ဆယ်ကျော်သက် အမျိုးသမီးကို ရွယ်တူအမျိုးသမီးများက တိုက်ခိုက်



တရုတ်နိုင်ငံတွင် (၁၄) နှစ်အရွယ် သမီးငယ်ကို အခြားဆယ်ကျော်သက် အမျိုးသမီးတစ်ဦးက သုံးနာရီနီးပါးကြာ ရိုက်နှက်ခဲ့သောကြောင့် စိုးရိမ် ထိတ်လန့်ခဲ့ကြကြောင်း သိရသည်။ ယင်းဖြစ်စဉ်မှာ နန်ချောင်ဒေသရှိ တိုက်ခေါင်မိုးပေါ်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာလ(၂၅) ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ရဲတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေကြောင်း ချိုင်းနားဒေးလီး သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုတွင် ခြောက်ဦးအထိ ပါဝင်နေပြီး၊ အတိုက်ခံရသော သမီးငယ်လေး အမည်မှာ လင်ဇာအိုယန် ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုတွင် တစ်ခန်းတည်း အတန်းဖော် အသက်(၁၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ ဆယ်ကျော်သက် အရွယ် အမျိုးသမီးကို အခြား ဆယ်ကျော်သက်များက ၀ိုင်းတိုက်ခိုက်သည့် ဗီဒီယိုဖိုင်သည် တရုတ်လူမှု ကွန်ရက်များတွင် ပေါ်ထွက်လာခဲ့သည်။ ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက လင်ဇာအိုယန်ကို  (၉၉) စက္ကန့်အတွင်း ပါး (၃၂) ကြိမ် ရိုက်နှက်ခဲ့သည်။ ထို့ပြင် ကန်ကျောက်ခြင်း၊ ဆံပင်ဆွဲဆောင့်ခြင်း များကိုလည်း ပြုလုပ်ခဲ့သည်။ သို့သော် လင်ဇာအိုယန်သည် ခုခံခြင်း မရှိခဲ့ပေ။ ထို့နောက် နှာခေါင်းမှ သွေးများ ထွက်လာခဲ့ သည်။ ယင်းဖြစ်ရပ်ကို လင်ဇာအိုယန်က အိမ်သို့ ပြန်ပြောခဲ့ခြင်း မရှိသော်လည်း အိမ်နီးချင်းများ ပြသသော အွန်လိုင်း ဗီဒီယိုဖိုင်ကြောင့် မိဘများက တိုင်ချက်ဖွင့်ထားသည်။ သို့သော် လက်ရှိအချိန်ထိ ဖမ်းဆီးမှုများ မပြုလုပ်သေးကြောင်း သိရသည်။ ဆယ်ကျော်သက် အမျိုးသမီးငယ် အချင်းချင်း မည်သည့် အတွက်ကြောင့် ရန်လိုတိုက်ခိုက်နေခြင်းကို အားလုံး အံ့အားသင့်နေကြသည်။
The Messenger
http://www.messengernewsjournal.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment