၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိကြောင်း Kanye West ပြောကြား


တနင်္ဂနွေနေ့ ကပြုလုပ်ခဲ့တဲ့ VMAs ဆုပေးပွဲမှာ Kanye West ဟာ Video Vanguard Award ကို ရရှိခဲ့ပြီးနောက်မှာ ရှည်လျားထွေပြားတဲ့ ကျေးဇူးတင်စကားကို ပြောကြားခဲ့ပါတယ်။ အနုပညာရှင်တွေ၊ ၈၀-၉၀ ခုနှစ်ဖွားတွေနဲ့ တခြားထွေရာလေးပါးအကြောင်းအရာတွေကို ပြောကြားပြီးနောက်မှာ Kanye West ဟာ ၂၀၂၀ ခုနှစ်မှာ သမ္မတနေရာအတွက် ၀င်ရောက်အရွေးခံဖို့ ဆုံးဖြတ်ပြီးဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။
“ ၂၀၂၀ မှာ သမ္မတရာထူးအတွက် ၀င်ပြိုင်ဖို့ ကျွန်တော် ဆုံးဖြတ်ပြီးပြီ” လို့ Kanye က ပြောကြားခဲ့တာပါ။ Kanye က ဆုပေးပွဲ အစီအစဉ်တွေမှာ လူတွေကို အနှောင့်အယှက်ပေး သလိုဖြစ်နေတဲ့ သူ့ ရဲ့အမူအကျင့်တွေ အတွက် တောင်းပန်သလို သဘောရတဲ့စကားမျိုးကို ထည့်ပြောခဲ့ပြီး ၂၀၀၉ခုနှစ် VMAs ဆုပေးပွဲမှာ Taylor Swift ကို ပထမဆုံးစတွေ့ ဖူးတဲ့အချိန်ကို အမှတ်ရနေသေးကြောင်း ၀န်ခံခဲ့ပါတယ်။
၂၀၀၉ ခုနှစ် VMAs ဆုပေးပွဲမှာ Kanye ဟာ ဆုလက်ခံရရှိကြောင်း စကားပြောနေတဲ့ Taylor Swift ရဲ့ လက်ထဲက မိုက်ကိုလုပြီး အဆိုပါဆုကို Beyonce သာ ရသင့်ကြောင်း စင်ပေါ်တက်ပြောခဲ့ဖူးပါတယ်။၂၀၁၅ Video Vanguard Award ဆုကို Taylor Swift က ချီးမြှင့်ပေးခဲ့ပြီးနောက် Kanye West က ဒီ ဆုပေးပွဲအစီအစဉ်တွေကို အခုထိ သူနားမလည်မိကြောင်းနဲ့ သူယုံကြည်မြတ်နိုးတဲ့အနုပညာအတွက် သူ အသက်စွန့် မှာဖြစ်ပြီး အနုပညာဆိုတာ အမြဲတမ်း သိမ်မွေ့ နူးညံ့မှုရှိမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Ref: cosmopolitan
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment