ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆုပေးစင်မြင့်ကိစ္စ ဘောလုံးအဖွဲ့ချုပ် တောင်းပန်




ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆုချီးမြှင့်ပွဲတွင် ဆုပေးစင်မြင့် ကော်ဇော်ပေါ်၌ “ဗိုလ်ချုပ်အောင်ဆန်းဒိုင်း”ဟူသော စာသား ရေးသားထားပြီး ဆုပေးသူ၊ ဆုလက်ခံသူများ ခြေထောက်ဖြင့် တက်နင်းမိ ခဲ့ကြခြင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) က တောင်းပန်ကြောင်း ကြေညာချက် ထုတ်ခဲ့သည်။ ဆုများကို ချီးမြှင့်ကြရာ၌ “ဗိုလ်ချုပ်အောင်ဆန်းဒိုင်း”ဟူသော စာသားအပေါ် ခြေထောက်များဖြင့် တက်နင်းနေကြသည့် ဓာတ်ပုံများ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လာကာ ကွန်းမန့်များတွင် ပြင်းထန်စွာ ဝေဖန်မှုများ ပျံ့နှံ့လာခဲ့ပြီး စက်တင်ဘာလ (၂၇)ရက်နေ့ညနှင့် (၂၈) ရက်နေ့တို့တွင် ဖြစ်ပေါ်ခဲ့သည်။

““မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လေးစား တန်ဖိုးထားသည့် အနေဖြင့် ဗိုလ်ချုပ်နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြု၍ ကာလအတန်ကြာ မကျင်းပနိုင်ခဲ့သည့် ရှုံးထွက်ပြိုင်ပွဲကို ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အမည်ဖြင့် ပြန်လည် ကျင်းပခဲ့ပါကြောင်း၊ “ဗိုလ်ချုပ်အောင်ဆန်းဒိုင်း” စာသားကို စင်မြင့်ခေါင်းစဉ်နှင့် အဂါရ၀ ဖြစ်စေသည့် မသင့်တော်သော နေရာတွင်ပါ မတော်တဆ ထည့်သွင်းသုံးစွဲခဲ့မှု အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေး ကော်မတီက မိမိတို့ ပေါ့လျော့မှုကို ၀မ်းနည်း စိတ်မကောင်း ဖြစ်မိပါကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗိုလ်ချုပ်အား လေးစားမြတ်နိုး တန်ဖိုးထားကြသူ အားလုံးကို လက်အုပ် ချီမိုး၍ ဂါရ၀ပြု တောင်းပန်ပါကြောင်း”” ကြေညာချက် ထုတ်ကာ တောင်းပန်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲကို စက်တင်ဘာလ (၂၇)ရက်နေ့က ဧရာဝတီ ယူနိုက်တက် F.C နှင့် ရတနာ ပုံ F.C တို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဧရာဝတီ ယူနိုက်တက် F.C က (၂-၁)ဂိုးရလဒ်ဖြင့် ဗိုလ်စွဲခဲ့သည်။ ဗိုလ်လုပွဲသို့ တက်ရောက် ယှဉ်ပြိုင်ကြသော ပထမဆုရ ဧရာဝတီယူ နိုက်တက် F.C အား ငွေကျပ် သိန်း(၃၀၀) နှင့် ရွှေတံဆိပ်ဆုများ၊ ဒုတိယဆုရရှိသော ရတနာပုံ F.C အား ငွေ ကျပ်သိန်း (၁၅၀)နှင့် ငွေတံဆိပ်ဆုများ ချီးမြှင့်ခဲ့သည်။
messenger news journal
http://http.www.messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment