ရေမြှပ် ရွှံမြှပ် လယ်မြှပ် ကျွဲပျောက် နွားသေ အရင်းမြှပ် အတိုးပေးစရာ မရှိတော့တဲ့ ရေဘေးနှင့် ဘဏ်ကြွေးသင့် လယ်သမားများ


 မြန်မာနိုင်ငံတွင် မိုးကြီး ရေလျှံသည်မှာ အဆန်းတော့ မဟုတ်။ နစ်စဉ်လိုလို နေရာဒေသအချို့  ရေကြီးတတ်၏။ ပဲခူးတိုင်းတွင် နှစ်စဉ်ရေကြီးလေ့ ရှိသည်။ သို့သော် ၂၀၁၅ ရေကြီးမှုမှာ လူငယ်လူလတ်များပင် မကြုံ စဖူး မျက်လုံးပြူးရလောက်အောင် လူမူ ကွန်ရက်စာမျက်နှာများ တွင် ပျံလွှင့်ခဲ့သည်။

မုတ်သုံမိုးကောင်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေလွှမ်းခဲ့ပြီး တစ်လခန့်အကြာ တွင် ဒေသ အများအပြား၌ ရေများပြန်ကျသွားပြီဖြစ်သည်။ အစိုးရ အနေဖြင့် ရေဘေးကာကွယ်ရန် ကြိုတင် သတိပေးခြင်း၊ ကာကွယ်နိုင်ခြင်း မရှိရုံမျှ မက ရေကြီးပြီး ၁၀ ရက်ကျော်သည့်တိုင် ကယ်ဆယ်လုပ်ငန်းများကို ထိရောက်အောင် လုပ်ဆောင်နိုင်စွမ်း နည်းပါးခဲ့သည်။

ဒေါ်ပု၏ လယ်ကွင်းထဲတွင် စပါးပင်များ ရှင်သန်နေသင့်သော်လည်း ယခုအခါတွင် ဒူးခေါင်း ခန့်မြင့်သည့် မြက်ပင်များ ဖုံးလွှမ်းနေသည်။ မြန်မာနိုင်ငံအနှံ့ ရေလွှမ်းမိုးမှုကြောင့် လယ်မြေ ပျက်စီးခဲ့ရသည့် အခြားလယ်သမားများကဲ့သို့ပင် ဒေါ်ပုမှာ ယခုနှစ်တွင် လယ်မစိုက် လိုက်ရဘဲ ရိတ်သိမ်းရာသီရောက်ပါက စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့ကာ အကြွေးနွံနစ် မည်ကို စိုးရိမ်လျက်ရှိသည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ၃ ရက်ကြာ ရေမြုပ်ခဲ့ကာ သီးနှံ အများအပြား ပျက်စီးခဲ့ရသည့် လယ်မြေများကိုကြည့်ကာ ဒေါ်ပုက “ဆန်မရှိရင်တော့ ကျွန်မတို့ စားစရာ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

လာမည့် ရာသီအတွက် စိုက်ပျိုးထားသည့် မျိုးစပါးပျိုးခင်းများ အပါအ၀င် လယ်ဧက ၇၇၃၀၀ ပျက်စီးခဲ့ရသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။ သို့သော် ဒေါ်ပုကဲ့သို့ လယ်သမားများ အတွက် ပြန်လည်စိုက်ပျိုးရန် အချိန်များစွာမကျန်တော့ပေ။ အကယ်၍ ၂ ပတ်အတွင်း စိုက်ပျိုးမှု မပြုလုပ်နိုင်ပါက နိုဝင်ဘာ၊ ဒီဇင်ဘာ ရိတ်သိမ်းရာသီကို လွဲချော်ရမည်ဖြစ်သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ၏ မြန်မာနိုင်ငံ ဒါရိုက်တာ တွိုင်လီကာဘာနော့ဗ်က “မျိုးစပါးတွေ အချိန်မီ မဖြန့်ဝေပေးနိုင်ရင် လယ်သမားတွေနဲ့ လူမှုအဖွဲ့အစည်းတွေဟာ နောက်ထပ်စိုက်ပျိုးရာသီ ရောက်ချိန်အထိ ၆ လ ခန့်ကြာအောင် အစားအစာ ကူညီထောက်ပံ့မှုအပေါ် မှီခိုရဖွယ်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ဆိုင်ကလုန်း ကိုမန်ေ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ၃ ရက်ကြာ ရေမြုပ်ခဲ့ကာ သီးနှံအများအပြား ပျက်စီးခဲ့ရသည့် လယ်မြေများကိုကြည့်ကကြာင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှုနှင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ်တွင် မျိုးစပါးများထောက်ပံ့ရန် ဒေါ်လာ ၁၂ သန်းဖိုးခန့် အသုံးပြုမည်ဟု အစိုးရက ကြေညာခဲ့သည်။

နိုင်ငံအနှံ့ရှိ ရေလွှမ်းမိုးခဲ့သော လယ်မြေများမှ ဧက ၁၂၃၀၀၀ ကျော် ပြန်လည် စိုက်ပျိုးပြီးဖြစ်ဟု အစိုးရက ထုတ်ပြန်ခဲ့သော်လည်း ကန့်ဘလူမြို့နယ် ပါဝင်သည့် ရွှေဘိုခရိုင် စိုက်ပျိုးရေးဌာနမှ အရာရှိတစ်ဦးကမူ “လယ်သမားတွေကို မျိုးစပါးထောက်ပံ့ ဖို့ လောလောဆယ် အစီအစဉ်မရှိသေးပေမယ့် နိုင်ငံတော်ဆီ တင်ပြတောင်းဆိုထား ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲအဓိကထုတ်လုပ်သူဖြစ်သော်လည်း နိုင်ငံ၏ အဓိက သီးနှံမှာ စပါးဖြစ်သည်။ မြန်မာနိုင်ငံတွင် ထမင်းကို မနက်မှ ညအထိ ပုံစံမျိုးစုံဖြင့် စာသုံးကြသည်။ အစိုးရစာရင်းများအရ မြန်မာလူမျိုးများ၏ စာသောက်မှုတွင် ထမင်းက ၇၅ ရာခိုင်နှုန်း ပါဝင်သည်ဟုဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ဆန်တင်ပို့သည့် နိုင်ငံဖြစ်သည်။ ရေလွှမ်းမိုးမှုကြောင့်နိုင်ငံတွင်း ဆန်ပြတ်လပ်မှု မဖြစ်စေရန် နိုင်ငံခြားတင်ပို့မှုကို စက်တင်ဘာလလယ် အထိ ရပ်နား ထားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယခုလဆန်းတွင် ကြေညာခဲ့သည်။ ဆန်ပြတ်လပ်ပါက ဆန်ဈေးနှုန်းကို ယခင်ထက် မြင့်တက် သွားစေသည်။ ရေလွှမ်းမိုးမှု ကြုံတွေ့ရသည့်အချို့ဒေသများတွင် ဆန်ဈေးမှာ ယခင်နှစ်ထက် ၂၆ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့သည်။

ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် မိုးသည်းထန်မှုကြောင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး လယ်မြေများ ပျက်စီးခဲ့သည့်အပြင် လမ်းများပျက်စီး ပိတ်ဆို့စေခဲ့သဖြင့် အခြားဒေသမှ ဆန်နှင့် ကုန်ပစ္စည်းများ တင်သွင်းမှုကို ရပ်တန့်စေခဲ့သည်။ ဟားခါးမြို့မှ ရက်သတ္တပတ် ၃ ပတ်ကြာ ရိက္ခာခွဲတမ်းဖြင့် နေထိုင်ခဲ့ရသူ ထလန်းလင်နင်က “ဘယ်မှာမှ ဆန်ဝယ်လို့မရပါဘူး။ အချို့လူတွေမှာ ငွေရှိပေမယ့် ၀ယ်စရာ ဆန်မရှိပါဘူး” ဟု ပြောကြားသည်။

စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခြင်း အခြေအနေ ပိုဆိုးစေပြီး အထူးသဖြင့် ၂ ပတ် အတွင်း စိုက်ပျိုးမှုမလုပ်နိုင်ပါက ရေဘေးသင့် လယ်သမားများ ဆိုးဝါးစွာ ထိခိုက်စေနိုင် သည်။ မြန်မာနိုင်ငံရှိ လယ်သမားအများစုမှာ အကြွေးနွံနစ်နေသူများဖြစ် သည်။ နိုင်ငံပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၅၄၅ ဒေါ်လာနှင့် ညီမျှ သည့် မြန်မာငွေကို ချေးယူထားသည့် ဒေါ်ပုက “အကြွေးတွေ ပြန်မဆပ်နိုင်မှာ စိုးရိမ် ပါတယ်။ ရေမကြီးခင်ကတည်းက တောင်ယာတွေက အရမ်းခြောက်သွ့နေတော့ အကြွေးဆပ်ဖို့ အခက်ခဲရှိနေခဲ့တာပါ” ဟု ပြောကြားသည်။

လယ်သမားများထံ ချေးငှားထားသည့် ကြွေးမြီးများနှင့်ပတ်သက်၍ ပြန်ဆပ်ရန် အချိန်တိုးပေးခြင်း၊ အတိုးနှုန်းလျော့ပေးခြင်းနှင့် အရင်းအနှီး သစ်အတွက် ချေးငွေသစ် ထုတ်ချေးခြင်း စသည်တို့ ဆောင်ရွက်ပေးရန် ဘဏ်နှင့် အဖွဲ့အစည်းများကို UNDP က တောင်းဆိုထားသည်။

“ဒါက ပုံမှန်အခြေအနေအတိုင်း မဟုတ်ပါဘူး။ လယ်သမားတွေအနေနဲ့ ထပ်ဆင့် ထိခိုက်မှုတွေ မဖြစ်ဖို့ ငွေချေးသူတွေက ပြန်လည် သုံးသပ်ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ကာဘာနော့ဗ်က ဆိုသည်။

ရေလွှမ်းမိုးမှု ကြုံတွေ့ခဲ့ရသည့် လယ်သမားများမှာ ငွေကြေးထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိပါက အကြွေးနွံနစ်ကာ ဆင်းရဲတွင်းပိုမိုနက်လာမည်ကို စိုးရိမ်လျက်ရှိသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment