ရုပ်ရှင်ဇာတ်ကားရောင်းအားမြှင့်တင်ရန် ဆိုးလ်မြို့ကို ရောက်ရှိလာတဲ့ မင်းသားတွမ်ခရုဇ်


တွမ်ခရုဇ်ကို တောင်ကိုရီးယားတွင် ၄င်း၏ Mission Impossible 5 ဇာတ်ကားသစ် အရောင်းမြှင့်တင်ပွဲတွင် တွေ့ရစဉ်
 မြောက်အမေရိကပြီး နောက် ဟောလိဝုဒ်ထိပ်တန်း ရုပ်ရှင်ကားအချို့အတွက် ဒုတိယ အကြီးဆုံးဈေးကွက်ဖြစ်သော တောင်ကိုရီးယားနိုင်ငံတွင် မင်း သားတွမ်ခရုဇ်က ၎င်း၏နောက် ဆုံးရုပ်ရှင်ဇာတ်ကား Mission Impossible-Rogue Nation အတွက် အရောင်းမြှင့်တင်မှုပြု လုပ်ခဲ့သည်။
အာရှတိုက်၏ စတုတ္ထအကြီး ဆုံး စီးပွားရေးကို ပိုင်ဆိုင်ထား သော တောင်ကိုရီးယားနိုင်ငံသို့ တွမ်ခရုဇ်သွားရောက်သည့်  ယခု ခရီးစဉ်မှာ သတ္တမမြောက်ခရီးစဉ် ဖြစ်ပြီး ဟောလိဝုဒ်အောင်မြင် ကျော်ကြားသူတစ်ဦးအတွက် စံချိန်တစ်ရပ်ဖြစ်သည်ဟု တောင် ကိုရီးယားသတင်းဌာန Donga- llbo ကဖော်ပြသည်။
ယခင်က ခရီးစဉ်များတွင် တွမ်ခရုဇ်သည်  Mission Impossible: Ghost Protocol ဇာတ်ကားအတွက် အရောင်းမြှင့် တင်ရန် ၂၀၁၁ က ဆိုးလ်မြို့သို့သွားရောက်ခဲ့ပြီး ၂၀၁၃ကလည်း Jack Reacher ဇာတ်ကားအတွက် အရောင်းမြှင့်တင်ရန် ထပ်မံသွားရောက်ခဲ့သည်။
ယင်းနှစ်က တွမ်ခရုဇ်သည် ဘူဆန်းမြို့၏ ဂုဏ်ထူးဆောင် မြို့သားအဖြစ် ဂုဏ်ပြုခံခဲ့ရပြီး ၎င်း၏ ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်း တွင် အုတ်အော်သောင်းနင်း ဖြစ် သွားခဲ့ကြောင်းသိရသည်။
Rogue Nation ဇာတ်ကား မှာ တောင်ကိုရီးယားတွင် ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ကား စာရင်း၌ နံပါတ်(၁)နေရာသို့ ရောက်ရှိ နေပြီဖြစ်ကြောင်းသိရသည်။
—Ref: UPI
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment