ကေကေအိုအဖွဲ့မှ ကျော်သက်နှင့် စောဆန်းအောင်ဦးစီးအဖွဲ့၏ လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


 နေပြည်တော် ဇူလိုင် ၁၄

 ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီလမ်းဟောင်းနှင့် အာရှ လမ်းသစ်အား တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က နယ်မြေရှင်းလင်း၍ ဖွင့်လှစ်ခဲ့ပြီး အများပြည်သူ လုံခြုံရေးအတွက် ကေကေအိုအဖွဲ့မှ ကျော်သက်နှင့် စောဆန်းအောင် ဦးစီးကြွင်းကျန် အဖွဲ့အား ဆက်လက်ရှင်းလင်းလျက် ရှိသည်။

ထိုသို့ရှင်းလင်းစဉ် ဇူလိုင် ၁၂ ရက် ညနေပိုင်းက အောင်ဗလ ကုန်းနှင့် အနီးပတ်ဝန်းကျင်တွင် ၎င်း အဖွဲ့မှ သိမ်းဆည်းထားသော အမ်-၁၆ သေနတ် ၁၁ လက်၊ အာရ်ပီဂျီ နှစ်လက်၊ အေကေ-၄၇ သေနတ် သုံးလက်၊ ပွိုင့်-၃ဝ ကာဘိုင်သေနတ် တစ်လက်နှင့် အမ်-၇၉ ဗုံးပစ် လောင်ချာနှစ်လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၉ လက်၊ ကျည်အိမ် မျိုးစုံ ၂၁ ခု၊ ကျည်မျိုးစုံ အတောင့် ၃၁ဝ၊ ဗုံးသီးမျိုးစုံ ၂၅ လုံး၊ စနိုက်ပါ မှန်ပြောင်းတစ်ခုတို့ သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းကလည်း တောင်ယာတဲ တစ်လုံးအတွင်းမှ ၆ဝ မမ စိန်ပြောင်း တစ်လက်၊ ဗုံးသီး ၁၄ လုံး၊ ရှေ့ထွက် မိုင်းတစ်လုံးနှင့် လမ်းလျှောက် စကားပြောစက်တစ်လုံးတို့ကို လည်း ကောင်း၊ ပွိုင့်-၃၈၂ တောင်ကုန်း တစ်ဝိုက်မှ လက်နက်မျိုးစုံ ငါးလက်၊ ကျည်မျိုးစုံ ၂၉၅၃ တောင့်၊ ကျည် အိမ်မျိုးစုံ ၅၉ ခု၊ ခဲယမ်းဆက်စပ် ပစ္စည်းများ၊ ဒေသန္တရလုပ်မိုင်းများ၊ ယာယီလူနေတဲများနှင့် မော်တော် ယာဉ်နှစ်စီးတို့ကို လည်းကောင်း ထပ်မံသိမ်းဆည်းရမိသည်။

ဆက်လက်၍ ကောင်းမှုကျေးရွာ အတွင်းရှင်းလင်းခဲ့ရာ ၎င်းတို့ အခြေပြုနေရာများမှ ရီမုတ်မိုင်း သုံးလုံးနှင့် ရီမုတ် တစ်ခု၊ ဒေသန္တရမိုင်း တစ်လုံး၊ အသုံးအဆောင်ပစ္စည်းများ အားသိမ်းဆည်းရမိပြီး ¤င်းတို့အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးအား ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိသည်။

အဆိုပါ နယ်မြေရှင်းလင်းမှု ပြုလုပ်စဉ် ၎င်းတို့အဖွဲ့မှ ဒေသခံ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေ ရန်ရည်ရွယ်၍ ဇူလိုင် ၁၃ ရက် ညနေပိုင်းက ကော့ကရိတ်မြို့ လူနေရပ်ကွက်အတွင်းသို့ လက်နက် ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ သည်။

သို့ဖြစ်၍ ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် ကော့ကရိတ် မြို့နယ်အတွင်း တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က နယ်မြေရှင်းလင်းခြင်းများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 (မြဝတီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment