မျက်မမြင်များအတွက် မိမိချစ်သူရဲ့ အပြုံးမြင်တွေ့ခွင့်မရကြတာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ ဒါကို အများစုက စကားနဲ့ပဲ ဖော်ပြပြောဆိုနေကြပါတယ်။
သို့ပေမယ့် ဖုန်း app အသစ်တစ်ခုမှ မျက်မမြင်များကို အနည်းဆုံး တခြားသူများဆီမှ ပြုံးပြတာ ခံစားသိရှိစေနိုင်မှာဖြစ်ပါတယ်။ အဆိုပါ app ဖြစ်တဲ့ Listerine Smile Detector app အနေနဲ့ တစ်စုံတစ်ဦးရဲ့ အပြုံးကို သတိပြုမိဖို့ ဖုန်းကင်မရာကို အသုံးပြုထားပါတယ်။ နောက်ပြီး သုံးစွဲသူကို အသိပေးဖို့ အသံများနဲ့ တုန်ခါမှုတွေကို အသုံးပြုထားပါတယ်။
ရုပ်ရှင်ဒါရိုက်တာ Lucy Walker ကတော့ မျက်မမြင်သူများကို မျက်စိနဲ့မဟုတ်ပဲ ပြုံးပြခံရတာ သူတို့ ဘယ်လိုခံစားရလဲ မေးကြည့်ဖို့ စိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုပါတယ်။
ပြုံးတယ်ဆိုတာ မွေးကတည်းက မျက်မမြင်သူများ အသုံးပြုတဲ့ ကမ္ဘာတဝှမ်းလူသားများမှ ခံစားချက်ကို ဖော်ပြတဲ့အရာတစ်ခုဖြစ်ပါတယ်။ မျက်နှာကို မမြင်တွေ့နိုင်ရင်တောင် သူတို့အား ပြုံးပြတဲ့ခံစားချက်ကို မျက်မမြင်သူတွေ သတိထားမိကြတယ်။ သူတို့အသံကို နားထောင်ပြီး တစ်ယောက်ပြုံးပြနေတယ်ဆိုတာ သူတို့ သဘောပေါက်နိုင်ကြတယ်။
မျက်မမြင်များနဲ့ အနည်းအကျဉ်းသာမြင်ရသူများက ဒီ Listerine Smile Detector app ကို တကယ်ပင် အသုံးတည့်ပြီး ပျော်ရွှင်မှုများစွာ ရရှိစေကြောင်း သိရှိကြတယ်။ ဒီ့အပြင် အထူးသဖြင့် အမြင်အာရုံဆုံးရှုံးသူများအတွက် ယင်း app ကို အားထုတ်ကြိုးစားခဲ့တာ တကယ်ဝမ်းသာပီတိဖြစ်ပြီး app ရဲ့ လက်တွေ့ဘဝအတွက် အလားအလာကို အသိအမှတ်ပြုကြောင်း Terry Hawkins မှ ပြောဆိုခဲ့ပါတယ်။
Ref: Metro
Source:trend.com.mm
0 comments:
Post a Comment