ရွေးကောက်ပွဲအတွက် NLD နဲ့ SNLD ညှိနှိုင်း

 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ကို တွေ့ရစဉ် Photo: RFA
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်တွေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဗဟိုကော်မတီဝင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ဒီနေ့ ရန်ကုန်မြို့မှာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

NLD ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းနဲ့ SNLD ဥက္ကဌ ဦးခွန်ထွန်းဦး တို့ဦးဆောင်ပြီး တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

"တွေ့ဆုံပွဲကတော့ NLD ဘက်ကတော့ ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဟန်သာမြင့်၊ SNLD ဘက်က ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွှန့်လွင်၊ အဓိကပြောတာကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ NLD ဘက်က CRPP အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းလုပ်သွားမယ်ဆိုတဲ့ သဘောထားကိုပြောပြတာပါ၊ ဒါကို SNLD ဘက်က သဘောတူလား မတူလားပေါ့နော်၊ ဒါကိုသဘောတူပါတယ်"

ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP မှာ ပါဝင်တဲ့ တိုင်းရင်းသားပါတီတွေနဲ့ NLD တို့ မဲဆန္ဒနယ်မြေမထပ်ရေးအတွက်လည်း ဆက်လက်ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ဟာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီနဲ့ ဇိုမီးအမျိုးသားကွန်ဂရက် စတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်ခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကို NLD ပါတီ ၀င်ရောက်ရှင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေနဲ့ ညိုနှိုင်းဆောင်ရွက်သွားမယ်လို့ ဇူုလိုင်လ ၁၁ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းပွဲမှာ ပြောဆို ခဲ့ပါတယ်။ ဒီပြောဆိုချက်အရ ဒီကနေ့ ပထမဆုံး SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ NLD ပါတီ အကြိုညိုနိုင်းခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment