အစိုးရအနေဖြင့် အရေးပေါ်အခြေအနေ (State of Emergency) ကြေညာပြီး ရေဘေးမှ စောင့်ရှောက်သင့်ကြောင်း ဦးထွန်းလွင်ဆို


တစ်နိုင်ငံလုံးတွင် မိုးကြီးပြီး ရေကြီးမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် အစိုးရအနေဖြင့် အရေးပေါ်အခြေအနေ ကြေညာပြီး စောင့်ရှောက် သင့်ကြောင်း၊ အထူးသဖြင့် ဆည်မြောင်းများကို အလေးထားစောင့်ရှောက် သင့်သည်ဟု မိုးလေ၀သပညာရှင်ဦးထွန်းလွင်ကပြောဆိုသည်။

ဘင်္ဂလားပင်လယ်အောင်တွင် ဆက်လက်တည်ရှိနေသည့် မုန်တိုင်းကြောင့် ချင်း၊ရခိုင်၊မကွေးအနောက်ခြမ်းနှင့်ဧရာဝတီတိုင်းတို့တွင် မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနိုင်ပြီး လာမည့် ၄-၅ ရက် အတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ရေကြီးရေလျှံမှုများ အကြီးအကျယ်ဖြစ်ပွားနိုင်ခြင်းကြောင်း သတိပြုနေထိုင်ကြရန်လည်း ဦးထွန်းလွင်က တိုက်တွန်းထားသည်။

မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ “နေရာက ဘင်္ဂလားဒေ့ရှ် တောင်ဘက်ကမ်းစပ်မှာပဲ၊ ဒါပေမယ့် မောင်တောနဲ့တော့ သိပ်မဝေးဘူးပေါ့။ မုန်တိုင်းအရှိန် တိမ်စွယ်တန်းတွေက ရခိုင် ကို ဖြတ်နေတယ်။ အဲ့ဒီတော့ ရခိုင်မှာ မိုးရွာတာ၊ လေတိုက်တာ၊ လှိုင်းကြီး တာတို့တော့ နောက်ထပ် အနည်းဆုံး ၄၈ နာရီလောက် ဆက်ဖြစ်နေဦးမယ်၊ မုန်တိုင်းက ရပ်နေတာ တရက်ကျော်သွားပြီ၊ နည်းနည်း အားပိုလာတာတော့ ရှိတာပေါ့။”ဟု ဒီဗီဘီ သတင်းဌာနနှင့် အင်တာဗျူးတွင် ဦးထွန်းလွင်ကပြောဆိုထားသည်။

တစ်နိုင်ငံလုံးမိုကြီးရေကြီးရခြင်းသည် မုတ်သုံလေ အားကောင်းခြင်းကြောင့်ဖြစ်ပြီး မုန်တိုင်းဖြစ်ပေါ်နေခြင်းနှင့်လည်း သက်ဆိုင်ကြောင်း၊ မုတ်သုံလေဦးသည် မြန်မာပြည်မြောက်ဖျားပိုင်း တွင်ဖြစ်ပေါ်ခဲ့ခြင်းကြောင့်လည်းဖြစ်သည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်ရာတွင် မြစ်ဝကျွန်းပေါ်ဒေသသည် ပြေးမလွတ်သည့် နေရာ ဖြစ်ပြီး ရှိသမျှ ရေများသည် မြစ်ဝကျွန်းပေါ်တွင် စုမည်ဖြစ်ကြောင်း၊ ချင်းတွင်းမြစ်ဖျားတွင် မိုးရွာလျှင်ပင် ဧရာဝတီမြစ်ထဲရောက်မည်ဖြစ်ရာ မြစ်ဝကျွန်းပေါ်ဒေသသည်အမြဲ သတိပေးနေသည့် ဒေသတစ်ခုဖြစ်သည်ဟုလည်း၎င်းကဆိုသည်။

တောင်ကျချောင်းရေ၀င်နိုင်သည့် အရပ်မျိုးတွင် ပိုမိုသတိထား ရမည်ဖြစ်ပြီး တောင်ကျချောင်းရေ၀င်နိုင်သည့် ဒေသ၊ မြေနိမ့်ပိုင်းဒေသ၊မြေပြိုနိုင်သည့် ဒေသမျိုးတွင် ဘေးကင်းရာပြောင်းရွှေ့ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟုလည်း၎င်းကဆိုသည်။

တစ်နိုင်ငံလုံးတွင် ရေကြီးနေခြင်းကြောင့် အစိုးရအနေဖြင့် အရေးပေါ်ကြေညာ သင့်ပြီး တပ်လှန့်သင့်ပြီဟုမြင်ကြောင်းလည်း ဦးထွန်းလွင်ကပြောကြားခဲ့သည်။

“ဒီလောက် မိုးကြီးတာ ထူးထူးခြားခြား ဖြစ်နေတာပဲ။ နည်းနည်းနောနော ပြည်နယ်တိုင်းလည်း မဟုတ်ဘူးလေ။ တပ်လှန့်ဖို့သင့်ပြီလို့ ကျနော်မြင်တယ်၊ တချို့ ရေကာတာတွေထဲက ရေက ဘောင်ဘင်ခတ်နေပြီဗျ၊ ဘောင်ဘင်ခတ်နေပြီဆိုတော့ မိုးကြီးတာနဲ့ မိလိုက်ရင် အောက်ကတကြောက အကုန်သွားမှာပဲ။ ”ဟု ဦးထွန်းလွင်ကပြောဆိုခဲ့သည်။

ထို့အတူဦးထွန်းလွင်က ဇူလိုင် ၂၉ ရက် ညနေ ၂နာရီခွဲခန့်တွင် “ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းစပ်တွင်ဖြစ်ပေါ်နေ ခဲ့သောမုန်တိုင်းငယ်ဟာ အရှေ့တောင်ဖက် သို့မသိမသာေ၇ွ့လျှားခဲ့ပြီး ရခိုင်ကမ်းခြေဖက်ပိုကပ်လာခဲ့ပေမယ့် အိန္ဒိယနိုင်ငံကမ်းခြေကိုဖြတ်ကျော်မည်ဟု ခန့်မှန်းပါတယ်။ မုန်တိုင်းရဲ့ အရှိန်ကြောင့် နောက်(၂၄)နာရီအတွင်း ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တွေ မှာ ဒေသအလိုက်မိုးကြီးနိုင်ပါတယ်။ ရခိုင်ပြည်နယ်ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ မိုးသက်လေပြင်းများတိုက်ခတ်ပြီး လှိုင်းကြီးနိုင်ပါတယ်။”ဟု ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတိပေးပြောဆိုထားသည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment