ဆပ်ဟြမှုန့်နှင့်ရေ မလိုသည့် အ၀တ်လျှော်စက်




နာမည်ကျော် ကုမ္ပဏီတစ်ခု ဖြစ်သည့် အယ်လ်ဂျီသည် နည်းပညာသစ်ဖြင့် ထုတ်လုပ်ထားသော အ၀တ်လျှော်စက်ကို မိတ်ဆက်ပြသခဲ့သည်။      
      ယင်းအ၀တ်လျှော်စက်သစ်သည် ဆပ်ဟြမှုန့်နှင့် ရေမလိုဘဲ လျှော်ဖွပ်နိုင်မည် ဖြစ်သည်။ ထို့ပြင် အ၀တ်လျှော်ရန် အတွက် မည်သည့် ဓာတုပစည်းကိုမျှ အသုံးပြုရန် မလိုအပ်ဟု ဆိုထားသည်။ ဟိုတယ်များ၊ လေဆိပ်များနှင့် အိမ်များတွင် အသုံးပြုနိုင်ပြီး အခြောက်ခံ အ၀တ်လျှော်စက်မျိုး ဖြစ်သည်။ ယင်းအ၀တ်လျှော်စက် တစ်လုံး၏ တန်ဖိုးမှာ ဒေါ်လာ (၂၀၀၀) နီးပါးအထိ ရှိသည်။
      ယင်းအ၀တ်လျှော်စက်သည် ဘက်တီးရီးယားပိုးများကို ( ၉၉ ဒသမ ၉) သေစေသည်ဟု ဆိုထားသည်။ ရေခိုးရေငွေ့များဖြင့် လျှော်ဖွပ်ခြင်း ဖြစ်ပြီး သန့်ရှင်းသော အ၀တ်အထည်များဖြစ်ရန် အာမခံချက် အပြည့်ပေးထားသည်။ အ၀တ်များကို တန်းပုံစံ ချိတ်ဆွဲပြီး ရေခိုးရေငွေ့များ ထုတ်လွှင့်ကာ လှုပ်ခါစေပြီး သန့်ရှင်းစေခြင်း ဖြစ်သည်။
      အ၀တ်အထည်များကို မိနစ် ( ၃၀) ခန့် အချိန်ပေး ထည့်သွင်းပါက သန့်ရှင်းသော အ၀တ်အထည်များ ရရှိစေမည် ဖြစ်သည်။ နည်းပညာမြင့် အ၀တ်လျှော်စက်သစ်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
      အယ်လ်ဂျီ၏ အမေရိကန် ဈေးကွက်ဆိုင်ရာ တာဝန်ရှိသူ ဗန်ဒါဝါလ်က ယခုအ၀တ်လျှော်စက်သည် ဗီရိုပုံစံ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း၊ အ၀တ်များကို လျှော်ဖွပ်နိုင်ရုံ သာမက ကာလရှည် သိမ်းဆည်းထားသည့် အ၀တ်အထည်များကိုလည်း သန့်ရှင်းမှု ပြုလုပ်နိုင်ကြောင်း ဟြေကြားခဲ့သည်။ အယ်လ်ဂျီသည် လူသုံးကုန်ပစ္စည်းများကို အကောင်းဆုံး ဖန်တီးပေးနိုင်ရာ ယခုအခြောက်ခံ အ၀တ်လျှော်စက်ကိုလည်း နှစ်သက်လိမ့်မည်ဟု တာဝန်ရှိသူများက မျှော်လင့်ထားကြောင်း သိရသည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment