Miss ပြိုင်ပွဲတွေတစ်ချို့မှာ ခြိမ်းခြောက်ခံရတာမျိုးတောင် ကြုံခဲ့ရဖူးတယ်လို့ ဖွင့်ဟလာတဲ့ နန်းစန္ဒာလှထွန်း


Miss ပြိုင်ပွဲတွေတော်တော်များများမှာ ၀င်ရောက်ယှဉ်ပြိုင်တာ အမြဲတွေ့ရတဲ့ နန်းစန္ဒာလှထွန်းက ပြိုင်ပွဲတိုင်းလိုလို Winner ဆု ရမယ်ဆိုပြီး နာမည်ကြီးလေ့ရှိပေမယ့် ဆုနဲ့လွဲချော်ခဲ့ရတာတွေချည်းပါပဲ။ ခုလည်း Miss World မှာ လည်း သူမဟာ Second Runner Up သာရရှိခဲ့တာမို့ သူမနဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာကတော့
-လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
မဂ္ဂဇင်းတွေရိုက်ဖြစ်တယ်။ သီချင်း အမ်တီဗီတွေရိုက်ဖြစ်တယ်။ ဂျာနယ်အတွက် ကာဗာတွေ ရိုက်ပေးဖြစ်တယ်။ ရွှေလီမှာ အမ်တီဗီသွားရိုက်ဖို့လဲရှိပါတယ်။
-Organization နဲ့ရော ဘယ်လိုမျိုးညှိထားလဲ။
ညီမက Winner မဟုတ်တော့ အရမ်းကြီး စာချုပ်တွေဘာတွေတော့ မရှိဘူး။ ဒါပေမဲ့ Activities ပိုင်းတွေနဲ့ပတ်သက်ရင်တော့ သူတို့ကို ဦးစားပေးရမယ်။ ကျန်တာကတော့ ညီမအရင်ကတည်းကပုံမှန်လှုပ်ရှားမှုတွေအတိုင်းပါပဲ။
-Miss World မှာရော ဘာကြောင့်ဝင်ပြိုင်ဖြစ်ခဲ့တာလဲ။
ပြိုင်ပွဲကိုဝင်ပြိုင်ဖြစ်ခဲ့တာက ညီမကို တချို့မေ့နေကြတဲ့ သူတွေရှိမယ်။ မီဒီယာတွေရှိမယ်။ ပရိသတ်တွေရှိမယ်။ ညီမကိုမေ့နေကြတဲ့ မီဒီယာတွေလဲ မှတ်မိသွားအောင်၊ ညီမကိုမသိသေးတဲ့ ပရိသတ်တွေလဲ သိသွားအောင် ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ခဲ့တာပါ။
-ပြိုင်ပွဲတွေတော်တော်များများမှာလဲ ပြိုင်ခဲ့ဖူးတော့ Miss World ပြိုင်ပွဲကရော ညီမကို ဘယ်လိုမျိုးအတွေ့အကြုံတွေရစေလဲ။
ညီမတို့ Activities ပိုင်းနဲ့ပတ်သက်ပြီးရိုက်ကူးရေးတွေအများကြီးလုပ်ရတယ်။ ပရဟိတလုပ်ငန်းတွေလဲအများကြီးလုပ်ရတယ်။ ညီမတို့ဖူးခတ်ကိုသွားပြီးတော့လဲ မိဘမဲ့ကလေးတွေနဲ့ပတ်သက်တာတွေကိုလဲ သူများနိုင်ငံမှာလေ့လာခွင့် ရခဲ့တယ်။ ရှုခင်းအလှအပတွေလဲ အများကြီးလေ့လာခွင့်ရခဲ့တယ်။
-စပြိုင်ကတည်းက ဆုရကို ရရမယ်ဆိုတဲ့စိတ်နဲ့ဝင်ပြိုင်ဖြစ်ခဲ့တာလား။
ဘယ်သူမဆို ပြိုင်ပွဲပြိုင်ပြီဆိုရင် ဆုတစ်ခုခုကိုတော့ရအောင် ယူရမယ်ဆိုတဲ့ စိတ်နဲ့ဝင်ပြိုင်ခဲ့တာပါ။
-ဒီပြိုင်ပွဲမပြိုင်ခင်ကရော အနုပညာနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖူးလဲ။
ပြိုင်ပွဲတွေကတစ်ဆင့် ဒီလောထဲကိုရောက်လာခဲ့တာပါ။ Model Agency ကမဟုတ်ပါဘူး။ ညီမပြိုင်ပွဲတွေ အများကြီးပြိုင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အမြဲတမ်း Winner နဲ့လွဲတယ်။ နောက်ညီမ အနုပညာပျိုးခင်းကို ၀င်ပြိုင်တယ်။ ညီမနောက်ဆုံး ၁၃ ယောက်ထိ ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၃ယောက်ထိ မပါခဲ့ဘူး။ နောက်ညီမ အကယ်ဒမီ ရွှေကြိုမှာ ပါပါတယ်။ ကြော်ငြာလေးတွေလဲ ရိုက်ထားတာရှိတယ်။ ရွှေနန်းတော်ကြော်ငြာမှာလဲပါတယ်။ ပြီးတော့ Calender တွေ ရိုက်ထားတာလဲရှိတယ်။ ကားကြော်ငြာ၊ အချိုရည်ကြော်ငြာလေးတွေလဲ ရိုက်ထားပါတယ်။ ဒီလောကထဲမှာ ဖြတ်သန်းနေတာ ၂နှစ်ခွဲလောက်တော့ရှိပါပြီ။
-ပြိုင်ပွဲတွေထပ်ပြိုင်ဖို့ရော အစီအစဉ်ရှိဦးမလား။
မရှိတော့ပါဘူး။ မရှိတော့ဘူး ဆိုတာကလဲ အင်တာနေရှင်နယ် ပွဲတော်တော်များများက သူတို့က အရပ်နဲ့ကြည့်တာများတယ်လေ။ ညီမပုံစံက သူတို့ စံထားတဲ့ပုံစံနဲ့သိပ်မညီလို့ပါ။
-Model အနေနဲ့ပဲ ရပ်တည်မှာလား။ သရုပ်ဆောင်ဖက်ကိုရော ကူးဖို့အစီအစဉ်ရှိမလား။
ညီမက Miss တစ်ခုတည်းမဟုတ်ဘူး။ မော်လ်ဒယ်သင်တန်းဆင်းလဲ မဟုတ်တဲ့အတွက် ပြိုင်ပွဲတွေကနေပဲဒီလောကထဲကိုရောက်လာခဲ့တယ်။ ပြိုင်ပွဲပြိုင်နေရရင်ကိုပျော်နေတာ။ အဲ့ဒီတော့ မော်လ်ဒယ်တစ်ခုတည်းမဟုတ်ဘူး။ Commerical Model ၊ Photo Model အပြင် သရုပ်ဆောင်လိုင်းကိုပါညီမကူးမှာပါ။
-ပရဟိတနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးလေး ပါဝင်လုပ်ဆောင်ဖြစ်လဲ။
ညီမပရဟိတနဲ့ပတ်သက်ပြီး အဖွဲ့ဝင်ထားတာရှိတယ်။ ညီမ ၂၂ ၊ ၂၃ တုန်းကကန့်ဘလူဖက်ကိုသွားပြီး ရေဘေးအတွက်ငွေအား၊ လူအားနဲ့သွားလှူခဲ့တယ်။ ပစ္စည်းအားနဲ့ပေါ့။ ကိုယ်တိုင်သွားလှူခဲ့တယ်။ ငွေသား ၁၅သိန်း၊ အ၀တ်ထုပ်၅ထုပ်၊ ခေါက်ဆွဲ ၅ဖာနဲ့ အခြားပစ္စည်းတွေပေါ့။ ညီမတို့လူငယ် ၃ ယောက်ပဲ ကန့်ဘလူထိ သွားရောက်လှူဒါန်းခဲ့ပါတယ်။ အခုအလှူငွေကတော့ ဆက်ပြီးကောက်ခံနေတုန်းပဲ။ အခုက ဖြစ်ချင်တော့ ရေတွေအရမ်းကြီးနေတဲ့အတွက် အဲ့ဒီရွာထဲတွေအထိ သွားလို့မရတော့ဘူး။ ကိုယ့်ဖက်ကနေ တတ်နိုင်သလောက် အလှူငွေထပ်ကောက်ထားတယ်။ အလှူရှင်တွေလဲ များလာပြီဆိုရင်တော့ သွားလှူဦးမှာပါ။
-ပြိုင်ပွဲတွေ ၀င်ပြိုင်တဲ့အခါ တိုက်ခိုက်ခံရတာ၊ နှိမ်ခံရတာတွေရောရှိခဲ့ဖူးလား။
Miss World မှာဆို ဖြစ်ချင်တော့ စီနီယာတွေ သိပ်မပါဘူး။ လူသိတာဆိုလို့ လေးယောက်၊ ငါးယောက်လောက်ပဲပါတယ်။ အဲ့ဒီတော့ Fan တွေက ဒီလူတွေပဲသိတော့ ဒီလူတွေပဲ hot နေရော ကိုယ်တွေပဲ နာမည်ကြီးထမင်းငတ်ပေါ့။ ကိုယ်တွေက လူမုန်းခံရတာများသလို လူချစ်ခံရတာတွေလဲ ရှိတယ်။ ပြီးတော့ အရင်ပွဲတွေတုန်းကဆို ခြိမ်းခြောက်ခံရတာတွေတောင် ရှိပါတယ်။ အဲ့ဒီလိုချိန်ဆို ကိုယ်က နယ်ကနေ လာပြီးကြိုးစားနေရတာဆိုတော့ တစ်ယောက်တည်းကို ခြေမကိုင်မိ၊ လက်မကိုင်မိ၊ တခါတလေ ညသန်းခေါင် ၃နာရီလောက်ထပြီးလျှောက်စဉ်းစား ငိုတယ်။ စိတ်ဓာတ်တွေလဲ ကျတယ်။ ငါများ တစ်ခုမှမရခဲ့ရင်ဆိုတဲ့စိတ်နဲ့ အရမ်းကြောက်တယ်။ အဲ့ဒီတော့ အဲ့ဒီလိုချိန်ဆို အမေ့ကို ပြေးဖက်ပြီး အမေ့ရင်ခွင့်ထဲမှာ ငိုလိုက်ချင်တယ်။ ဒါပေမဲ့ကိုယ်က တစ်ယောက်တည်းဖြစ်နေတယ်။ ကိုယ်ကြိုးစားနေတာ ကိုယ့်မိသားစု အတွက်ဆိုတဲ့စိတ်နဲ့ ဒီမှာတစ်ယောက်တည်းရှိနေတာကလဲ ကိုယ့်အတွက်အင်အားတွေပြန်ဖြစ်စေပါတယ်။
-ရေဘေးသင့်တွေနဲ့ပတ်သက်ပြီး စိတ်ခံစားချက်က ဘယ်လိုရှိလဲ။
အဲ့ဒါကလေ နေ့တိုင်းပဲ တကယ် စိတ်မကောင်းဘူး။ အခုဆို ကလေးမှာ အိမ်တွေပြိုကျတာမြင်ရတာ အရမ်းစိတ်မကောင်းဘူး။ ကိုယ်ကလဲ ဒီကနေဘာမှလုပ်မပေးနိုင်ဘူး။ လုပ်ပေးနိုင်လို့ သွားလှူရင်တောင် လှူတာနဲ့ပဲပြီးသွားမှာ သူတို့အိမ်တွေပြိုတာတို့လမ်းတွေပြိုတာတို့ကို ကိုယ်က ဘာမှမလုပ်ပေးနိုင်ဘူး။ အဲ့ဒီတော့ စိတ်မကောင်းစွာနဲ့ပဲကိုယ်က ထိုင်ကြည့်နေရတယ်။
-အချစ်ရေးကရောဘယ်လိုရှိလဲ။
အချစ်ရေးကရှိတော့ရှိတယ်။ ဒါပေမဲ့ ပရိသတ်တွေကိုတော့ ဘယ်သူလဲဆိုတာ မပြောသေးပါဘူး။ အခြေအနေတစ်ခုရောက်သွားပြီဆိုရင် တော့ ပရိသတ်ကို ထုတ်ပြောမှာပါ။ ညီမချစ်သူက အပြင်လောကကပါ။ ဒါပေမဲ့ ဒီလောကနဲ့လဲ အဆက်အစပ်ရှိပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment