![]() |
ကြိုးဆွဲချသေဆုံးနေတဲ့ နမူနာ ဓါတ်ပုံပါ၊ အခု ကြိုးဆွဲချသေဆုံးသူရဲ့ ပုံ မဟုတ်ပါ။ |
ဖြစ်ပွားပုံမှာ (၂၆.၉.၂၀၁၅)နေ့ (၉) နာရီခန့်အချိန်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁) ခြံစည်းရိုးအနီး လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ဒုရဲမှူး ခင်မောင်ဆွေမှ သက်သေများနှင့်အတူ သွာရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦး... (၇၀)နှစ်၊ ခြံစောင့်၊ ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာဝင်း၊ စက်မှုဇုန် (၁)လှိုင်သာယာမြို့ နယ်နေထိုင်သူ ဖြစ်ပြီး ခြံစည်းရိုး ကာရံထားသော အမြင့်ပေ ကိုးပေခန့်ရှိ သံခြံစည်းရိုးပေါ်တွင် အရှည်ခုနစ်ပေ၊ လုံးပတ်တစ်မတ်လုံးခန့်ရှိ နိုင်လွန်ကြိုးအားချည်၍ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရ၍ PR-01 ဖြင့် လှိုင်သာယာ ဆေးရုံသို့ပို့ပြီး သေမှုသေခင်း အမှတ်စဉ် (၇၅/၂၀၁၅)ဖြင့် ဒုရဲမှူး ခင်မောင်ဆွေမှ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အလားတူ (၂၆.၉.၂၀၁၅)နေ့ (၈) နာရီအချိန်ခန့်တွင် ဥက္ကံမြို့၊ တိုက်ကြီးမြို့ နယ်၌ လူတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။ သေဆုံးသူမှာ ဥက္ကံမြို့နေသူ ဖြစ်ပြီး အမြင့်(၁၂)ပေခန့်ရှိ သရက်ကိုင်းပေါ်တွင် အရှည်(၂၁)ပေခန့်ရှိ တစ်မတ်လုံးခန့် အစိမ်းရောင် ပလတ်စတစ်ကြိုးဖြင့် လည်ပင်း၌ချည်လျက် ကြိုးဆွဲချ သေဆုံးနေကြောင်း၊ သမီးရည်စားကိစ္စ အဆင်မပြေဖြစ်ရာမှ ကြိုးဆွဲချ သေဆုံးကြောင်း သိရသဖြင့် သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၁၅)ဖြင့် ဒုရဲမှူး စိုးဝင်းမှ အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း သြဂုတ်လပိုင်းအတွင်း ကြိုးဆွဲချသေဆုံးမှု (၁၇)မှုရှိခဲ့ပြီး ကျား(၁၆)၊ မတစ်ဦးဖြစ်၍ ရှစ်လအတွင်း ကြိုးဆွဲချသေဆုံးမှု (၁၀၇) မှုရှိ၍ ကျား(၉၁)ဦး၊ မ(၁၆)ဦး ဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
The Messenger Media
http://messengernewsjournal.com
0 comments:
Post a Comment