ဒီဂီယာ မန်ယူနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ဟု ဖာဂူဆန် သုံးသပ်



မန်ယူအသင်း နည်းပြဟောင်း ဖာဂူဆန်က စပိန်ဂိုးသမား ဒီဂီယာသည် အိုးလ်ထရက်ဖို့ဒ် အခြေစိုက် အသင်းနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်းရှိကြောင်း ဟြေကြားခဲ့သည်။ ဒီဂီယာသည် နွေရာသီ အဟြေင်းအရွှေ့ နောက်ဆုံးရက်တွင် ရီးရဲလ်သို့ ဟြေင်းရွှေ့ရန် ကြိုးစားခဲ့သော်လည်း အချိန်မီ မဆောင်ရွက် နိုင်သောကြောင့် ပျက်ပြယ်ခဲ့ရသည်။ ယင်းနောက် မန်ယူအသင်းသည် ဒီဂီယာကို ကာလရှည် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ ယခုအခါ ဒီဂီယာသည် မန်ယူအသင်း၏ ပွဲစဉ်များကို အကောင်းဆုံး ပါဝင်ကစားလျက် ရှိသည်။ ဖာဂူဆန်က ဒီဂီယာသည် မန်ယူနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သေချာပေါက် ရယူနိုင်မည်ဟု ထင်မိကြောင်း  ဟြေကြားခဲ့သည်။ ဖာဂူဆန်သည် ၎င်း၏ စာအုပ်မိတ်ဆက်ပွဲကို ကျင်းပပြုလုပ်စဉ်  မန်ယူအသင်း အကြောင်းများကို ထည့်သွင်း ဟြေဆိုခဲ့သည်။ ဖာဂူဆန်က လက်ရှိ မန်ယူအသင်း ရပ်တည်မှုသည် အလွန်ကောင်းမွန်ကြောင်း၊ ချန်ပီယံဆုရရှိရေး ဆက်လက် ကြိုးစားရမည် ဖြစ်ကြောင်း၊ အခြား ထိပ်တန်းအသင်းများ ရှုံးနိမ့်မှုကို အခွင့်ကောင်း ယူရမည်ဖြစ်ပြီး နှစ်သစ်ကူး ကာလတွင် အကောင်းဆုံး ကစားရန် လိုအပ်ကြောင်း ဆိုခဲ့သည်။ ထို့ပြင် ဖာဂူဆန်က စံချိန်တင် ဟြေင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် မာရှယ်မှာ ဟြေင်းရွှေ့ကြေးနှင့် ထိုက်တန်သည့် ခြေစွမ်းမျိုးရှိကြောင်း သုံးသပ်ခဲ့သည်။  မန်ယူနည်းပြ ဗန်ဂါးလ်သည် ၂၀၁၇ တွင် အနားယူတော့မည် ဖြစ်ရာ ၎င်း၏နေရာတွင် အစားထိုးရန်  လက်ထောက်နည်းပြ  ဂစ်သည် အသင့်တော်ဆုံး ဖြစ်ကြောင်း ဖာဂူဆန်က ပြောကြားခဲ့သည်။
Source..http://messengernewsjournal.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment