NLD ကိုပဲကြိုက်တယ် NLD ကိုပဲမဲပေးမယ်ဆိုတဲ့ ဖြိုးငွေစိုး


၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်လို့မြန်မာနိုင်ငံသား တစ်ယောက်ရဲ့အမြင် ကိုပြောပြခဲ့တဲ့ ဖြိုးငွေစိုးက လက်ရှိမှာ ရိုက်ကူးနေတဲ့ဇာတ်ကားတွေအပြင် သဘာဝဘေးအန္တရာယ်ရေဘေးကြောင့် မြန်မာနိုင်ငံသားအချို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး အဓိကတရားခံကို ရှာလို့ရပါတယ်လို့ ဖွင့်ဟလာတဲ့ ဖြိုးငွေစိုးက "ရေဘေးနဲ့ပတ်သက်ပြီးက အလှူခံလာတဲ့ဟာတွေ အလှူခံထည့်တယ်။ နောက်ပြီးတော့နောက်လထဲမှာ သားလေးတစ်နှစ်ပြည့်နဲ့ပတ်သက်ပြီး ကလေးတွေကိုသွားလှူဖို့ရှိတယ်။ သီးသန့်ပေါ့။ ကိုဝေလှူကျော်တို့နဲ့ဖြစ်မလားမသိဘူး။ ပြန်လည်ထူထောင်ရေးအပိုင်းမှာလဲ လိုအပ်သလို ၀ိုင်းဝန်းကူညီပေးဖြစ်မယ်။ လိုအပ်တဲ့နေရာလေးတွေမှာပေါ့။ ရေဘေးနဲ့ပတ်သက်လို့က လုပ်ပေးချင်တဲ့သူတွေကလုပ်ပေးနေကြတယ်။ မလုပ်ပေးချင်တဲ့သူ မလုပ်ပေးကြဘူးလို့သတ်မှတ်လိုက်တာပဲကောင်းပါတယ်။ ပိုလုပ်နိုင်တဲ့သူက ပိုလုပ်ပေးသင့်တာပေါ့လေ။ အခုဟာက ကလေးတွေကအစ လိုက်လုပ်ပေးနေရတယ် လုပ်ပေးနိုင်တဲ့သူတွေကတော့ ဘယ်ရောက်နေလဲမသိဘူး။ ပွဲတွေလမ်းတွေမှာတော့ လှူကြတာပဲလေ။ ကောင်းလဲကောင်းပါတယ်။ ဒါတွေက တကယ်လိုအပ်တဲ့အချိန်မှာ ဒီ့ထက်မက လုပ်ပေးသင့်တဲ့သူတွေရှိတယ်။ သူတို့ယူထားတာ ဒီ့ထက်မက အဆပေါင်းများစွာများတယ်လေ။ ဒါတွေဖြစ်လာတဲ့ဟာရဲ့ အဓိက အကြောင်းအရင်းကတရားခံရှာကြည့်ဆို သဘာဝပတ်ဝန်းကျင်ကို ဒီလိုလုပ်ခဲ့တဲ့သူတွေဆိုပြီး ရှာလို့ရပါတယ်။ ကျွန်တော်သာဆိုရင်တော့ အကုန်ထိုးပေးလိုက်ပြီ။"လို့ သူက ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း သူက " NLD ကိုပဲ မဲပေးမယ်။ NLD ကြိုက်တယ်။ သူတို့ကိုပေးချင်တယ်။ ဒါပဲ။ မြန်မာနိုင်ငံအပေါ် မြင်မိတာကတော့ သိပ်ဆိုးတာတွေဖြစ်ပြီးရင်တော့ သိပ်ကောင်းတာတွေ လာမယ်ထင်တာပဲ။ သိပ်ကောင်းတာတွေလာမှာမို့လို့ဒီလောက် အဆိုးတွေကြုံနေတယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့တောက်လျှောက်က အဆိုးတွေပဲကြုံလာရတာလေ။ အကောင်းတွေလာဖို့ အချိန်လဲရောက်ပါပြီ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးဖြစ်စေချင်တာက လူတွေအားလုံး ဖြစ်စေချင်တဲ့အတိုင်းပဲဖြစ်စေချင်ပါတယ်။ အပေါ်ကလူတွေလဲ ဘယ်ကိစ္စကိုမှလုယူနေလို့ကောင်းတဲ့အချိန်မဟုတ်တော့ပါဘူး။ အားလုံးမျှမျှတတနဲ့လူအများဖြစ်စေချင်တဲ့ အတိုင်းဖြစ်အောင်ကြိုးပမ်းပေးကြရင် ကောင်းမယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူတွေရဲ့စိတ်ဝင်စားမှုက အားနည်းတာတော့သေချာတယ်။ စိတ်ဝင်စားတာကတော့ လူနည်းစုပဲ ရှိမယ်ထင်တယ်။ အဲ့ဒါကဖြန့်ဝေမှုအပိုင်းလဲအားနည်းသလို စည်းရုံးရေးပိုင်းနဲ့ပညာပေးမှုတွေမှာလဲအားနည်းနေတာတွေ့ရတယ်။ အားနည်းတာလား။ တမင်မလုပ်တာလားတော့မသိဘူး။ နောက်ပြီးလူတွေကို ပါတီစုံအောင် လိုက်မေးနေရတာကလဲ တော်တော်ခက်မဲ့ကိစ္စပဲ။ ကျွန်တော့လာမေးရင်တောင် ပါတီအစုံရဲ့နာမည်ကို မသိဘူး။ ဘယ်ပါတီကဘာဆိုတာလဲသေချာ မသိကြဘူး။ အဲ့ဒါကလဲ အဓိကအချက်လို့ကျွန်တော်မြင်မိတယ်။ ကျွန်တော်ကတော့ ခုချိန်မှာ လူတွေက ပူပန်သောကတွေ အရမ်းများနေကြတယ်လို့ထင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကားလေးတွေကြည့်တဲ့ အခါစိတ်ပင်ပန်းမှုတွေခဏတော့ပြေပျောက်မယ် ထင်တယ်။ နောက်ပြီးကျွန်တော်တို့ကူညီနိုင်တဲ့ဖက်ကလဲ တတ်နိုင်သလောက်ကူညီပေးနေတယ်။ အမြန်ဆုံးအရင်အတိုင်းပြန်ဖြစ်လာပါစေလို့ပဲဆုတောင်းပါတယ်။ သဘာဝဘေးအန္တရယ်တွေကြောင့် ဗီဒီယိုပိုင်းနဲ့ပတ်သက်ပြီးနယ်ဖြန့်ဝေမှုတွေမှာဒီလိုဘေးအန္တရယ်တွေကြောင့်အခက်အခဲတွေတော့ရှိတယ်ပေါ့။ တချို့ကျတော့လဲသူတို့ အဲ့ဒီလောက်ဒုက္ခရောက်နေတဲ့ အချိန်မှာရှုတင်သွားပြီး ဘယ်သူမှရုပ်ရှင်ရိုက် မနေချင်ကြတဲ့စိတ်တွေလဲဖြစ်ကြမှာပေါ့။ လုံးဝရပ်သွားတာတော့မဟုတ်ဘူး။။ နဲနဲတော့ကျဲသွားတာပါ''တဲ့။
လက်ရှိမှာ ဖြိုးငွေစိုးဟာ ကျွန်တော့်ချစ်သူမယ်မင်းကြီးမဆိုတဲ့  မင်းသမီးကခင်ဝင့်ဝါနဲ့ ရိုက်ကူးနေပြီး ဒါရိုက်တာကတော့ ကိုသားကြီးလို့ သိရပါတယ်။
Source:trend.com.
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment