ပေါက်ခေါင်းတွင် လေးနှစ်အရွယ် မိန်းကလေးကို အုတ်ခဲဖြင့် ထုသတ်မှုဖြစ်



ပေါက်ခေါင်းမြို့နယ်ရှိ ညောင်ဝန်းကျေးရွာတွင် စက်တင် ဘာ ၂၄ ရက်က ပျောက်ဆုံးခဲ့ သော လေးနှစ်အရွယ် မိန်းက လေးအလောင်းကို သုံးရက်အ ကြာ၌ ချုံနွယ်တောထဲတွင် တွေ့ ရှိခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကလေးပျောက်ဆုံးနေမှုကို ပေါက်ခေါင်းမြို့မရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်များ၊ ဒေသခံများနှင့်ကျေး ရွာတာဝန်ရှိသူများက လိုက်လံရှာ ဖွေခဲ့ရာ ညောင်ဝန်းကျေးရွာအနီး တောင်ကမ်းပါးယံချုံနွယ်တော တွင် သေဆုံးနေသည်ကို စက် တင်ဘာ ၂၇ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူကလေးငယ်ကို အသက် ၁၄ နှစ်အရွယ်ယောက်ျား လေးတစ်ဦးက အုတ်ခဲကျိုးဖြင့် ထုသတ်ခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်ဟု ပြည်ခရိုင်ရဲတပ် ဖွဲ့မှ သိရသည်။

‘‘လေးနှစ်အရွယ် ကလေးမ လေးက သူ့ကို ဆဲဆိုတာတို့၊ ဆံ ပင်မွေးဆွဲတာတို့ကို ရန်ငြိုးထား ပြီး လူကြီးတွေအလစ်မှာ သွေး ဆောင်ခေါ်ယူပြီး အုတ်ခဲကျိုးနဲ့ထု သတ်ခဲ့တာဖြစ်တယ်လို့ သိရ တယ်’’ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

လူသတ်တရားခံသည် အ သက်မပြည့်သေးသူဖြစ်၍ ပေါက် ခေါင်းမြို့မရဲစခန်းက မြို့နယ်တ ရားသူကြီးထံမှ ထိန်းသိမ်းခွင့်အာ ဏာတောင်းခံကာ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

‘‘ကလေးမလေးက ကျောင်း ဝင်းထဲမှာ မူကြိုတက်နေတာလို့ သိရတယ်။ ကလေးငယ်လေးတွေ ကို ဂရုစိုက်ကြဖို့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ အုပ်စုအုပ်ချုပ်ရေး မှူးတွေနဲ့ တွေ့ဆုံ၊ စည်းဝေးတာ တွေ လုပ်ဖြစ်ကြတယ်’’ဟု ပေါက် ခေါင်းမြို့နယ်မှ ပညာရေးဝန် ထမ်းတစ်ဦးက ပြောသည်။

7day daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment