Windows 10 ကို အခမဲ့ဒေါင်းလုဒ် ပြုလုပ်နိုင်ပြီ


ကိုးလကြာ စမ်းသပ်ထုတ်လွှင့်မှု အပြီးမှာတော့ နောက်ဆုံးဗားရှင်း Windows 10 တရားဝင် ဒေါင်းလုဒ် ရယူနိုင်ပြီ ဖြစ်ပါတယ်။ Windows 7 ဒါမှမဟုတ် Windows 8.1 ကို လက်ရှိသွင်းထားတဲ့ ကွန်ပြူတာတွေဟာ Windows 10 ကို အခမဲ့ဒေါင်းလုဒ်ရယူနိုင်မှာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးက Windows အသုံးပြုတွေအကုန် ချက်ချင်းရယူနိုင်မှာ မဟုတ်သေး ပေမယ့် Microsoft ဟာ စက်ပေါင်း သန်းကျော်မှာ ရရှိသွားဖို့ လုပ်ဆောင်နေပါတယ်။ Windows 10 အသုံးပြုချင်တယ်ဆိုရင် Upgrade အတွက် မှတ်ပုံတင်ထားဖို့ လိုပြီး install လုပ်ဖို့ အသင့်ဖြစ်ပြီဆိုတာနဲ့ Microsoft က သင့်ကို အသိပေးမှာဖြစ်ပါတယ်။ 
သင်ဟာ ဒီနေ့ Windows 10 ကို upgrade ပြုလုပ်မယ်ဆိုရင် ဒီဇိုင်းမတူ ထူးခြားတဲ့ Start menu အသစ်ကို ရရှိမှာဖြစ်ပြီး Xbox One game streaming ပါတဲ့ Xbox app ကိုပါ တစ်ခါတည်းရရှိမှာပါ။ Windows 10 ဟာ အသုံးပြုသူရှုပ်ထွေးမှုမရှိအောင် ပြုလုပ်ထားပြီး built-in application အမြောက်အများပါဝင်တယ်လို့ သိရပါတယ်။ 
Ref: yahoo.com
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment