Essex ကောင်တီ၊ Harlow မြို့ က Nicole Barr ဆိုတဲ့ မိန်းကလေးဟာ IQ စစ်ဆေးမှု မှာ ရမှတ် ၁၆၂ မှတ်ရရှိပြီး ကမ္ဘာ့ဥာဏ်ရည်အမြင့်ဆုံးပုဂ္ဂိုလ် ၁ ရာခိုင်နှုန်းမှာ တစ်ဦး အပါအ၀င်ဖြစ်လာပါတယ်။
Nicole Barr ဟာ Mensa IQ စစ်ဆေးမှုမှာ ၁၆၂ မှတ်ရရှိပြီး ထိပ်တန်းဥာဏ်ကြီးရှင်တွေ ဖြစ်တဲ့ Albert Einstein နဲ့ Stephen Hawking တို့ ထက် ၂ မှတ် ပိုများနေတာ ဖြစ်ပါတယ်။ သူမရဲ့အမေဖြစ်သူ အသက် ၃၄ နှစ်အရွယ် Dolly Buckland က သမီးဖြစ်သူအတွက် အလွန့် အလွန် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။
“ သမီးလေးက တော်တော်လေးကြိုးစားတဲ့ ကလေးပါ။ ကျောင်းချိန်ပြီးရင်တောင် အိမ်စာလုပ်ရမယ့်အတန်းကို ဆက်တက်ပြီး တစ်ရက်မှ မပြတ်ဖူးသေးပါဘူး။”“ အသက်ငယ်ငယ်လေးကတည်းက စာအုပ်တွေ မဂ္ဂဇင်းတွေမှာတွေ့ တဲ့ အမှားတွေကို အမြဲထောက်ပြတတ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး အိမ်စာ အပိုအမြဲတောင်းတတ်တဲ့ ကောင်မလေးပါ” လို့ ပြောကြားခဲ့ပါတယ်။ “ သမီးက ကျောင်းပြီးရင် ကောလိပ်ဆက်တက်ပြီး ကလေးအထူးကုဆရာဝန်လုပ်ဖို့ ဆုံးဖြတ်ချက်ထားတယ်” လို့ မိခင်ဖြစ်သူက ဆက်လက် ပြောပြခဲ့ပါတယ်။
အရွယ်ရောက်ပြီးသား လူတွေရဲ့ ပျှမ်းမျှ IQ အမှတ်က ၁၀၀ ဖြစ်ပြီး၊ ၁၄၀ အထက် ရရှိတဲ့ လူတွေကို ဥာဏ်ကြီးရှင်အဖြစ် သတ်မှတ်လေ့ရှိပါတယ်။
Ref: Mirror
Source:trend.com.mm
0 comments:
Post a Comment