အလွမ်း သီချင်းလေးတွေနဲ့ ပရိသတ် လက်ခံလာတဲ့ အဆိုရှင် ခင်စုစုနိုင်က ဒုတိယ သီချင်းခွေလေးကို ဒီဇင်ဘာလလောက် ထွက်ပါ့မယ်လို့ ပြောပြခဲ့ပါတယ်။
“ညီမရဲ့ ဒုတိယ သီချင်းအခွေကိုတော့ ဒီဇင်ဘာလောက် ထွက်ဖို့ မှန်းထားတယ်။ ပရိသတ်တွေကလည်း ညီမကို ပြောလာကြတော့ ညီမဘက်က ဒီဇင်ဘာလလောက် နောက်ဆုံးထားပြီး လုပ်နေပါတယ်။ စုစုပေါင်း သီချင်း (၁၃) ပုဒ် လောက်ပါမယ်။ လက်ရှိတော့ သီချင်းငါးပုဒ်လောက် ပြီးသွားပါပြီ၊ နောက်ပြီး ဒီဇင်ဘာမှာ ပရိသတ်ကြီး အတွက် “ဒီဇင်ဘာအလွမ်း”ဆိုတဲ့ သီချင်းလေးကို ထည့်ထားပေးပါတယ်။ အကယ်၍ ဒီဇင်ဘာလမှာ မထွက်နိုင်ခဲ့ဘူး ဆိုရင်တော့ အခွေထဲက သီချင်းနှစ်ပုဒ်ကို ဥညူငာန ပေါ် Online တွင် ပရိသတ်အတွက် တင်ပေးသွားမှာပါ။ Audio ပဲ အရင်ထုတ်မှာပါ” လို့ ဆိုခဲ့ပါတယ်။
“ဒီဇင်ဘာအလွမ်း”ဆိုတဲ့ သီချင်းလေးကိုတော့ တေးရေး ရွှေဂျော်ဂျော်က ရေးပေးထားပြီး သူမအနေနဲ့ လက်ရှိမှာတော့ နယ်ရှိုးတွေ ဆိုဖြစ်နေတယ်လို့ သိရပါတယ်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment