ခတ်မိုက်မိုက် ကာရိုက်တာ လေးတွေနဲ့ သရုပ်ဆောင်လောကထဲ ၀င်လာခဲ့တဲ့ သရုပ်ဆောင်၊ တေးသံရှင် ယုန်လေးက ယောက်ျားဖြစ်ကြောင်း ဘယ်လို ပြရမယ်ဆိုတာကို ဖွင့်ဟသွားပါတယ်။
“ကျွန်တော်တို့ ငယ်ငယ်ကတည်းက အချို့ အချို့သော ဆရာကြီးတွေက မင်းအရက် မသောက်ရင်၊ ဆေးလိပ် မသောက်ရင် အခြောက်လားတို့၊ ဘာတို့ ပြောကြတယ်။ အမှန်တကယ်က ယောက်ျားတစ်ယောက် ဖြစ်တယ်ဆိုတာ အဲဒါတွေနဲ့ တိုင်းရတာတော့ မဟုတ်ဘူးလို့ မြင်တယ်။ ကျွန်တော်ခံယူထားတဲ့ ယောက်ျား တစ်ယောက်ဆိုတာ တာဝန်ယူရဲတဲ့ စိတ်ရယ်၊ လက်ရုံးရည်၊ နှလုံးရည်ကသာ အဓိကလို့ မြင်တယ်။ ဒါကြောင့် ခေတ်ကလေးတွေလည်း သူများတွေပြောတိုင်း မယုံစေချင်သလို၊ လိုက်လည်း မလုပ်ပါနဲ့။ ကိုယ်တိုင်ကောင်းတယ်၊ မကောင်းဘူးဆိုတာ ဆုံးဖြတ်ပါ”လို့ ဖွင့်ဟသွားပါတယ်။
လက်ရှိမှာတော့ “စနစ်တကျ ဆိုးသွမ်းကြသူများ””ဆိုတဲ့ ခတ်ကြမ်းကြမ်း ဇာတ်ကားလေး ထွက်ထားပြီး၊ ပရိသတ်ရဲ့ အားပေးမှုကိုလည်း ရရှိထားတယ်လို့ ယုန်လေးက ပြောပါတယ်။
Source:messengernewsjournal.com
0 comments:
Post a Comment