လူထုမူးယစ်တိုက်ဖျက်အဖွဲ့ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ရဲတပ်သားအားဖမ်းမိ


ဓါတ်ပုံ- ရဲတပ်သားထံမှ ဖမ်းမိ မူးယစ်ဆေးနှင့်ငွေသားတချို့
ဂျူလိုင်လ ၁၆ ရက် ၂၀၁၅

 သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီးဒေသတွင် ဒေသ တွင်းသျှမ်းလူငယ် နှင့် ဒေသခံလူထုတို့ပူးပေါင်းကာ ကိုယ့်အားကိုယ်ကိုး မူးယစ်ဆေးဝါး ရှင်းလင်းရေး ပြုလုပ် ရာ အစိုးရ၏ ပြည်သူ့ရဲ တပ်ဖွဲ့မှရဲ တပ်သား တဦးကိုပါ မူးယစ်ဆေးနှင့်အတူဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

မူးယစ်ဆေးဝါးရှင်းလင်းရေးအား ဂျူလိုင်လ ၂ ရက်မှ ၁၃ ရက်နေ့အထိ မုံးစီးဒေသတွင် ပြုလုပ်ခဲ့ပါသည်။

“မုံးစီး ရဲစခန်းက ရဲတပ်သား မျိုးနိုင်ဦး အသက် ၂၅ နှစ်ကို မူးယစ်ဆေးဝါး လက်ဝယ်ဖမ်းမိ တယ်။ ဘိန်းဖြူ ယာဘတွေအများအပြားနဲ့ မြန်မာကျပ်ငွေ ၁၄ သိန်းပါ။ ၂ ရက်နေ့ ညနေ ၅ နာရီခွဲမှာ ဖမ်းမိတာပါ” ဟု မုံးစီးလူငယ် တဦးကပြောသည်။

အဆိုပါရဲတပ်သားအပြင် ဦးလုံရှီ(တရုတ်လူမျိုး) ၊ ဒေါ်ရှောက်ဟွမ် (တရုတ် လူမျိုး) ၊ မောင်လိ ကျင်းအန်း (တရုတ်လူမျိုး) ၊ ဦးပရာနန် (ကချင်လူမျိုး) ၊ အိုက်ဆမ်( တအာင်း လူမျိုး) တို့ထံမှလည်း ဘိန်းဖြူနှင့် ယာဘ များဖမ်းဆီးရမိခဲ့သည်ဟု ဆိုပါသည်။

ဖမ်းမိမူးယစ်ဆေး ရောင်းဝယ်သူတို့အား မုံးစီးရဲစခန်းတွင်အပ်နှံထားကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် အစိုးရတပ်အပြင် ကချင်တပ်၊ တအာန်း တပ်ဖွဲ့၊ မုံးစီးပြည် သူ့စစ်တပ်ဖွဲ့တို့လှုပ်ရှားပါသည်။

သမ္မတဦးသိန်းစိန်က မူးယစ်ဆေးဝါး အမှန်တကယ်ပပျောက်ရေး အတွက် တိုးမြင့်လုပ် ဆောင်သော်လည်း ဘိန်းဖြူ ယာဘ အစရှိ မူးယစ်ဆေးများ ထုတ်လုပ်ရောင်းဝယ်ဖောက် ကားမှုမှာ အဆမတန်များပြားလာသည့်အပြင် တာဝန်ရှိသူတချို့ကိုယ်တိုင် ပါဝင် ပတ်သက် နေသည်။

ဂျန္နဝါရီ ၂၃ ရက် ၂၀၁၅ ကလည်း ဒေသခံတဦးနှင့် အတူ မူးယစ်ဆေးဝါးေ ရာင်း ဝယ်နေ သည့် နမ့်ခမ်းမြို့နယ် တာဝန်ရှိ ရဲသား သိန်းဌေးအောင် အား ကိုယ်ထူကိုယ်ထ လူထုမူး ယစ်တိုက်ဖျက်ရေးအဖွဲ့မှ ရာဘ ၉၇ ပြား၊ ဘိန်းဖြူ ရီပိုပုလင်း တဝက်၊ ဆိုင်ကယ် တစီး နှင့် အတူ တရုတ်ငွေ၊ မြန်မာငွေများ လက်ဝယ်မိ ဖမ်းဆီးကာ တာဝန်ရှိရဲတပ်ဖွဲ့ ရဲစခန်းသို့ ပြန်လည် အပ်နှံလိုက် သည့်အမှုလည်း ရှိခဲ့ဖူးသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment