မော်လမြိုင် သြဂုတ် ၂၅
မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်ရပ်ကွက် မလိမ့်ကုန်း(ယခင် အခေါ်) ကျောက်ဝဲဂူ ဘုန်းကြီး ကျောင်းဝင်းအတွင်း သြဂုတ် ၂၅ ရက် နံနက်က သဘောင်္ဦးစေတီတော် အပါအဝင် ဆွမ်းစားဆောင် ဘေး သံလွင်မြစ် ကမ်းပါးတစ်လျှောက်ရှိ အရှည်ပေ ၅ဝ ခန့် မြေပြိုမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါ စေတီတော်လေးသည် နှစ်ပေါင်း ၁ဝဝ နီးပါးရှိပြီဟု သိရပြီး သြဂုတ် ၂၄ ရက်ညက မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် ကျောက်ဝဲဂူ ဆွမ်းစားဆောင်ဘေးမြေပြိုကျမှုဖြစ်ပွားရာ မြေပြိုကျမှုဆက်လက်ဖြစ် ပေါ်ပါက ဆွမ်းစားဆောင်နှင့် ဘုရား စေတီများပါ ပြိုကျပျက်စီးမည်ဖြစ် ကြောင်း ကျောက်ဝဲဂူဆရာတော် ဦးတိက္ခဉာဏက ပြောသည်။
'' ဆက်ပြီး မြေမပြိုတော့ ချက်ချင်းသဲအိတ်တွေနဲ့ ပိတ်ဆို့တာတို့ လုပ်ရမှာပါ။ လမ်းခင်းကျောက်ကြီး တွေနဲ့ဆိုရင်တော့ ပိုကောင်းပါတယ်။ ဒါဆိုရင်တော့ အမာခံတွေရပြီး မြေထိန်းနံရံတွေကို အခိုင်အခံ့ ပြန်လုပ်နိုင်မှာပါ။ လမ်းခင်းကျောက် ကြီး ကျင်း ၃ဝ၊ ၄ဝ လောက်တော့ လိုမယ်ထင်ပါတယ်။ အမာခံမရှိတာ ရော၊ သံလွင်မြစ်ကမ်းဘေး ရေတက် တဲ့အခါ လှိုင်းပုတ်တဲ့ဒဏ်တွေကြောင့် ဖြစ်ရတာပါ။ လမ်းခင်းကျောက်တွေ သုံးပြီး မြေထိန်းနံရံပြန်လုပ်ရမှာဖြစ်လို့ အလှူရှင်တွေကို မျှော်လင့် ပါတယ်'' ဟု ဆရာတော်က ဆိုသည်။
အဆိုပါ ကျောက်ဝဲဂူကျောင်း သည် ယခင်က ဝါးကျောင်းလေးဖြစ် ကြောင်း၊ ရပ်ကွက်နေပြည်သူများနှင့် အခြားအလှူရှင်များ စုပေါင်းလှူဒါန်း မှုကြောင့် တိုက်ကျောင်းလေးဖြစ် လာရဖြင်းဖြစ်ကြောင်းနှင့် ယခုမြေပြို မှု ဖြစ်ပွားခဲ့သည့်နေရာကို ပြန်လည် ပြုပြင်ရန် လှူဒါန်းလိုပါက အလှူရှင် များအနေဖြင့် ကျောက်ဝဲဂူဆရာတော် ကြီး ဦးတိက္ခÓဏ ဖုန်းဝ၉-၄၂၅၃၆ ၈၁၆၅၊ ဝ၉-၄၃ဝဝ၄၈၇၈ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။
မြတ်မွန်ထွေး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment