ကမ္ဘာကြီးပျက်ပါက မည်သို့ဖြစ်လာမည်ကို အမျိုးမျိုး ပုံဖော်ကြသည်။ ကမ္ဘာပျက်မည့်နေ့ကို မှန်းဆပြောဆိုမှုများ ရှိနေကြသည်။ ကမ္ဘာပျက်မည့်အကြောင်း ပြောဆိုသည့်အခါ လူအများ စိတ်ဝင်စားခဲ့ကြသည်။ ထို့ကြောင့် စိတ်ကူးယဉ် ဇာတ်လမ်း ပုံဖော် ရိုက်ကူးကြသည်။ ကမ္ဘာပျက်ပြီးနောက် ကြုံတွေ့ရမည့် အဖြစ်အပျက်များကို ရိုက်ကူးထားသည့် ရုပ်ရှင်ကားများစွာ ရှိသည်။ သို့သော် Mad Max ရုပ်ရှင်ဇာတ်ကားက လူကြိုက်များသောကား ဖြစ်ခဲ့သည်။ Mad Max ရုပ်ရှင်ဇာတ်ကားသည် မကြာသေးမီက ထွက်ရှိထားပြီး ရုံဝင်ငွေ စံချိန်တင်ခဲ့သည့် ကားလည်း ဖြစ်ခဲ့သည်။ ယင်းရုပ်ရှင်ဇာတ်ကားကို အခြေခံ၍ ပွဲတော်တစ်ခု ကျင်းပခဲ့သည်။
ယင်းပွဲတော်ကို အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားရှိ သဲကန္တာရထဲတွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ပွဲတော်ကို ရုပ်ရှင်ဇာတ်ကား ပုံစံအတိုင်း ပြုလုပ်ထားခြင်း ဖြစ်သည်။ ယခုနှစ်ပွဲတော်ကို လူ (၂၅၀၀) ကျော် တက်ရောက်လာခဲ့သည်။ တက်ရောက် လာသူများသည် Mad Max ရုပ်ရှင်ဇာတ်ကား ပုံစံအတိုင်း ပြုလုပ်ခဲ့ကြသည်။ မော်တော်ကားများ၊ ဆိုင်ကယ်များကို ပုံစံအမျိုးမျိုးဖြင့် ပုံဖော်ပြီး ထူးခြားသည့် အ၀တ်အစားများကို ၀တ်ဆင်ခဲ့သည်။ ကမ္ဘာပျက်ပြီးနောက် ဖြစ်ပေါ်လာမည့် ပုံစံကို ဖန်တီးရိုက်ကူးထားမှုကို စိတ်ဝင်တစား ရှိနေခြင်းက အံ့အားသင့်စရာ ဖြစ်သည်။ Mad Max ရုပ်ရှင်ဇာတ်ကားသည် ရုပ်ရှင်ကြည့် ပရိသတ်အပေါ် လွှမ်းမိုးနိုင်ခဲ့ကြောင်း ယခုပြပွဲက သက်သေပြသခဲ့သည်။ ယင်းပြပွဲကို (၄) ရက်တာ ပြုလုပ်သွားမည် ဖြစ်ပြီး၊ ကမ္ဘာပျက်သည့် ပုံစံအတိုင်း ပြုမူနေထိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။
Messenger News Journal
0 comments:
Post a Comment