တူရကီရှိ ထိုင်းကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရ

(တိုက်ခိုက်ခံထားရသော ထိုင်းကောင်စစ်ဝန်ရုံး)
 တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ ထိုင်းကောင်စစ်ဝန်ရုံးကို ဆန္ဒပြသူများက ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု Bankok Post သတင်းတွင် ဖော်ပြသည်။

ဆန္ဒပြ အုပ်စုတစ်ခုသည် အစ္စတန်ဘူလ်မြို့ရှိ ထိုင်သံရုံးရှေ့တွင် ဇူလှိုင်လ ၉ ရက်နေ့ ညနေ ၁၁ နာရီ ( ထိုင်းအချိန် ညနေ ၃ နာရီခန့်) အချိန်တွင် အစ္စလာမ်ဘာသာဝင် ၀ီဂါ လူမျိုး ၁၀၀ ကျော်အား ထိုင်းနိုင်ငံမှ တရုတ်ပြည်သို့ ပြန်ပို့သည်ကို မကျေနပ်သဖြင့် ဆန့်ကျင် ကန့်ကွက် ဆန္ဒပြရန် စုဝေးခဲ့ကြသည်ဟု ဆိုသည်။

ယင်းဆန္ဒပြမှုမှာ ဆူပူ အကြမ်းဖက်မှု အဖြစ်သို့ ပြောင်းလဲသွားပြီး ဆန္ဒပြသူများသည် ကောင်စစ်ဝန်ရုံးအတွင်းသို့ ချိုးဖျက် ၀င်ရောက်ပြီး မှန်တံခါးများကို ရိုက်ခွဲကာ ရုံးအတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် ထိုင်းအလံအား ဖြုတ်ချရန် ကြိုးစားခဲ့ကြပြီး တိုင်အောက်သို့ နှိမ့်ချပစ်ခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် တူရကီရဲများကလူစုခွဲခဲ့ရသည်ဟု သိရသည်။

သံရုံးဝန်ထမ်းများအား အထိအခိုက်မရှိခဲ့သော်လည်း အဆောက်အဦးအတွင်းရှိ ပစ္စည်းအများအပြားမှာ ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံသည် ယခုနှစ် မတ်လ အတွင်းက သူနိုင်ငံတွင် ခိုလုံရန် ရောက်ရှိလာသော ၀ီဂါလူမျိုး ၁၇၃ ဦးအထဲမှ ၁၀၉ ဦးကို တရုတ်နိုင်ငံသို့ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ပြန်ပို့ခဲ့သည်ဟု ကြာသပတေးနေ့က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အတိုက်အခိုက်ခံခဲ့ရသဖြင့် ထိုင်းကောင်စစ်ဝန်ရုံး ကြာသပတေးနေ့က စပြီး ပိတ်ထားသည်ဟု သိရသည်။

တူရကီနိုင်ငံတွင် ကမ္ဘာလှည့် တောင်ကိုရီးယား ခရီးသည် အုပ်စု တစ်ခုအား တရုတ်လူမျိုးအထင်ဖြင့် တိုက်ခိုက်ခဲ့သည်သာမက တူရကီလူမျိုးပိုင် တရုတ် စားသောက်ဆိုင် တစ်ခုလည်း တိုက်ခိုက်ခံခဲ့ရသည်ဟု တူရကီ သတင်းစာ Hurriyet newspaper တွင် ဖော်ပြထားသည်။

တရုတ်ပြည်ရှိ ၀ီဂါလူမျိုးနှင့် တူရကီလူမျိုးတို့သည် မျိုးနွယ်တူကြသည်ဟု သိရသည်။

Narinjara
https://www.facebook.com/pages/Narinjara
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment