မင်္ဂလာဆောင် ပြုလုပ်ရာတွင် တက်ရောက်လာသော ဧည့်ပရိသတ်ကို တာဝန်ကျေအောင် ပြုလပ်ပေးဖို့လိုသည်။ မင်္ဂလာပွဲကို တက်ရောက် လာသူများသည် နှစ်ဖက်သတို့သား၊ သတို့သမီး၏ နောက်ခံအခြေအနေကို အကဲခတ်လေ့ ရှိသည်။ အချို့က သတို့သား၊ သတို့သမီး ၀တ်စားဆင်ယင်မှုကို စောင့်ကြည့်တတ်ကြသည်။ မင်္ဂလာပွဲ တစ်ပွဲ ပြုလုပ်သည့်အခါ ဝေဖန်မူ ချီးမွမ်းမှုတို့ကို ပူးတွဲရလေ့ရှိသည်။ စင်ကာပူနိုင်ငံက ဘလော့ဂါ အမျိုးသမီး တစ်ဦးသည် မင်္ဂလာပွဲ တစ်ပွဲတက်ရင်း ယင်းမင်္ဂလာပွဲကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက် ဝေဖန်ခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယင်းအမျိုးသမီး၏ အမည်မှာ ဘန်ဘန်ဖြစ်ပြီး စင်ကာပူတွင် ကျော်ကြားသော ဘလော့ဂါ တစ်ဦးလည်း ဖြစ်သည်။
ဘန်ဘန်သည် သူငယ်ချင်း ဖြစ်သူ၏ မင်္ဂလာပွဲကိုတက်ရင်း စိတ်ထဲ၌ မြင်တွေ့ရသည်များကို ယင်း၏ ဘလော့မှ တစ်ဆင့် တိုက်ရိုက်ရေးသား တင်ဆက်ခဲ့ခြင်း ဖြစ် သည်။ ယင်းသို့ ရေးသားရာတွင် ဘန်ဘန်သည် မင်္ဂလာပွဲ တစ်ခုလုံးကို ဝေဖန်ခဲ့သဖြင့် ဒေးလီးမေးလ် သတင်းစာက မင်္ဂလာပွဲကို တက်ရောက်လာသည့် အဆိုးရွားဆုံး ဧည့်သည်အဖြစ် ရေးသားဖော်ပြခဲ့သည်။ ဘန်ဘန်၏ ရေးသားချက်များသည် မျက်နှာပူစရာ ဖြစ်သည်။ မင်္ဂလာပွဲတစ်ခုလုံးကို အကောင်းမြင်စိတ် လုံးဝမရှိဘဲ အ၀တ်အစား၊ အကျွေးအမွေး၊ မင်္ဂလာကား စသည်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
ဘန်ဘန်က မိမိအနေဖြင့် ယနေ့သည် ခင်ပွန်းဖြစ်သူ၏ သူငယ်ချင်း မင်္ဂလာဆောင်သည့်နေ့ ဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူသည် မင်္ဂလာဆောင်ကို ကူညီပေးရန် စောစီးစွာ ထွက်သွားကြောင်း၊ မိမိရောက်ရှိသွားသည့်အခါ မင်္ဂလာဆောင်သည် စိတ်ပျက်စရာ ဖြစ်နေသည်ကို တွေ့ရကြောင်း စသည်ဖြင့် အစချီကာ ပွဲတစ်လျှောက် မြင်တွေ့သည့်အရာများကို ရေးသားခဲ့သည်။ မင်္ဂလာဆောင်တွင် အသုံးပြုသည့်ကားနှင့် သတို့သမီး ၀တ်စုံတို့ကိုလည်း ဝေဖန်ခဲ့ပြီး၊ သတို့သမီးမှာလည်း မိမိလောက် ချောမောမှု မရှိကြောင်း ရေးသားခဲ့သည်။ ယင်းရေးသားမှုကို ဝေဖန်မှုများ ပေါ်ထွက်ခဲ့သောကြောင့် ဘန်ဘန်သည် ပြန်လည် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ ယင်းနောက် ဘန်ဘန်က မိမိ၏ စကားလုံးများကို လိုက်လံခံစားနေသူများ မရှိရန် ဖျက်လိုက်ရခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။ မင်္ဂလာပွဲ အကြောင်းကို အတင်းချသည့်ပုံစံဖြင့် ရေးသားခဲ့သော ဘန်ဘန်၏ အပြုအမူကိုလည်း အားလုံးက နားမလည် ဖြစ်ခဲ့ကြောင်း သိရသည်။
The Messenger
0 comments:
Post a Comment