တောဆင်ရိုင်း (၆)ကောင်အား ပဲခူးရိုးမသို့ ပြန်ပို့ မည်

ညောင်ဦးမြို့နယ်အတွင်း ရောက်ရှိနေသည့် တောဆင်ရိုင်းအုပ်အား ပဲခူးရိုးမသို့ ပြန်လည်ပို့ဆောင်နိုင်ရေးဆောင်ရွက်
ေ နပြည်တော် သြဂုတ် ၂၅

   နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်အရ ညောင်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော တောဆင်ရိုင်း ခြောက်ကောင်အုပ်အား ဒေသခံ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်မှုမရှိစေရေး ဦးစား ပေးကာ မူလကျက်စားရာနယ်မြေဖြစ် သော နတ်မောက်မြို့သစ် နယ်မြေရှိ ပဲခူးရိုးမဒေသအတွင်းသို့ ပြန်လည် ပို့ဆောင်နိုင်ရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ အထူးအလေးထား၍ စနစ်တကျ စီမံဆောင်ရွက်လျက် ရှိသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ မြန်မာ့သစ်လုပ်ငန်း တာဝန်ရှိသူများ နှင့် တောဆင်ရိုင်းထိန်းသိမ်းရာတွင်ဝါရင့်အတွေ့အကြုံရှိသော ဆင် ဆရာဝန် ဒေါက်တာစည်သူဝမ်ထွန်း ဦးစီးအင်အား ၃၅ ဦး၊ တောဆင် ရိုင်းများ ကျေးရွာများသို့ ဝင်ရောက်မှု မရှိစေရေး၊ လမ်းကြောင်းပိတ်ဆို့ရေး ဆောင်ရွက်ရန် ညွှန်ကြားရေးမှူး နှစ်ဦး၊ ဦးစီးအင်အား ၂၈ ဦးတို့သည် သြဂုတ် ၂၄ ရက်မှစတင်၍ တော ဆင်အုပ်ရှိရာနယ်မြေတွင် အင်အားစု ဖွဲ့ပြင်ဆင်ပြီး လုပ်ငန်းတာဝန်များ စတင်ဆောင်ရွက်လျက်ရှိ၍ သြဂုတ် ၂၅ ရက်မှစတင်ကာ ဆင်အုပ်နှင့် အနီးကပ် စောင့်ကြည့်ထိန်းကျောင်း လျက်ရှိသည်။

ဆင်ထိန်းသိမ်းရေး၊ ပိတ်ဆို့ရေး အဖွဲ့နှင့်အတူ တောဆင်ရိုင်းများအား လိုအပ်သလို ထိန်းကျောင်းနိုင်ရန် တောဆင် ထိန်းသိမ်းရေးအတွက် လေ့ကျင့်သင်ကြားထားသည့် ဆင် ယဉ် ကွန်ဂျီဆင်ကြီး ခြောက်ကောင်၊ လိုအပ်ပါက ဒေသခံပြည်သူလူထု အား အန္တရာယ်မပြုစေနိုင်ရေးအတွက် အသုံးပြုရန် မေ့ဆေးသေနတ် လေးလက်၊ မေ့ဆေးသေနတ်သမားများစုဖွဲ့ထားပြီး လိုအပ်ချက်ပေါ် မူတည်၍ တောဆင်ရိုင်းများအား ယာဉ်ကြီးများဖြင့် တင်ဆောင် ရွှေ့ပြောင်းနိုင်ရေးအတွက် ၁ဝ ဘီး ယာဉ် ခုနစ်စီးပါဝင်စုဖွဲ့ကာ တောဆင်အုပ် အခြေပြုရာနေရာ တစ်ဝိုက်တွင် အနီးကပ်စောင့်ကြည့်ထိန်းကျောင်းလျက်ရှိသည်။

တောဆင်ရိုင်းအုပ်အား မူလ ကျက်စားရာနယ်မြေဖြစ်သည့် နတ် မောက်မြို့သစ်နယ်မြေ ပဲခူးရိုးမ အတွင်းသို့ ပြန်လည်ပို့ဆောင်ရာတွင် ဒေသခံပြည်သူများ၏ အသက် အိုးအိမ်မထိခိုက်စေဘဲ ဆင်ထိန်း သိမ်းရေးကျွမ်းကျင်သူများ၏ ကြီးကြပ် မှုဖြင့် ကွန်ဂျီဆင်များကို အသုံးပြု၍ ပြန်လည်ထိန်းကျောင်း ပို့ဆောင်သွား ရေး သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

တောဆင်ရိုင်းအုပ်အား မူရင်း ဒေသ ပဲခူးရိုးမသို့ ပြန်လည်ရောက်ရှိ ရေးဆောင်ရွက်ရာတွင် ပြည်သူလူထု ၏အသက်အိုးအိမ်စည်းစိမ် အန္တရာယ် မကျရောက်စေရေးအတွက် အတွေ့ အကြုံရှိသည့် ဝါရင့်ဆင်ထိန်းသိမ်းရေး ကျွမ်းကျင်သူအဖွဲ့နှင့် ပိတ်ဆို့ရေးအဖွဲ့ များက အထူးဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသခံပြည်သူလူထု အနေဖြင့် တောဆင်ရိုင်းများအား ဝိုင်းဝန်းကြည့်ရှုခြင်း၊ ခြောက်လှန့်ခြင်း များ၊ ဓာတ်ပုံရိုက်ခြင်းမပြုလုပ်ကြရန် နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ ဆင်အန္တရာယ် ကင်းရှင်းရေးမေတ္တာ ရပ်ခံနှိုးဆော်ချက်များအပေါ် ပါဝင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ထိန်း သိမ်းပို့ဆောင်ရေး လုပ်ငန်းစဉ်ဆောင် ရွက်မှုများကို ပိုမိုချောမွေ့မြန်ဆန်စေ မည်ဖြစ်ပါကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment