ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ပုံမှန်မဟုတ်သည့် အခြေအနေများ တွေ့နေရခြင်းကို အလွန်စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


 လာမည့် အထွေထွေ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတပါက NLD အနိုင်ရမည်ဟု ယုံကြည်ချက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ သို့သော် နိုင်ငံတစ်ခုလုံး၏ ဒီမိုကရေစီဖြစ်စဉ်အပေါ် စိုးရိမ်မှုများရှိနေသည်ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် နိုဝင်ဘာရွေးကောက်ပွဲ၌ NLD က အများစု အနိုင်ရမည်ဟု ပြောကြားခဲ့သည်။ NLD သည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်တပ်က အာဏာလွှဲပြောင်းပေးရန် ငြင်းဆိုခဲ့သည်။

ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရန် ယုံကြည်ချက်ရှိ၊မရှိ မေးမြန်းသောအခါ ဒေါ်အောင်ဆန်းစုကြည်က “ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုရှိမယ်ဆိုရင် အနိုင်ရမှာပါ” ဟု ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “အရင်က အစိုးရတွေကိုကြည့်ပြီး ကျွန်မတို့ အစိုးရဖွဲ့ရင် ပိုကောင်းအောင်လုပ်ရမယ်လို့ စဉ်းစားမိပါတယ်” ဟု ဆိုသည်။ စစ်အစိုးရလက်ထက်တွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ပုံမှန်မဟုတ်သည့် အခြေအနေများ တွေ့နေရခြင်းကို အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံမှာ ဒီမိုကရက်တစ် နိုင်ငံတစ်ခုဖြစ်လာရန် ခရီးများစွာ လိုသေးသည်ဟု ပြောကြားခဲ့သည်။

စစ်အစိုးရရေးဆွဲခဲ့သည့် အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည်။ အခြေခံဥပဒေအရ နိုင်ငံခြားသား အိမ်ထောင်ဘက်နှင့် သားသမီးရှိသူများ သမ္မတ ဖြစ်ခွင့်မရဘဲ လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကိုလည်း စစ်တပ်က ရယူထားသည်။ ထိုဥပဒေကို ပြင်ဆင်ရန် မကြာမီက လွှတ်တော်တွင်း ကြိုးပမ်းမှုကို စစ်တပ်က တားဆီးခဲ့သည်။ ထို့ပြင် အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းမှုများကိုလည်း စစ်တပ်မှ ဗီတိုအာဏာဖြင့် ပိတ်ဆို့ထားနိုင်ခွင့်ကို ပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မသမာမှုများကိုလည်း စိုးရိမ်ကြောင်း၊ အထူးသဖြင့် ဗုဒ္ဓဘာသာအများစုရှိသည့် နိုင်ငံတွင် အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများ လွှမ်းမိုးလာပြီး ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

သို့သော် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် တစ်ထောင်ကျော် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် NLD က ရွေးကောက်ပွဲမှ နောက်ကြောင်းပြန်မည် မဟုတ်ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း မကြာမီက အင်အားသုံး ရာထူးမှဖယ်ရှားခံရခြင်းကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ဟာ ဒီမိုကရေစီ ပြုပြင်ရေးလမ်းကြောင်းပေါ်မှာရှိနေပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်လောက်က အဖြစ်အပျက်တွေအရ ဒီလမ်းကြောင်းပေါ်မှာ ခရီးသိပ်မရောက်သေးဘူးဆိုတာ ပြနေပါတယ်” ဟု ပြောကြားခဲ့သည်။

NLD က ရွေးကောက်ပွဲပြီးမှသာ သမ္မတလောင်းအမည်ကို ထုတ်ဖော်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment