(၃၆၉)တပ်မှ တပ်ဖွဲ့ပိုင် မော်တော်ယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကာ ချောက်ထဲ ပြုတ်ကျသွားမှုကြောင့် ယာယီတပ်ရင်းမှုးတစ်ဦး ပြင်းထန် ဒဏ်ရာများရရှိကာ ယခုလ(၁၃) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ရကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနထံမှ သိရသည်။

  ဖြစ်စဉ်မှာ ယခုလ(၁၂) ရက်နေ့ညနေ (၄) နာရီအချိန်တွင် ခမရ (၃၆၉) တပ်မှ ယာယီတပ်ရင်းမှူးသည် တပ်ရင်းမှ နားနောက် ကျေးရွာသို့ တပ်ပိုင်ကားဖြင့် ကိုယ်တိုင်မောင်းနှင်သွားရာ ရာဘာခြံအဆင်း တစ်နေရာအရောက်တွင် ယာဉ်ဘရိတ်မှာ ချို့ယွင်းမှုဖြစ်ပွား၍ လမ်းအရှေ့ဘက် ပေ (၂၀)ခန့်မြင့်သည့် ရေကာတာ ရေပိုလွှဲ မြောင်းအတွင်းသို့ ထိုးကျသွားခဲ့ကြောင်း ပထမ သတင်းပေးချက်များ အရ သိရသည်။

  ယင်းသို့ ယာဉ်ဘရိတ်ချို့ယွင်းကာ ချောက်အတွင်းသို့ ထိုးကျသွားခဲ့မှုကြောင့် ယာယီတပ်ရင်းမှူးတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်ပြင်ပ၌ ထိခိုက်ဒဏ်ရာများ မရှိဘဲ ကျောရိုးအဆစ် အနေအထား ပုံမှန်မရှိခြင်း၊ ခြေလက်များ လှူပ်ရှား၍ မရခြင်း စသည့် ဒဏ်ရာများ ရရှိကာ ဟုမ္မလင်းမြို့ခုတင် (၁၀၀) ဆံ့ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး သက်သာခြင်းမရှိသည့်အတွက် ရေလမ်းကြောင်းမှတစ်ဆင့် မုံရွာမြို့သို့ ထပ်မံပို့ဆောင်ကုသစဉ် ကလေးဝမြို့နယ် အရောက်တွင် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။

  ယင်းသို့ ယာဉ်တိမ်းမှောက်စဉ်တွင် ယာယီတပ်ရင်းမှုး နှင့်အတူ ယာဉ်ပေါ်၌ တပ်မတော်အရာရှိတစ်ဦး၊ အရပ်သားတစ်ဦး တို့ပါရှိပြီး၊ ၎င်းတို့နှစ်ဦးတွင် ဒဏ်ရာပြင်းထန်မှုမရှိဘဲ ဆေးကုသမှုခံယူနေရကြောင်း သိရပြီး၊ ယင်းသို့ မော်တော်ယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်၍ စုံစမ်းမှုများ ထပ်မံပြုလုပ်နေကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးထံမှ သိရသည်။

The Messenger Media
http://messengernewsjournal.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment