လူပျင်းဘဝကိုမကြိုက်လို့ အလုပ်တွေကိုလောဘတကြီးလုပ်နေတဲ့ မိုးဟေကို


မိုးဟေကိုက အပြင်အလုပ်တွေကိုလည်း လုပ်ချင်တဲ့အတွက် ကားရိုက်တွေကိုတော့ လျှော့ရိုက်ဖြစ်နေကြောင်း၊ သူ့အနေနဲ့ အတတ်နိုင်ဆုံးတော့ နှစ်ဖက်မျှတအောင် လုပ်ဖြစ်နေကြောင်း ပြောပါတယ်။
”မိုးကအခုနောက်ပိုင်း ကားရိုက်တွေကိုလျှော့တယ်။ စီးပွားရေးဘက်ကို ဦးစားပေးဖြစ် နေတယ်။ ထုတ်လုပ်ရေးနဲ့ ဇာဆိုင်ကလည်း လုပ်နေတယ်။ မိဘနှစ်ပါးကိုလည်း ပိုပြီးတော့ အချိန်ပေးဖြစ်နေတယ်။ ပြီးတော့ မိုးရဲ့ ပရိသတ်တွေကိုလည်း အချိန်ပေးတယ်။ မိုးကိုယ်တိုင်လည်း ကိုယ့်ဘာသာကိုယ် အချိန်ပေးဖြစ် တယ်။ အဲဒီလေးခု စလုံး ကို အချိန်ပေးနိုင်အောင် မိုးအတတ်နိုင်ဆုံး မျှမျှတတဖြစ်အောင် လုပ်ဖြစ်နေတယ်”လို့ မိုးဟေကိုကပြောပါတယ်။
မိုးဟေကိုရဲ့ ထုတ်လုပ်ရေးကနေ ‘ခိုး၊ ဆိုး၊ လု၊ နှိုက်’ ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ်၊ ထွန်းထွန်း၊ နေဒွေး၊ ခင်လှိုင်၊ သင်ဇာဝင့်ကျော်တို့နဲ့ ရိုက်ဖြစ်နေပြီး သိပ်မကြာ ခင်မှာပဲ မြန်မာပြည်အနှံ့ သွားရောက်ရိုက်ကူးမှာဖြစ်ပြီး မိုးဟေကိုထုတ်မယ့်’ ကျွန်မချစ်သော’စာအုပ်ကိုခရီးသွားအမှတ်တရ ဗီဒီယိုမှတ်တမ်းနဲ့အတူဖြန့် ချိတော့ မှာ လည်းဖြစ်ပါတယ်။  ”မိုးသွားခဲ့တဲ့ခရီးစဉ်လေးတွေကို ဗီဒီယိုဖိုင်လေးရိုက်ထားပါတယ်။  မထွက်ခင်မှာ အချိန် ယူပြီး ပြင်ဆင်နေတာကလည်း အမှားနည်းအောင် လို့ပါ။ ပရိ သတ်တွေကို ရသပြည့်ပြည့်စုံစုံပေးချင်လို့ပါ။အဲဒါကြောင့်အခုလိုအချိန်ယူပြီး ပြင်ဆင်နေရတာပါ”လို့ ပြောပါတယ်။ မိုးဟေကိုကရုပ်ရှင်ဇာတ် ကားတွေလည်း ဆက် တိုက်ရိုက်ဖြစ်နေပြီး စီးပွားရေးလုပ်နေပေမယ့်လည်း ကားရိုက်တွေကိုအဆက်ပြတ်သွားဖို့မရှိကြောင်း ပြောလာ တဲ့ မိုးဟေကိုက..
”ဒီအလုပ်ကိုလည်းဝါသနာပါတယ်။ အခု အပြင်အလုပ်တွေ လုပ်နေတယ်ဆိုတာကလည်း ပရိသတ်နဲ့ ဆက်နွှယ်ပြီး ပတ်သက်တဲ့အလုပ်ပဲ မိုးလုပ်ဖြစ်တာပါ။ မိုး အ လုပ်ဘက်မှာ လောဘကြီးနေတယ်လို့တော့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ ဒီလိုမျိုးလည်းလုပ်ထားမှပဲလေ။ မဟုတ်ရင် ကိုယ်ကလူပျင်းကြီးဘဝနဲ့နေရတာ မကြိုက်ဘူး။ အဲဒါကြောင့် အလုပ်လည်းလုပ်မယ်၊ မိဘကိုလည်းအချိန်ပေးမယ်။ ပရိသတ်အတွက် ကားလေးတွေလည်းရိုက်မယ်။ အခုအချိန်ထိ အားပေးနေတဲ့ ပရိသတ်ကြီးကိုလည်း တအားကို ကျေးဇူးတင် မိပါတယ်”လို့ ပြောပါတယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ- အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment