ဘောလုံးပွဲတစ်ပွဲတွင် ကွင်းလယ်ဒိုင်၏ စွမ်းဆောင်ရည်မှာ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး ကွင်းလယ်ဒိုင် ဆုံးဖြတ်ချက်ကြောင့် နစ်နာခဲ့ရသည့် ဘောလုံးပွဲစဉ်များမှာ ကမ္ဘာ့ဘောလုံးရပ်ဝန်းတွင် မကြာခဏဖြစ်ပွားလေ့ရှိသည်။
အလားတူ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲများတွင်လည်း ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်အမှား များကြောင့် ဘောလုံးပွဲများ၌ ပြဿနာဖြစ်ပွားမှုများက မကြာ ခဏဖြစ်ပေါ်လာနေပြီး ဒိုင်လူကြီး များ၏ စွမ်းဆောင်ရည်မြင့်မားရန် ပိုမိုမြှင့်တင်ရေး လိုအပ်လာပြီဖြစ် သည်။
‘‘မြန်မာလိဂ်ပွဲစဉ်တွေက တစ်ပတ်ထက်တစ်ပတ်ပွဲအကြိတ်အ နယ်ပွဲကောင်းတွေဖြစ်လာဖို့ထက် ပြဿနာဖြစ်တဲ့ပွဲတွေ ပိုများလာ တယ်။ အများစုကတော့ ဒိုင်လူကြီးကိုင်တွယ်မှု ညံ့ဖျင်းလို့လို့ ဝေဖန်ကြတယ်’’ဟု မြန်မာဘောလုံးပရိ သတ်တစ်ဦးက ပြောကြားသည်။
အနီးစပ်ဆုံးဥပမာအဖြစ် ဗထူးကွင်းတွင် ဇူလိုင် ၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၅ မြန်မာလိဂ် ပွဲစဉ် (၁၁) ရတနာပုံနှင့် ရန်ကုန်ပွဲ သည် အကြိတ်အနယ်ဖြစ်ခဲ့သော် လည်း ကွင်းလယ်ဒိုင်၏ ဆုံးဖြတ် ချက်မပြတ်သားမှုများကြောင့် ပွဲ ကောင်းတစ်ပွဲဖြစ်မလာဘဲ ပရိသတ်များကပါ ကွင်းအတွင်းအရာဝတ္ထုများဖြင့် ပစ်ပေါက်သည်အထိ အရုပ်ဆိုးအကျည်းတန်ခဲ့ရသည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် တိုင်းတွင် ဖျော်ဖြေမှုပေးနိုင်သည့် ဘောလုံးပွဲတစ်ပွဲအဖြစ် ပရိသတ် များက ကြည့်ရှုရန် မျှော်လင့်ထား သော်လည်း အချို့ပွဲများ၌ ကွင်း လယ်ဒိုင်၏ ဆုံးဖြတ်ချက်များက ဘောလုံးပွဲရသကို ပျက်စီးစေကာ ပရိသတ်များကို စိတ်ပျက်စေခဲ့ သည်။
ကွင်းလယ်ဒိုင်၏ ဆုံးဖြတ် ချက်မပြတ်သားမှုများကြောင့် က စားသမားအချင်းချင်းသာမက ပရိသတ်များပါ ဒေါသဖြစ်ခဲ့ရသည့်ဖြစ်ရပ်များ မကြာခဏဖြစ်ပွားနေသည်။ ဘောလုံးပွဲတစ်ပွဲ၏ ရသကို ဖန်တီးပေးနိုင်သည်မှာ ကစားသ မားများသာမက ဒိုင်များ၏ လိမ္မာ ပါးနပ်မှုကလည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။
ပြည်တွင်းလိဂ်ပွဲစဉ်များတွင် ကစားသမားများ၊ နည်းပြများ ပွဲချိန်အတွင်း စောဒကတက်ခြင်းကြောင့်ပုထုဇဉ်လူသားတစ်ဦးဖြစ်သည့် ကွင်းလယ်ဒိုင်မှာ ဖိအားပေးမှုခံ လာရပြီး ဆုံးဖြတ်ချက်အမှားများ ကို ကျူးလွန်ခဲ့ကြခြင်းကြောင့် နေ ရှင်နယ်လိဂ်ပွဲစဉ်များ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသည့် ပွဲများမှာ အရေအတွက်များပြားလာခဲ့ကြောင်း အားကစားလေ့လာသူများက သုံးသပ် သည်။
‘‘မြန်မာနိုင်ငံမှာက ဒိုင်အဖွဲ့ အစည်းကို ဘယ်သူကမှ အကောင်းမမြင်ကြဘူး။ ဒိုင်လူကြီးအဖွဲ့က ဖိ အားဒဏ်ကို ခံစားနေရတယ်။ ဒါ ကြောင့် ကွင်းထဲမှာ ဆုံးဖြတ်ချက် တွေမှားလာတယ်။ အမှားများလာ တဲ့အခါ ပွဲဆူပြီး ထိန်းမရအောင် ဖြစ်လာတယ်။ ဒါတွေကို ဖြေရှင်း နိုင်ဖို့အတွက် ဒိုင်အဖွဲ့အစည်းက ကွင်းလယ်ဒိုင်တွေဘက်က မားမား မတ်မတ်ရပ်တည်ဖို့ လိုအပ်တယ်’’ ဟု ပြည်တွင်းအားကစားကလောင် ရှင် ကိုအောင်ပိုင်က ပြောကြား သည်။
မြန်မာနေရှင်နယ်လိဂ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေ သည့် ဒိုင်လူကြီးများအနက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ကွင်းလယ်ဒိုင်လေးဦးသာ ရှိနေ ခြင်းက အရည်အသွေးမြင့်မား သည့် မြန်မာကွင်းလယ်ဒိုင်များ ရှားပါးနေခြင်းကို ဖော်ပြနေသည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တာဝန်ယူခဲ့ပြီးနောက်ပိုင်း အပျော်တမ်းလိဂ်မှ ပရော်ဖက်ရှင်နယ်လိဂ်သို့ ကူးပြောင်းနိုင်ခဲ့သော်လည်း စ တင်ကျင်းပသည့် ၂၀၀၉ မှလွဲ၍ နောက်ပိုင်းနှစ်များ၌ ကွင်းအတွင်း သို့ ပရိသတ်လာရောက်အားပေး မှုနှုန်း ဆက်တိုက်ကျဆင်းခဲ့သည်။
‘‘ပရော်ဖက်ရှင်နယ်လိဂ်တစ် ခုမှာ ဖီဖာအသိအမှတ်ပြု ကွင်း လယ်ဒိုင်လေးယောက်ပဲရှိတယ်ဆို တာတော့ မဖြစ်သင့်ဘူး။ လိဂ်တစ်ခုအောင်မြင်ဖို့ဆိုတာ နည်းပြနဲ့ ကစားသမားတွေချည်း တိုးတက် လာဖို့ တစ်ခုတည်းအတွက် မဖြစ် သင့်ဘူး။ ဒိုင်တွေ အရည်အသွေး တက်လာအောင်၊ လူငယ်ဒိုင်တွေ ထွက်ပေါ်လာအောင်၊ ဒိုင်တွေကို ထောက်ပံ့ပေးတာတွေ ပိုရလာ အောင် အဖွဲ့ချုပ်က စီစဉ်ပေးသင့် တယ်။ ဘောလုံးပွဲတစ်ပွဲဖြစ်ဖို့ဆို ရင် ကွင်းလယ်ဒိုင်ရှိမှ ရမယ်။ အ ရည်အသွေးရှိတဲ့ ဒိုင်တွေပေါ်ထွက်လာအောင် လုပ်သင့်တယ်’’ဟု အားကစားဝါသနာရှင် ဦးမြင့် အောင်က ပြောကြားသည်။
မြန်မာလိဂ်တွင် ကွင်းလယ်ဒိုင်လူကြီးများမှာ ပွဲတစ်ပွဲကိုင်တွယ်ခွင့်ရရှိပါက ကျပ်ရှစ်သောင်းရရှိသော်လည်း တစ်လလျှင် အများဆုံး သုံးပွဲသာကိုင်တွယ်ခွင့်ရရှိခြင်းက မိသားစုစားဝတ်နေရေးနှင့် အတွေ့အကြုံပိုင်းတွင် ထိခိုက်မှုများရှိနေသည်။ မိသားစုစားဝတ်နေရေးတွင် အခက်အခဲများရှိလာသည့် ဖိအားများက ကွင်းအတွင်းထိပါလာခဲ့ပြီး ပွဲစဉ်တစ်ပွဲကို ကိုင်တွယ်ရာတွင် ဆုံးဖြတ်ချက်လွဲမှားမှုများနှင့် ကြုံတွေ့ခံစားနေရကြောင်း အမည်မဖော်လိုသူ ဒိုင်လူကြီးတစ်ဦးက ပြောကြားသည်။
‘‘တစ်လမှာ သုံးပွဲကိုင်ရင် နှစ်သိန်းလေးသောင်းရတယ်။ ဒီပိုက် ဆံက မိသားစုစားဝတ်နေရေးမှာ စားနိုင်တယ်ဆိုရုံလောက်ပဲ ရှိ တယ်။ ၀င်ငွေနည်းတော့ အိမ်မှာ ပြဿနာရှိလာတယ်။ ဒီပြဿနာ တွေကြောင့် ကွင်းအတွင်း လုပ် ကိုင်တဲ့အခါ လွဲမှားမှုတွေဖြစ်ခဲ့ဖူး တယ်’’ဟု ၎င်းက ပြောကြားသည်။
ပြည်တွင်းဒိုင်များကို ဒိုင်ကော်မတီက ပွဲစဉ်တစ်ပွဲကိုင်တွယ်ပါက ကျပ်ရှစ်သောင်းသတ်မှတ်ပေး ထားပြီး စည်းကြပ်ဒိုင်နှင့် အကူဒိုင် များကို ကျပ်ငါးသောင်းသတ်မှတ် ပေးထားသည့်အတွက် အိမ်နီးချင်းထိုင်းနိုင်ငံမှ ဒိုင်များဖြင့် နှိုင်းယှဉ်ပါက ထောက်ပံ့ပေးမှုမှာ များစွာကွာ ခြားနေသည်။
၂၀၁၃ က လိဂ်ပွဲစဉ်အဆုံး အဖြတ်ပွဲစဉ် တစ်ပွဲဖြစ်သည့် ရန် ကုန်ယူနိုက်တက်နှင့် ရတနာပုံအ သင်းတို့ ပွဲစဉ်ကို ကိုင်တွယ်ရန် ထိုင်းနိုင်ငံမှ ဒိုင်လူကြီးတစ်ဦးကို နေထိုင်စားသောက်စရိတ်၊ လေ ယာဉ်လက်မှတ်ခအပြင် ပွဲကိုင် တွယ်ကြေး ဒေါ်လာငါးထောင်ပေးကာ ငှားရမ်းအသုံးပြုခဲ့ရသည်။
ထိုင်းနိုင်ငံ၏ ဘောလုံးသမား များသာမက ဒိုင်လူကြီးများပါ မြန် မာနိုင်ငံထက်သာလွန်သည့် အ ဆင့်တွင်ရှိနေပြီး နိုင်ငံတကာပြိုင် ပွဲများကို တာဝန်ယူကိုင်တွယ်နေရသော်လည်း မြန်မာဒိုင်လူကြီးများမှာ အာဆီယံအဆင့် ဒေသအတွင်း ပြိုင်ပွဲများတွင် ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ရန် တာဝန်ပေးမှုမှာ မရှိသလောက်ပင် ဖြစ်သည်။
‘‘အခုလက်ရှိကြုံတွေ့နေရ တာက ဒိုင်တွေက ဖိအားဒဏ်ကို မခံနိုင်ကြဘူး။ အတွေ့အကြုံနု နယ်တာကြောင့်လည်း အမှားအ ယွင်းတွေ ပိုဖြစ်လာတာ။ ဒိုင်တွေ အတွက် စိတ်ပိုင်းဆိုင်ရာမြှင့်တင် ပေးဖို့ လိုအပ်နေပြီ။ ငွေကြေးက လည်း အများကြီးသက်ရောက်မှုရှိ တယ်’’ဟု ပြည်တွင်းအားကစား ကလောင်ရှင် ကိုဟိန်းထက်အောင်က ပြောကြားသည်။
ဒိုင်ကော်မတီအနေဖြင့် ပွဲစဉ် အတွင်း ကွင်းလယ်ဒိုင်၏ မှားယွင်းသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့မိပါက ကွင်းလယ်ဒိုင်ကို အပြည့် အ၀ ကာကွယ်ပေးရန်လိုအပ်ကြောင်း ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးပါက ဒိုင်များ၏ စွမ်းဆောင်ရည်မှာ သိသာစွာတိုးတက် လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနေရှင်နယ်လိဂ်စတင် ခဲ့သည့် ၂၀၀၉ မှ ယခုအချိန်အထိ ဒိုင်လူကြီးများ၏ အရည်အသွေးမှာ တိုးတက်လာခြင်းမရှိဘဲ ယခုနှစ် လိဂ်ပွဲစဉ်များနှင့် ရှုံးထွက်ပွဲစဉ်များတွင် ဒိုင်လူကြီးများ ကွင်း အတွင်းစွမ်းဆောင်ရည်ညံ့ဖျင်းမှု ကြောင့် ပြဿနာများမကြာခဏဖြစ်ပွားနေရကြောင်း၊ မြန်မာနေ ရှင်နယ်လိဂ်အောင်မြင်လိုပါက ကစားသမားနှင့် နည်းပြများသာမ က ဒိုင်လူကြီးကလည်း ပရော်ဖက် ရှင်နယ်ဆန်စွာ ကိုင်တွယ်ကြရန် လိုအပ်ကြောင်း ပြည်တွင်းဘော လုံးအသင်းနည်းပြများက သုံးသပ် ကြသည်။
‘‘ကျွန်တော်တို့ မြန်မာနေရှင် နယ်လိဂ် ဒီထက်ပိုပြီး တိုးတက်လာဖို့အတွက်ဆိုရင် နည်းပြတွေနဲ့ က စားသမားတွေပဲ ပရော်ဖက်ရှင် နယ်ဆန်လို့ မရပါဘူး။ ပွဲကို တာဝန်ယူကိုင်တွယ်တဲ့ ဒိုင်တွေအနေနဲ့ လည်း ပရော်ဖက်ရှင်နယ်ဆန်ရပါ မယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တစ်ခု မှားယွင်းသွားတာနဲ့ အသင်းတစ် သင်းရဲ့ ဆုံးရှုံးမှုက ကြီးမားပါတယ်’’ဟု နေပြည်တော်အသင်း နည်းပြ ချုပ် ဦးမျိုးလှိုင်ဝင်းက ပြောသည်။
အသင်းကြီးနှင့် အသင်းငယ် ထိပ်တိုက်တွေ့ဆုံသည့် ပွဲစဉ်များ တွင် အသင်းကြီးများမှာ အခွင့်အ ရေးပိုမိုရရှိနေပြီး ဘက်လိုက်မှုများရှိလာကြောင်း၊ ထို့ကြောင့် ဒိုင်လောကကိုလည်း ပြုပြင်ပြောင်းလဲမှုများ လုပ်သင့်ကြောင်း ပြည် တွင်းအားကစားဝါသနာရှင်များ က ပြောကြားသည်။
‘‘အရင်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ (ဂိုး)ဦးတင်အောင် လက်ထက်တုန်းက ဥပဒေအသစ်ထွက်ရင်၊ ဥပဒေ ပြောင်းလဲရင်၊ ရာသီအစတွေမှာ ဘောလုံးအသင်းတွေကို ဖိတ်ပြီး အောင်ဆန်းကွင်းမှာ ဒိုင်တွေက သရုပ်ပြပညာပေးတာတွေ လုပ် တယ်။ ကလပ်တစ်သင်းချင်းစီကို သွားဖို့ထက် ပိုကောင်းတဲ့ နည်း လမ်းပါ။ ကျွန်တော် အဲဒီလိုမျိုးပြန်လုပ်ချင်တယ်။ ပြီးတော့ ဒိုင်သင် တန်းတွေမှာ ဘောလုံးသမားတွေ တက်စေချင်တယ်။ ဘောလုံးသ မားတွေထဲက ဒိုင်လူကြီးလုပ်မှ ဒိုင်လူကြီးကောင်းတွေ ထွက်လာမှာပါ။အရင်က ဘွဲ့ရ၊ နည်းပညာ၊ အင်္ဂလိပ်စာကောင်းတဲ့ သူတွေချည်းအတွက် ဒိုင်သင်တန်းဖွင့်ဖူးတယ်။ တစ်ယောက်မှ ဒိုင်လူကြီးဖြစ်မလာဘူး။ Laws of The Gameကို သင်ပေးလို့ရတယ်။ ဘောလုံးသမားကို ထိန်းဖို့၊ ဘောလုံးသမား ဘာလုပ်တော့မယ်ဆိုတာသိဖို့ Sense ကတော့ ဘောလုံးကောင်း ကောင်းကစားဖူးမှ သိမှာပါ’’ဟု ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းချိုက ပြောသည်။
ကွင်းအတွင်းဘုရင်များဟု တင်စားခေါ်ဝေါ်ကြသည့် ကွင်း လယ်ဒိုင်ကို ဒိုင်ဌာန၏ အကြီးအ ကဲက ပွဲချိန်အတွင်း တိုက်ရိုက်ညွှန်ကြားခြင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပွဲစဉ်တွင် ဖြစ်ပွားခဲ့ပြီး ယင်းအဖြစ်အပျက်က ကွင်းလယ်ဒိုင်မှာ ပွဲချိန်ပြင်ပတွင်သာမက ပွဲအချိန်အတွင်း၌ပါ လုပ်ပိုင်ခွင့်မရရှိခြင်းကို ပြသနေသည်။
ပြည်တွင်းဘောလုံးပွဲများ သာမက အာဆီယံနှင့် အာရှအ ဆင့်တို့အထိ မြန်မာနိုင်ငံမှ ကွင်း လယ်ဒိုင်အဖြစ် တာဝန်ယူကိုင် တွယ်ရန် ဒိုင်ကော်မတီအနေဖြင့် ဒိုင်များကို အရည်အသွေးမြင့်သင်တန်းများပို့ချသွားရန် လိုအပ်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရန် ဒိုင်လူကြီးများ၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို တိုးပေးသင့်ကြောင်း အားကစားကလောင်ရှင်အသိုင်းအ၀ိုင်းက မှတ်ချက်ပြုကြသည်။ ထို ကဲ့သို့ အရည်အသွေးမြှင့်သင်တန်းများမပြုလုပ်ပါက မြန်မာနေရှင်နယ်လိဂ်တွင် ကွင်းလယ်ဒိုင်ကြောင့် မကြာခဏပြဿနာများ ထပ်မံ ကြုံတွေ့နေရဦးမည်ဖြစ် ကြောင်း အားကစားလေ့လာသူ များက သုံးသပ်ကြသည်။
0 comments:
Post a Comment