အမေရိကန်တို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း လေးယောက်မြောက် ISIS ခေါင်းဆောင် သေဆုံး


ကဘူးလ် ၊ ၁၂-၇-၂၀၁၅

ယမန်နေ့တွင် အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်းရှိ ISIS ပစ်မှတ်များကို အမေရိကန် တိုက်လေယာဉ် များက တိုက်ခိုက်ခဲ့ရာ ထိပ်တန်း ISIS ခေါင်းဆောင် တစ်ဦး သေဆုံးခဲ့ပြီး ISIS စစ်သွေးကြွ များကို သစ္စာခံပြီး အရှေ့ အလယ်ပိုင်း ဒေသ၌ လှုပ်ရှားသော  ISIS စစ်သွေးကြွ ထိပ်တန်း ခေါင်းဆောင် များကို တစ်ပတ်အတွင်း လေးဦးမြောက် သုတ်သင် ရှင်းလင်း နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က သေဆုံး သွားသော ISIS ခေါင်းဆောင်မှာ Hafiz Saeed ဖြစ်ကြောင်း အဖဂန်နစ္စတန် နိုင်ငံ အမျိုးသား လုံခြုံရေး ညွှန်ကြားရေးမှူး က ထုတ်ဖော် ပြောကြား  လိုက်ပြီး အမေရိကန် တိုက်လေယာဉ် များက သောကြာနေ့ ညပိုင်းမှ စတင်ကာ နန်ဂါဟာ ပြည်နယ်ခွဲ အချင်းခရိုင် ရှိ ISIS ပစ်မှတ်များကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ Hafiz Saeed သည် နောက်လိုက် ISIS တပ်ဖွဲ့ဝင် ဦးရေ ၃၀ နှင့်အတူ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား လုံခြုံရေး ဌာနက အတည်ပြု ခဲ့သည်။

Hafiz Saeed သည် ပါကစ္စတန် နိုင်ငံသားဖြစ်ပြီး မကြာသေးမီက ISIS သစ္စာခံ ထားသော တာလီဘန် အကြီးအကဲ တစ်ဦး ဖြစ်ကြောင်း ၊ အာဖဂန်ရှိ ISIS သစ္စာခံသော အကြမ်းဖက် အဖွဲ့အသစ် များကို အမေရိကန် ဒရုန်းများက တိုက်ခိုက်လျက် ရှိကြောင်း ၊ လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက ISIS ခေါင်းဆောင် သုံးဦးကို သတ်ဖြတ် နိုင်ခဲ့ကြောင်း ၊ ယမန်နေ့ သေဆုံးသူ ခေါင်းဆောင် အပါအ၀င် တစ်ပတ်အတွင်း ISIS ခေါင်းဆောင် လေးဦး သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

အာဖဂန်နစ္စတန် နိုင်ငံသည် တာလီဘန် သောင်းကျန်းသူ များ၏ ရန်ကုန် ပြီးစီးအောင် မရှင်းနိုင် သေးသည့် အချိန်တွင် တာလီဘန် များက ISIS သစ္စာခံ သွားကြသည်မှာ စိုးရိမ်စရာ ဖြစ်ကြောင်း ၊ အာဖဂန် နိုင်ငံ အတွင်း၌ ISIS အင်အား ကြီးထွား မလာစေရန် ရှိသမျှ အင်အားဖြင့် တိုက်ခိုက် နှိမ်နင်းလျက် ရှိကြောင်း ၊ သို့သော် အမေရိကန် ၏ လေကြောင်း ပစ်ကူမပါဘဲ ISIS စစ်သွေးကြွ များကိုဖြစ်စေ ၊ တာလီဘန် ကိုဖြစ်စေ ထိန်းချုပ်ရန်မှာ လွယ်ကူမည် မဟုတ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment