ဒေါ်အောင်ဆန်းစုကြည် (Credit: AFP) |
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် တစ်ခေါက်တုန်းက ရွေးကောက်ခံရတဲ့ ကော့မှုးမြို့နယ်မှာပဲ ဝင်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော် အမတ်ဖြစ်ခွင့် ရှိပေမယ့် လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်ခွင့်တော့ မရှိပါဘူး။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ် ဖြစ်ကြောင်း တရားဝင် သိရပေမယ့် NLD ပါတီ အမတ်လောင်းတွေရဲ့ နာမည် အပြည့်အစုံကိုတော့ မသိရသေးပါဘူး။
ဒီအချိန်က အမတ်လောင်း စာရင်း တင်သွင်းချိန်ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုတဲ့အခါမှသာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ရန်ကုန်တိုင်းမှာ ဝင်ပြိုင်မယ့် အမတ်လောင်း စာရင်းတွေကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲလို ကြံ့ခိုင်ရေး ပါတီအနေနဲ့ အများအပြား အနိုင်ရလိမ့်မယ်လို့ မျှော်လင့်မထားဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိန်းက ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွင်း အားပြိုင်မှုတွေ ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ပြီးနောက် အခုလို အပြတ်အသတ် အနိုင်ရဖို့ မျှော်လင့်မထားဘူးလို့ ပြောဆိုလာတာပါ။
သမ္မတ ဦးသိန်းစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လွှတ်တော်ဥက္က သူရဦးရွှေမန်းတို့အကြား အားပြိုင်မှုတွေ ရှိတယ်လို့လည်း သုံးသပ်နေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment