ဗြိတိန်အစိုးရဟာ လျှပ်စစ်ကားတွေကို မောင်းနေရင်းနဲ့ အားသွင်းပေးနိုင်မယ့်လမ်းအတွက် နည်းပညာ အသစ်တစ်ခုကို စမ်းသပ်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။ လျှပ်စစ်ကားနဲ့ ဟိုက်ဘရစ်နှစ်မျိုးစပ် ကားတွေဟာ အားပြန်သွင်းဖို့ အတွက် ခဏခဏ ရပ်နေစရာ မလိုဘဲ ဒီလမ်းမအတိုင်း အားဖြည့်ရင်း မောင်းနှင်သွားနိုင်ဖို့ အတွက် ဖြစ်ပါတယ်။
လျှပ်စစ်ကား အများစုဟာ အိမ်မှာ ဒါမှမဟုတ် လမ်းမှာ ရပ်ထားရင်းနဲ့ ပလပ်ထိုးအားသွင်းရတာ ဖြစ်ပြီး ကြိုးမဲ့အားသွင်းနိုင်တဲ့ပစ္စည်းတွေလည်း ရှိပေမယ့် ကားကတော့ ရပ်တန့် ထားဖို့ လိုအပ်ပါတယ်။အခုစမ်းသပ်မယ့် လျှပ်စစ်အားသွင်း လမ်းမတွေဟာ ကြိုးမဲ့ဖုန်း အားသွင်းစက်တွေလိုမျိုး လျှပ်စစ်သံလိုက်လှိုင်း စီးဆင်းမှုနည်းပညာနဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။
ကနဦးစမ်းသပ်မှုကို ဒီနှစ်ကုန်ပိုင်းမှာ စတင်သွားမှာဖြစ်ပြီး အင်ဂျင်နီယာတွေဟာ ကြိုးမဲ့နည်းပညာရပ် ကို စမ်းသပ်မယ့် ကားတွေမှာ ထည့်တပ်ဆင်ပေးသွားမှာဖြစ်ပြီး လမ်းတွေအောက်မှာလည်း ကြိုးမဲ့အားသွင်းနိုင်မယ့် အထူးစက်ပစ္စည်းတွေကို ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဝေးပြေးလမ်းမအောက်မှာ မြှပ်နှံထားတဲ့ ကေဘယ်ကြိုးတွေက လျှပ်စစ်သံလိုက်စက်ကွင်းကို ဖြစ်ပေါ် စေပြီး ကားပေါ်မှာ တပ်ဆင်ထားတဲ့ ဖမ်းယူစက်က အဆိုပါ လျှပ်စစ်သံလိုက်လှိုင်းကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။
ဒီစနစ်မှာ ဆက်သွယ်ရေးစနစ်တစ်ခုလည်း ပါဝင်မှာဖြစ်ပြီး ဒီလမ်းပေါ် လျှပ်စစ်ကားတစ်စီးဝင်ရောက်လာတာနဲ့ အလိုလိုသိနိုင်ကာ အားသွင်းလုပ်ငန်းကို စတင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ရိုးရိုးကားတွေ မ၀င်ရောက်နိုင်တဲ့ ဧရိယာတစ်ချို့ မှာ စတင် စမ်းသပ်မှာဖြစ်ပြီး ဗြိတိန်အစိုးရဟာ ဒီပရောဂျက်အတွက် ငါးနှစ်စီမံကိန်း ပေါင် သန်း ၅၀၀ သုံးဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
Ref: CNN
Source:trend.com.mm
0 comments:
Post a Comment