ဗန္ဓုလတံတား ထိပ်ယဉ်တိုက်မှု အနည်းဆုံး ၁၅ ဦး ဒဏ်ရာရ


 ရန်ကုန် ဇူလိုင် ၁၅

 ရန်ကုန်မြို့ မဟာဗန္ဓုလတံတား ထိပ်ဒေါပုံဘက်ခြမ်း၌ ဇူလိုင် ၁၄ ရက် ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားရာ အနည်းဆုံး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရ သည်။

''ဒဏ်ရာရတဲ့သူတွေက ၃၅ မီနီဘတ်စ်ကားပေါ်က များပါတယ်။ နဖူးကွဲ၊ ခေါင်းကွဲပွန်းပဲ့သူတွေ များပါတယ်။ ဒဏ်ရာအပြင်းဆုံးက လက်ကျိုးတဲ့သူလည်း ပါနိုင်ပါတယ်'' ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြော သည်။

အဆိုပါယာဉ်တိုက်မှုသည် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ ရှုခင်းသာလမ်းမကြီးပေါ်၌ ကိုကျော်ရှင်းအောင် မောင်းနှင်လာ သော ကုန်တင်လိုက်ထရပ်ယာဉ် 8E/----နှင့် ကိုသက်အောင်နိုင် မောင်းနှင်လာသော ၃၅ မီနီဘတ်စ် တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ကိုကျော်ရှင်းအောင် မောင်းနှင် လာသော ကုန်တင်လိုက်ထရပ်ယာဉ် သည် ရှုခင်းသာလမ်းမကြီးအတိုင်း မောင်းနှင်လာကာ မီးပွိုင့်၌ ရပ်တန့် နေစဉ် ဗန္ဓုလတံတားပေါ်မှ ဆင်းလာ သော အဆိုပါ ၃၅ မီနစ်ဘတ်စ်သည် ယာဘက်ယာဉ်ကြောမှ ဆင်းရမည့် အစား အလယ်လမ်းကြောအတိုင်း ဆင်းလာရာ အရှိန်မထိန်းနိုင်ဘဲ လိုက်ထရပ်ယာဉ် ဦးခေါင်းပိုင်းနှင့် တိုက်မိပြီး မော်တော်ယာဉ်နှစ်စီးစလုံး လဲကျသွားခဲ့ကြောင်း သိရသည်။

ယင်းယာဉ်မတော်တဆမှုကြောင့် ၃၅ မီနီဘတ်စ်ကားပေါ်မှ ခရီးသည် များဒဏ်ရာရရှိပြီး လိုက်ထရပ်ယာဉ် မောင်းမှာလည်း ဒဏ်ရာများ ရရှိ သွားကြောင်း၊ ယင်းမတော်တဆ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် များက အသေးစိတ် စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း သိရ သည်။

သတင်းနှင့် ဓာတ်ပုံ
ကြံတိုင်းအောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment