VMAs ဆုပေးပွဲမှာ အတူတွဲဖျော်ဖြေပြီး ရန်စတွေကို အဆုံးသတ်လိုက်တဲ့ Nicki Minaj နဲ့ Taylor Swift





Nicki Minaj ရဲ့ Taylor Swift တို့ နှစ်ယောက်ဟာ နှစ်ဦးကြား နားလည်မှု လွဲမှားနေတာကို MTV VMAs ဆုပေးပွဲမှာ အတူဖျော်ဖြေပြီး အဆုံးသတ်လိုက်ပါတယ်။
Nickin Minaj ရဲ့ ‘The Night is Still Young’ သီချင်းကို အတူတွဲဆိုဖို့ အတွက် Taylor Swift တစ်ယောက် စင်ပေါ်တက်လာချိန်မှာ ပွဲကြည့်ပရိတ်သတ်တွေ အံ့အားသင့်ခဲ့ကြပြီး သူတို့ နှစ်ဦးဟာ Swift ရဲ့ ‘Bad Blood’ သီချင်းတစ်ပိုဒ်ကိုလည်း အတူတွဲဆိုခဲ့ကြပါတယ်။
VMA ဆန်ကာတင်စာရင်း ထွက်ရှိပြီးနောက်မှာ ပေါ့ပ်ကြယ်ပွင့်နှစ်ဦးကြားက ရန်စမီးစတောက်လောင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဆန်ကာတင် စာရင်းမှာ Taylor Swift ဟာ ‘တစ်နှစ်တာ အကောင်းဆုံးဂီတဗီဒီယို’ ဆု အတွက် ဆန်ကာတင်ပါဝင်ခဲ့ပြီး Minaj က ပါဝင်ခြင်း မရှိခဲ့ပါဘူး။
“ စံချိန်တွေ ချိုးနိုင်တဲ့ ဂီတဗီဒီယိုတစ်ခုကို တခြားမိန်းကလေးတွေ ထုတ်လိုက်တဲ့အခါမှာ ဆန်ကာတင်စာရင်းထဲ ပါသွားကြတယ်။ ရှင်တို့ ရဲ့ဗီဒီယိုမှာ ခန္ဓာကိုယ်သွယ်သွယ်လျလျနဲ့ မိန်းကလေးတွေ ပါလို့ ရှိရင် တစ်နှစ်တာ အကောင်းဆုံး ဗီဒီယိုဆုအတွက် သေချာပေါက် လျာထားခံရလိမ့်မယ်” လို့ Minaj က သူမရဲ့ twitter မှာ စတင်ရေးသားခဲ့ပါတယ်။ အဆိုပါ tweet ကို Taylor Swift က ပြန်လည် တုံ့ ပြန်ခဲ့ပြီးနောက် နှစ်ဦးကြား ကတောက်ကဆလေးတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ Minaj က သူမရဲ့မှတ်ချက်စကားဟာ Swift ကို တိုက်ရိုက်ရည်ရွယ်တာ မဟုတ်ကြောင်းနဲ့ Swift ကိုလည်း သူမခင်မင်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။" တကယ်လို့ ကျွန်မ ဆုရရင်၊ ကျွန်မနဲ့ အတူ စင်ပေါ်တက်လာပေးပါ။ ကျွန်မဖျော်ဖြေမယ့် စတိတ်စင်တိုင်းမှာ ရှင့်ကိုဖိတ်ပါတယ်” လို့ Swift က Minaj ရဲ့ tweet ကို နားလည်မှုလွဲမှားခဲ့မှုအပေါ် ပြန်လည်တောင်းပန်ခဲ့ပါတယ်။
Ref: foxnews 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment